ကိုဗစ် ကာကွယ်ဆေး အလုံး(၇၉၀)ရောက်ရှိပြီ ဖြစ်သောကြောင့် ဒီဇင်ဘာ၃ ရက်နေ့ မှ စတင် လှူဒါန်းသွားမည့် ဂျွန်လွင်

Posted on

စတား မော်ဒယ်လ် အေဂျင်စီ ရဲ့ဆရာ ဂျွန်လွင် က ကိုဗစ် ၁၉ ကာကွယ်ဆေး အလုံး(၇၉၀) ကို ဒီဇင်ဘာ လ (၃) ရက်နေ့ တွင် လိုအပ်တဲ့ ကိုဗစ် ၁၉ ကုသရေး စင်တာ တွေ မှာ အသုံးပြု နိုင်ရန် လှူဒါန်းပေး သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ဆရာ ဂျွန်လွင်က သူ့ရဲ့ လှုမှုကွန်ယက် စာမျက်နှာ ပေါ်ကနေ ‘ ဆေး ၇၉၀ လုံး ရောက်ပါပြီ။ ပြည်သူနဲ့ အတူတူ လှူကြမယ် အဖွဲ့ မှ ကိုဗစ် ၁၉ အတွက် အထောက် အကူဆေး ကုဆေး Covifor remdesivir 100mg အလုံး ၇၉၀ ကို 3 dec 12 pm Aya Center ၊ ဝေဘာဂီ ဆေးရုံ နှင့် အခြား လိုအပ်နေတဲ့ ဆေးရုံများ ကို လှူဒါန်းသွား မှာ ဖြစ်ပါတယ် ပါဝင် လှူဒါန်းခဲ့ သော အလှူရှင် များ သာဓု ခေါ်နိုင်ကြပါစေ’ လို့ ကာကွယ်ဆေး လှူဒါန်းသွားမည့် အကြောင်းကို ရေးသားဖော်ပြထားခဲ့ ပါတယ်။

ဆရာ ဂျွန်လွင် အနေနဲ့ ကိုဗစ် ၁၉ ကာ လ အတွင်းတွင် လိုအပ်ချက် ရှိတဲ့ နေရာတွေ ကို အခွင့်ရရင် ရသလို လိုအပ်သမျှကို လှူဒါန်းမှု တွေ ပြုလုပ်ပေးခဲ့ တာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီး လည်း ဂျွန်လွင် နဲ့ ပြည်သူနှင့် အတူတူ လှူကြမယ် အဖွဲ့ရဲ့ အလှူဒါန ကို သာဓု ခေါ်ပေးလိုက်ကြရအောင်နော်။

Zawgyi




credit.