အတူတူမြင်ရခဲ တဲ့ ကစ်ကစ် နဲ့ အတူ ပွဲတက်မယ့် အကြောင်း ပြောပြလာတဲ့ ဖွေးဖွေး
Posted on
နာမည်ကြီး ထိပ်တန်း မင်းသမီးနှစ်ယောက် ဖြစ်တဲ့ ဖွေးဖွေး နဲ့ ဝတ်မှုံရွှေရည် တို့ က အနုပညာ အလုပ်တွေကို အားလပ်ချိန်မရှိရအောင် လုပ်ကိုင်နေကြရ ပြီး သူတို့နှစ်ယောက် က ညီအစ်မ တစ်ဝမ်းကွဲ တွေဆိုပေ မယ့် တစ်ယောက်နဲ့ တစ်ယောက် ဆုံဖြစ်တဲ့ အချိန်က အလွန်ကို ရှားပါးလွန်း ပါတယ်။
အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ထိပ်ဆုံးကရပ်တည်နေကြတဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို ့ကတော့ အခုဆိုရင် အသက် (၃၂) နှစ် ကျော်အရွယ် ရောက်ရှိနေပြီဖြစ်ပေမယ့် တစ်ကိုယ်တည်း အပျိုကြီးတွေ အဖြစ် အနုပညာ အလုပ်တွေ ကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
တစ်ရက်ကြီး တစ်ရက်ငယ် ဖြစ်တဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည် တို့ ညီအစ်မ နှစ်ယောက်ကို အတူတူတွဲ မြင်ချင်တဲ့ ပရိသတ်တွေ အတွက် ဖွေးဖွေးတို့ နှစ်ယောက်စလုံးက ပွဲအခမ်း အနားတစ်ခုကို အတူတွဲ တက် ရောက်တော့ မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဖွေးဖွေး ကလည်း ညီမလေး ဝတ်မှုံရွှေရည် နဲ့ အတူတူ တက်ရောက်မယ့်ပွဲ အတွက် ရင်ခုန်စွာနဲ့ “Cousins 🤍🤍✨✨” ဆို ပြီး သူမ ရဲ့ လူမှုကွန်ဘက် စာမျက်နှာမှာ Share ထားခဲ့ပါတယ်။
ဒီဇင်ဘာ လ(၁၁) ရက်နေ့ မှာ ဖွေးဖွေး တို့ ညီအစ်မ နှစ်ဦး ကတော့ G-SHOCK Women Live Launching ပွဲ ကို အတူတူ တက် ရောက်ကြမှာ ဖြစ်ပါတယ်။စောင့်မျှောနေတဲ့ ပရိသတ်ကြီးလည်း ညီအစ်မနှစ်ယောက် ဘယ်လို အတွဲညီညီနဲ့ လာကြမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ပေးကြပါဦးနော်။
Crd.
zawgyi
Leave a Reply
Your email address will not be published. Required fields are marked *