အောက်စဖို့ဒ်က ထုတ်လိုက်တဲ့ ဗိုင်းရပ်စ် ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိတဲ့ ကာကွယ်ဆေး ကို မြန်မာငွေ ကျပ် ငါးထောင်ကျော်နဲ့ ဝယ်ယူရနိုင် ဖွယ်ရှိနေ

Posted on

အောက်စဖို့ဒ် က ထုတ်လုပ် သည့် ကိုဗစ် ၁၉ ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိ ကြောင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။

ကမ္ဘာ့နိုင်ငံအတော် များများ တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေချိန်တွင် ကာကွယ်ဆေး ရရှိဖို့အတွက် ကြိုးပမ်းနေကြပြီး အမေရိကန်ထုတ် Pfizer နဲ့ Moderna ကာကွယ်ဆေးတို့ကလည်း ဗိုင်းရပ်စ်ကို ၉၅ % လောက်ထိရောက်မှု ရှိကြောင်း ကြေညာထားတာလည်း ဖြစ်ပါတယ်။

AstraZeneca ဆေးဝါး ကုမ္ပဏီနဲ့ အောက်စဖို့ဒ် တက္ကသိုလ် တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးရဲ့ ၉၀ % ထိရောက်မှုရှိကြောင်း သတင်းဟာ ဗြိတိန်နိုင်ငံ အတွက် စိတ်လှုပ်ရှား စရာ အကောင်းဆုံး သတင်းဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ပြောကြား ခဲ့ပြီး လုံခြုံစိတ် ချဖို့ အဆင့်အနည်း ငယ် ကျန်နေပေမယ့် ရလဒ်ကောင်း တွေ ရှိမယ်လို့ ပြောထားပါတယ်။

၎င်းကာကွယ်ဆေး ကို ဗြိတိန်နဲ့ ဘရာဇီးလ် တို့မှာ လူပေါင်း ၂၀၀၀၀ ကျေ ာ်နဲ့ စမ်းသပ်ခဲ့ တာဖြစ်ပြီး ခုလို ရလဒ်ကောင်း တဲ့ အောက်စဖို့ဒ် ကာကွယ်ဆေးက တော့ တခြား ကာကွယ်ဆေးတွေထက် ဈေးသက်သက် သာသာ ရနိုင်မယ် လို့ သိရပါတယ်။ ထို့အပြင် တခြားကာကွယ်ဆေး ထက်ပို၍ သိုလှောင်ရလွယ်ကူပြီး သာမန် အပူချိန်မှာ ရေခဲသေတ္တာနဲ့တောင် သိမ်းထားနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

ဘီဘီစီ သတင်းဌာန ဖော်ပြချက် အရ အောက်စဖို့ဒ်ထုတ် AstraZeneca ဈေးဟာ စတာလင်ပေါင် ၃ ပေါင် နီးပါး ( အမေရိကန် ၅ ဒေါ်လာ ဈေးနှုန်းရှိနေပြီး မြန်မာငွေနဲ့ ဆိုရင် ၅၀၀၀ ကျော်လောက်သာ ကျသင့်မည် ဖြစ်ကြောင်းလည်း သိရပါတယ်။ ၉၅ % ထိရောက်မှုရှိကြောင်း သတင်းထွက်နေတဲ့ Pfizer ကာကွယ်ဆေး ဟာ စျေးကွက်မှာ ၁၅ ပေါင် ( ၂၀ ဒေါ်လာ) နဲ့ Moderna ဆေး က ၃၃ ဒေါ်လာ ကျော်လောက် ကျသင့် နိုင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်တွင် ဗြိတိန်အစိုးရ အနေနဲ့ အောက်စဖို့ဒ် ကာကွယ်ဆေး အရေအတွက် သန်း (၁၀၀) နီးပါး မှာယူထားပြီး ဆင်းရဲတဲ့ နိုင်ငံတွေ အတွက်လည်း ထောက်ပံ့သွား မယ်လို့ ဆိုပါတယ်။ AstraZeneca ကုမ္ပဏီ အနေနဲ့ကတော့ လာမယ့်နှစ်အတွင်း တစ်ကမ္ဘာလုံး အတွက် ကာကွယ်ဆေး ၃ ဘီလီယံခန့်ထိ ထုတ်လုပ်သွားမယ် လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ ၎င်း AstraZeneca ဆေး ကို အိန္ဒိယမှာ အများဆုံး ထုတ်လုပ်လျက်ရှိနေပါတယ်။

Credit