အောင်ဘာလေထီ ကံထူးခြင်းနဲ့ အတူ ဒီဇင်ဘာကို ကြိုဆိုလိုက် တဲ့ မယ်လိုဒီ

Posted on

သရုပ်ဆောင် မယ်လိုဒီ ကတော့ ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှု တွေနဲ့ အနုပညာ လောကမှာ အောင်မြင်မှုတွေ ရရှိလာနေသူ တစ်ယောက် ဖြစ်ပြီး သူမရဲ့ ချစ်စရာ ကောင်းတဲ့ အပြုံး ချိုချိုလေးတွေ ကြောင့်လည်း ပရိတ်သတ်ရဲ့ အချစ်တွေ ပိုပိုပြီး ရရှိနေတာလည်း ဖြစ်ပါတယ်။

အများ အပေါ်မှာ စိတ်ကောင်း စေတနာကောင်း အမြဲထားတတ်သူ ဖြစ်ပြီး အလှူအတန်းတွေ လည်း မကြာခဏ လုပ်လေ့ရှိကာ စိတ်ဆင်းရဲမှုတွေ သိပ်မရှိဘဲ ပျော်ရွှင်နေရ တာပါ။ ချစ်စရာကောင်း တဲ့ သားလေးကို ပညာတတ်ကြီး ဖြစ်အောင် ပြုစုပျိုးထောင်နေတဲ့

မယ်လိုဒီ ကတော့ ဇင်ဘာလအစမှာဘဲ အောင်ဘာလေသိန်းထီဆုတစ်ဆုပေါက်ခဲ့တာကြောင့် အတိုင်းမသိဝမ်းသာ ပျော်ရွှင်နေတဲ့ အကြောင်းလေးကို မကြာသေးခင် ကပဲသူမ ရဲ့ လူမှုကွန်ယက်စာ မျက်နှာမှာ ပရိသတ်တွေ ကို ဝမ်းသာစရာ သတင်းလေးတစ်ခု ပြောပြလာတာပဲ ဖြစ်ပါတယ်။

(၂၂)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ရာတွင် မယ်လိုဒီ က ငါးသောင်းဆု ပေါက်ခဲ့တာပဲ ဖြစ်ပြီး လအစမှာ ကံကောင်းမှုတွေရောက်ရှိလာတာကြောင့် ပရိသတ်တွေက ထပ်တူဝမ်းသာလို့ ရအောင် တစ်ဆင့် ပြန်လည်မျှဝေပေး လိုက် ရပါတယ်နော်။

Zawgyi





Source:Melody Myo’s FB acc