ကယားပြည်နယ်ဝန်ကြီးချုပ်အား တာဝန်မှရပ်စဲကြောင်း နိုင်ငံတော်သမ္မတအမိန့်ထုတ်ပြန်

Posted on

အမ်ားျပည္သူပိုင္ေျမေနရာျဖစ္ေသာ ကယားေဒးကြင္းအတြင္းရွိ ဟိုတယ္ႏွင့္ ေရလႊာေလွ်ာစီးလုပ္ငန္း စီမံကိန္းအားဖယ္ရွားရန္ လႊတ္ေတာ္ တြင္ အဆိုတင္သြင္းမႈေအာင္ျမင္သျဖင့္ ယင္းလုပ္ငန္းစီမံကိန္းကို ဖယ္ရွားခဲ့ေသာ္လည္း အဆိုပါေျမေနရာကို စည္ပင္ပိုင္ ေျမေနရာအျဖစ္ ေျပာင္းၿပီး ယခင္ကုမၸဏီမ်ားကပင္ အမည္ေျပာင္း၍ ပန္းၿခံႏွင့္ ဆိုင္ခန္းမ်ား တည္ေဆာက္ေနသည္ဟူ၍လည္းေကာင္း၊ စက္ယႏၲရားငွား ရမ္းခေငြမ်ားကို သီးျခားရန္ပုံေငြ ထားရွိျခင္းေၾကာင့္ဟူ၍ လည္းေကာင္း ဝန္ႀကီးခ်ဳပ္အား စြပ္စြဲျပစ္တင္ရန္ လႊတ္ေတာ္ကိုယ္စားလွယ္ ငါး ဦးက တင္ျပခဲ့သျဖင့္ ျပည္နယ္လႊတ္ေတာ္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္း၍ စစ္ေဆးခဲ့ျခင္းျဖစ္သည္။

ထို႔ေနာက္ တိုင္တန္းထားမႈႏွင့္ပတ္သက္၍ ကယားျပည္နယ္လႊတ္ေတာ္ စုံစမ္းစစ္ေဆးေရးအဖြဲ႕က ၾသဂုတ္ ၂၅ ရက္မွ ၂၆ ရက္ အထိ ဝန္ ႀကီးခ်ဳပ္အား ေလးႀကိမ္တိုင္တိုင္ေခၚယူမႈအေပၚ ဝန္ႀကီးခ်ဳပ္ကိုယ္စား ျပည္နယ္အစိုးရအဖြဲ႕႐ုံးအတြင္းေရးမႉး ဦးအံ့ေမာ္သာ လာေရာက္ၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႕တြင္ လူမစုံျခင္းႏွင့္ အဖြဲ႕ဝင္မ်ားခ်ိန္းေပးရန္ ေတာင္းဆိုျခင္းျပဳလုပ္ခဲ့ကာ တစ္စုံတစ္ရာ ေျဖဆိုျခင္းမရွိေၾကာင္းႏွင့္ ၾသဂုတ္ ၂၈ ရက္တြင္ စုံစမ္းစစ္ေဆးေရးအဖြဲ႕က အစီရင္ခံစာအား လႊတ္ေတာ္ဥကၠ႒ထံ တင္ျပခဲ့သည္။

သို႔ရာတြင္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္အား စြပ္စြဲျပစ္တင္ရန္ တိုင္တန္းတင္ျပမႈတြင္ ပါဝင္သည့္ ငါးဦးအနက္ တစ္ဦးက ၎အေနျဖင့္ ဝန္ ႀကီးခ်ဳပ္အား စြပ္စြဲျပစ္တင္ရန္ လက္မွတ္ေရးထိုးမႈမွ ႏုတ္ထြက္ေၾကာင္း ကယားျပည္နယ္လႊတ္ေတာ္သို႔ စာျပန္လည္ေပးပို႔ ထားသည္ က ယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိအား တာဝန္မွရပ္စဲေၾကာင္း အမိန႔္စာကို ႏိုင္ငံေတာ္သမၼတ႐ုံးက ယေန႔ (စက္တင္ဘာ ၃ ရက္) တြင္ ထုတ္ျပန္ခဲ့ေၾကာင္း ကယားျပည္နယ္ လႊတ္ေတာ္ဥကၠဌ ဦးလွေထြးက အတည္ျပဳေျပာၾကားသည္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္အား စြပ္စြဲျပစ္တင္ရန္ လႊတ္ေတာ္ကိုယ္စားလွယ္ ငါးဦးက တိုင္ၾကားထားမႈအေပၚ စုံစမ္းစစ္ေဆးေရးအဖြဲ႕၏ အစီရင္ခံစာကို ျပည္နယ္လႊတ္ေတာ္ဥကၠ႒က စက္တင္ဘာ ၁ ရက္က ျပဳလုပ္သည့္ လႊတ္ေတာ္အစည္းအေဝးတြင္ လႊတ္ေတာ္သို႔ ဖတ္ၾကား တင္ျပခဲ့သည္။ထို႔ေနာက္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္အား စြပ္စြဲျပစ္တင္ရန္ မဲခြဲဆုံးျဖတ္ရာ မဲေပးပိုင္ခြင့္ရွိသူ ကိုယ္စားလွယ္၂၀ အနက္ ၁၆ ဦးက ေထာက္ခံၿပီး ေလးဦးက ကန႔္ကြက္ခဲ့သျဖင့္ ေထာက္ခံမဲမ်ားေသာေၾကာင့္ စြပ္စြဲျပစ္တင္မႈကို အတည္ျပဳခဲ့သည္။

ထိုသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္အား စြပ္စြဲျပစ္တင္ျခင္းအစီအစဥ္မျပဳလုပ္မီ ကယားျပည္နယ္လႊတ္ေတာ္ အစည္းအေဝးတြင္ ျပည္နယ္ဝန္ႀကီး ခ်ဳပ္ ဦးအယ္ေဖာင္းရႈိက မိန႔္ခြန္းေျပာၾကားခဲ့ၿပီး ၎အေပၚ စြပ္စြဲျပစ္တင္သည့္ အခ်က္ႏွစ္ခ်က္ႏွင့္ပတ္သက္၍ ထည့္သြင္းရွင္းလင္းခဲ့ၿပီး လႊတ္ေတာ္တြင္ ကိုယ္စားလွယ္မ်ားအေနျဖင့္ သမာသမတ္ရွိရွိ ဆုံးျဖတ္ေပးရန္ ဝန္ႀကီးခ်ဳပ္က တိုက္တြန္းေျပာၾကားခဲ့ေသာ္လည္း မဲခြဲဆုံး ျဖတ္ရာတြင္ စြပ္စြဲျပစ္တင္မႈအေပၚ ေထာက္ခံမဲမ်ားသျဖင့္ လႊတ္ေတာ္ကအတည္ျပဳခဲ့ေၾကာင္း သိရသည္။

CRD: ELEVEN MEDIA

UNICODE

အများပြည်သူပိုင်မြေနေရာဖြစ်သော ကယားဒေးကွင်းအတွင်းရှိ ဟိုတယ်နှင့် ရေလွှာလျှောစီးလုပ်ငန်း စီမံကိန်းအားဖယ်ရှားရန် လွှတ်တော် တွင် အဆိုတင်သွင်းမှုအောင်မြင်သဖြင့် ယင်းလုပ်ငန်းစီမံကိန်းကို ဖယ်ရှားခဲ့သော်လည်း အဆိုပါမြေနေရာကို စည်ပင်ပိုင် မြေနေရာအဖြစ် ပြောင်းပြီး ယခင်ကုမ္ပဏီများကပင် အမည်ပြောင်း၍ ပန်းခြံနှင့် ဆိုင်ခန်းများ တည်ဆောက်နေသည်ဟူ၍လည်းကောင်း၊ စက်ယန္တရားငှား ရမ်းခငွေများကို သီးခြားရန်ပုံငွေ ထားရှိခြင်းကြောင့်ဟူ၍ လည်းကောင်း ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ် ငါး ဦးက တင်ပြခဲ့သဖြင့် ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် တိုင်တန်းထားမှုနှင့်ပတ်သက်၍ ကယားပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့က သြဂုတ် ၂၅ ရက်မှ ၂၆ ရက် အထိ ဝန် ကြီးချုပ်အား လေးကြိမ်တိုင်တိုင်ခေါ်ယူမှုအပေါ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်းရေးမှူး ဦးအံ့မော်သာ လာရောက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လူမစုံခြင်းနှင့် အဖွဲ့ဝင်များချိန်းပေးရန် တောင်းဆိုခြင်းပြုလုပ်ခဲ့ကာ တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိကြောင်းနှင့် သြဂုတ် ၂၈ ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့က အစီရင်ခံစာအား လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့သည်။

သို့ရာတွင် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် တိုင်တန်းတင်ပြမှုတွင် ပါဝင်သည့် ငါးဦးအနက် တစ်ဦးက ၎င်းအနေဖြင့် ဝန် ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးမှုမှ နုတ်ထွက်ကြောင်း ကယားပြည်နယ်လွှတ်တော်သို့ စာပြန်လည်ပေးပို့ ထားသည် က ယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား တာဝန်မှရပ်စဲကြောင်း အမိန့်စာကို နိုင်ငံတော်သမ္မတရုံးက ယနေ့ (စက်တင်ဘာ ၃ ရက်) တွင် ထုတ်ပြန်ခဲ့ကြောင်း ကယားပြည်နယ် လွှတ်တော်ဥက္ကဌ ဦးလှထွေးက အတည်ပြုပြောကြားသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ် ငါးဦးက တိုင်ကြားထားမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက စက်တင်ဘာ ၁ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ ဖတ်ကြား တင်ပြခဲ့သည်။ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်ရာ မဲပေးပိုင်ခွင့်ရှိသူ ကိုယ်စားလှယ်၂၀ အနက် ၁၆ ဦးက ထောက်ခံပြီး လေးဦးက ကန့်ကွက်ခဲ့သဖြင့် ထောက်ခံမဲများသောကြောင့် စွပ်စွဲပြစ်တင်မှုကို အတည်ပြုခဲ့သည်။

ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းအစီအစဉ်မပြုလုပ်မီ ကယားပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီး ချုပ် ဦးအယ်ဖောင်းရှိုက မိန့်ခွန်းပြောကြားခဲ့ပြီး ၎င်းအပေါ် စွပ်စွဲပြစ်တင်သည့် အချက်နှစ်ချက်နှင့်ပတ်သက်၍ ထည့်သွင်းရှင်းလင်းခဲ့ပြီး လွှတ်တော်တွင် ကိုယ်စားလှယ်များအနေဖြင့် သမာသမတ်ရှိရှိ ဆုံးဖြတ်ပေးရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သော်လည်း မဲခွဲဆုံး ဖြတ်ရာတွင် စွပ်စွဲပြစ်တင်မှုအပေါ် ထောက်ခံမဲများသဖြင့် လွှတ်တော်ကအတည်ပြုခဲ့ကြောင်း သိရသည်။

CRD: ELEVEN MEDIA