သံဃာတော်များအား နေ့ဆွမ်း ဆပ်ကပ်ပြီး ကုသိုလ်ကောင်းမှုပြုလုပ် ခဲ့တဲ့ သရုပ်ဆောင် ခင်သဇင်

Posted on

ပရိသတ်ကြီးရေ ဆွဲဆောင်မှု ရှိတဲ့ ဟန်ပန် အမူအရာ လေးနဲ့ အမိုက်စား ခန္ဓာကိုယ် လေး ပိုင်ဆိုင်ထား တဲ့ ခင်သဇင် ကို သိကြမယ် ထင်ပါတယ်နော်။

ခင်သဇင် ကတော့ အနုပညာလောက ထဲ ကို မော်ဒယ် အဖြစ်နဲ့ ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ကြော်ငြာ နဲ့ ဇာတ်ကား တွေရိုက်ကူးရ သည်အထိအောင်မြင်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။ဆက်ဆီ ကျကျနဲ့ ဆွဲဆောင်လွန်း တဲ့ သူမရဲ့ အလန်းစားပုံတွေ ကလည်း ပရိသတ်တွေ ကြားမှာ ရေပန်းစား လူကြိုက်များကာ အားပေးမှုတွေ ရှိတာ တွေ့ရပါတယ်။

သူမက အနုပညာ အလုပ်တွေ ကို ကြိုးစားသလို အလှူအတန်း နဲ ပရဟိတ လုပ်ငန်းတွေ ဆိုရင်လည်း ကိုယ်တိုင် ပါဝင်လုပ်ကိုင် တတ်သူလေးလည်း ဖြစ်ပါတယ်။ယနေ့မှာ လည်း သူမရဲ့အိမ်၌ သံဃာတော်များ ကို ပင့်ဖိတ်၍ နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းကာ ကုသိုလ်ကောင်းမှုပြု လုပ်ဖြစ်ခဲ့ကြောင်း လေးကို ‘ယနေ့ မိမိ အိမ်တွင် ဘုန်းကြီးပင့် နေ့ဆွမ်း အလှူ ကပ်၍ တရားနာ ကုသိုလ်ယူ ဖြစ်ပါတယ်… စိတ်၏ ချမ်းသာခြင်းကတော့ အတိုင်းမသိပါ.။

မိမိဖြစ်ချင်တဲ့ ဆန္ဒတွေ အတိုင်း လိုက်လုပ်ပေးခဲ့ကြတဲ့ အဒေါ် နဲ့ အမတွေကို အထူးကျေးဇူးတင်ပါတယ်…အိမ်လေးက ကျဉ်းတော့ အခု လို ဘုန်းကြီး ပင့်ဖိတ်ဖို့ အမြဲ တွန့် ဆုတ်နေခဲ့မိတယ်..ဒါပေမယ့် အရှင်ဘုရား ကိုတော့ စကားလေး တစ်ခွန်း လျှောက်မိ ပါတယ်.တပည့်တော် ကိုယ်တိုင် ဦးစီးပြီး အိမ်မှာ သံဃာတော်ပင့်ဖိတ်ပြီး နေ့ဆွမ်းကပ် တာ ဒါဟာ ဘဝမှာ ဒုတိယ အကြိမ်မြောက်ပါ ဘုရားလို့..အမှားပါခဲ့ရင် ခွင့်လွှတ်တော်မူပါ’ ဟု ရေးသားထားကာ မျှဝေလာခဲ့ပါတယ်။

source.Khin Thazin