ပြင်းပြင်းထန်ထန် ဝေဖန် ရှုံ့ချခံ လိုက်ရ တဲ့ ဖြူဖြူထွေး ရဲ့ ကြော်ငြာ ဗီဒီယို

Posted on

အနုပညာ ကို ပညာရှင် လို မဖန်တီး နိုင်ရင် ဆက်မလုပ်ပါနဲ့။ စားဝတ်နေရေး ခက်ခဲ လို့ လုပ်မယ်ဆို လည်း သူများ ကို မထိခိုက်ပါ စေနဲ့။ ဒါကြောင့် ဒါရိုက်တာ စတီးလ်ရော ဖြူဖြူထွေး ရော ဆင်ခြင်နိုင် ဖို့ ကျွန်မဒီနေရာကနေ သတိပေးပါရစေ။

ပြင်းပြင်းထန် ထန်ရှုံ့ချပါတယ်။ ကျွန်မ Secretary တစ်ဦးပါ ဖြစ်နိုင်ရင် Share ပေးစေချင်ပါတယ်။ Secretary Career ဟာ အခုလို အနှိမ့်ချခံ career တစ်ခု မဟုတ်ကြောင်း ပိုပြီးတွင်တွင်ကျယ် ကျယ်ပြေ ာဖို့ လိုနေပါပြီ။

Secretary Career ကို ထည့်သွင်း ရိုက်ကူးပြီး professionalism ကို နားမလည် ပဲ စော်ကားပုံ ဖော်ထားတဲ့ ကြေညာ ကို ကျွန်မ လုံးဝ ရှုံ့ချပါတယ် Secretary လို့ ပြောလာ ရင် ဟိုးအရင် မြန်မာ ပေါကားများ လက်ထက်ထဲက ဒီလို misconcept တွေနဲ့ တလွဲတွေ ရိုက်လာတာ မနဲ တော့ပါဘူး။

career ကို educate လုပ်ဖို့ ကျွန်မတို့ မြန်မာနိုင်ငံ အတွင်းရေးမှူး များ အသင်း Myanmar Professional Secretary Association(MP SA) ကို ဖွဲ့စည်း ခဲ့ပြီးပါပြီ။ မိမိ လုပ်ငန်း ခွင်မှာ မသင့်တော်တဲ့ စကားလုံး အသုံးအနှုံးတွေ၊ ရိုင်းစိုင်းတဲ့အပြုအမူတွေကို ဘယ်လို secretary တယောက်မှ မလုပ်ပါဘူး၊ လုပ်လို့လဲမရပါဘူး။

နေထိုင် ပြောဆို မှု ကအစ ဆင်ခြင် သတိထား နေရတဲ့ Career ပါ။ကျွန်မ နဲ့ သိတဲ့ အဖွဲ့အစည်း အသီးသီး က Secretary ပေါင်း အယောက်(၂၀) နဲ့ မနဲ ရှိပြီးတော့ ကျွန်မတို့ MPSA မှာ ပင် member ပေါင်း အယောက် ခြောက်ဆယ် ကျော်ရှိတာ တစ်ဦး တစ်ယောက်မှ အခု လောက်ထိ ရိုင်းစိုင်း ပြီး ဗရမ်းပတာ ဖြစ်တဲ့ သူတွေ တယောက် မှ မပါပါဘူး။

Workplace harassment ပ ပျောက်ဖို့ လှုပ်ရှားကြတဲ့ ခေတ်မှာ သားပြော မယားပြော ဒိုင်ယာလော့ခ် တွေဟာ အော်ဂလီ ဆန်နေပါပြီ။ အိုကြီး အိုမနဲ့ Secretary ဖြစ်ချင် သေး တဲ့ ဆိုတာ က ပါလိုက်သေး လို့ ကျွန်မ တို့ Secretary မှာ အပျို၊ အအို၊ အသက် အရွယ် အပိုင်း အခြား မရှိ သလို အရည်အချင်း အပြည့် အဝနဲ့ လုပ်ကိုင် နေကြတဲ့ လေးစား ရတဲ့ စီနီယာ Secretary ကြီးများ ဒီ video ကိုကြည့် မိပြီး စိတ်မကောင်း ဖြစ်သွားမှာ ကို ကျွန်မ စိတ်ပူပါတယ်။

သူတို့ရိုက်ထားတဲ့ ကြေညာ ပိုစ့်ပါ တကယ့်လုပ်ငန် းခွင်မှာ အဲ့ လောက်နှာဘူး ကျတဲ့ သူတွေ မရှိပါဘူး။ တင်ပါး ကို လိုက်ကြည့်ပြီး လက်ကို စုပ်နေတာ ဟာ ဘာဖြစ်ချင်တ ာပါလဲ။ ဟိုဟာမကြီးနဲ့များ ကွာပါ့’ ဆို တဲ့ အသုံးဟာ Sexual harassment မြောက်ပါတယ်။ မည်သည့်အတွင်းရေးမှူး မှ Colleagues ကို စာရွက် ပစ်ပေးပြီးပြော အောင် မရိုင်းပါဘူး။

တချို့က အသက်က ဖြင့်ကြီး နေပြီ Secretary လုပ်ချင်ကြတုန်းတဲ့” ကျွန်မ စီနီယာတွေ တကယ့်တော်ပြီး တကယ်ကို ဂုဏ်သိက္ခာပြည့်ဝတဲ့ Secretary ကြီးတွေ အ စား ကျွန်မ ခံပြင်း ပါတယ်။

Secretary ဆို တာ အဲ့လို ပုံစံ တွေ နဲ့ ဖြစ်နေကြ တဲ့ သူတွေ မဟုတ်ပါဘူး။လုပ်ငန်းခွင်မှာ မိတ္တူစက်ကို စောင့်ကန်တာ က ဘယ်လို မျိုးရိုးက ပေါက်ဖွား လာ လို့ ဒီလောက်ရိုင်း ပေးနေရတာလဲ သိချင်ပါတယ်။ အဲ့လောက် ထိ အိန္ဒြေပျက် ဖို့မပြောနဲ့ အလျှင် လိုရင်တောင် မပြေးရ လောက်တဲ့ အထိ ကိုယ် အမူအရာကို ထိန်းသိမ်း ရသူတွေပါ ဖိနပ်ချွတ်ထား ခါးထောက် ထားပြီး လာဦး လို့ ခေါ်နေတဲ့ ပုံနဲ့ ဘယ် Secretary မှ မလုပ်ပါဘူး။ ရိုင်းလွန်း ပါတယ်။

Credit.