အမျိုးသား တွေ သတိကြီးစွာ ထားရမည့် အွန်လိုင်းပေါ်က အမျိုးသမီး လူလိမ်ဂိုဏ်း(ဖြစ်ရပ်မှန်)

ပို့သေချာ တင်ပေးထားပြီး အတန်တန် သတိပေးနေတဲ့ ကြားက သူငယ်ချင်း တစ်ယောက်တော့ ထိ သွားပြန်ပြီ

သတိပေး သလို ဖြစ်သွားတာက ကျွန်တော်အရင်က တင်တဲ့ ပို့စ်ကိုဖတ်ထား မိလို့ နည်းနည်းဘဲ ရှပ် ထိသွားတာ သူ့ဆီကို Ei Ei Zaw ဆို တဲ့ ကောင်မလေး က Friend request လာလုပ် လို့ လက်ခံလိုက် မိပါသတဲ့ ။ ခန နေတော့ ထုံးစံအတိုင်း Hi အကို နေကောင်းလား ဘာလားပေါ့ ။ ခန နေတော့ အကို တစ်ယောက် ထဲလား ညီမပျင်းနေလို့ Vcall ခေါ် လို့ ရလား ပေါ့ ။ သူက မရဘူး ဘေးမှာ မိန်းမ နဲ့ ကလေး တွေ ရှိနေ လို့ အဆင် မပြေဘူးပါ့ ။

ဒါနဲ့ အာ့ဆို ညီမ တစ်ယောက် တည်း ပျင်းနေလို့ စိတ်ကလည်း တအား လာနေလို့ အကို့ကို ညီမ ခနလေး V Call ခေါ်လိုက် မယ် အိမ်သာထဲ ခနဝင်လိုက် ပါလား ဆိုပြီး ရေလာ မြောင်းပေးလုပ် ပါတယ်တဲ့ သူက အရင် ကျွန်တော် တင်ထားတဲ့ ပို့စ် ကို ဖတ်ထားဘူး တော့ သူတို့ခိုင်းသမျှ ဟိုလို လုပ်ပြ ဒီလို လုပ်ပြ ဆိုတာတွေ မလုပ်တော့ ဘဲ V call ကို အမြန်ချ လိုက်ပါ ။

ဒါပေမဲ့ ခဏ နေတော့ အောက်မှာ တွေ့ရတဲ့ ခြိမ်းခြောက်စာ တွေ တောက်လျှောက် ဝင်လာတော့ တယ် ဆို ဘဲ ဒါ့ကြောင့် ယောကျ်ား (၁၀၀)မှာ(၉၀)လောက်က ဘူး ဆိုပေမဲ့ သတိ နဲ့ ဘူးကြပါ လို့ ဒုတိယအကြိမ် သတိ ထပ်ပေးလိုက် ကြောင်းပါ ။

သူတို့ Target ထားတာ က ချမ်းသာသူ တွေ ၊ ရာထူးကြီး သူတွေ ၊ လုပ်ငန်းရှင် တွေပါ အုပ်စုနဲ့ လှုပ်ရှားနေတာပါ ခြိမ်းခြောက်စာတွေ အများကြီးကို မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်း ဒရစပ် တင်နေတာ ကြည့်ခြင်း အားဖြင့် အုပ်စုဖွဲ့ ကြိုတင်ကြံစည်မှု ဆိုတာ သိသာပါတယ်။

မိန်းကလေး ပုံနဲ့ ဖေ့ဘွတ်မှာ account လာ add ရင် သတိကြီးစွာ ထားပြီးလက်ခံကြပါ ။ ပုံနဲ့ account ကတော့အမျိုးမျိုး ပြောင်းနေပေမဲ့ သူတို့ ပို့ တဲ့ မက်ဆေ့ တွေ က အားလုံး တစ်ထေရာတည်းဖြစ်နေတယ် ။

သူတို့က လိင်စိတ်ဆွ ပေးတဲ့ စကားတွေ ပြော လာလုပ်ပြီး Vcall ခေါ်လာရင် လုံးဝမ ကိုင်ဘဲ တန်းပြီး block လိုက်တာ အန္တရာယ် အကင်းဆုံးပါဘဲ။ နောက် တစ်ခု က ကိုယ့် friend list ထဲ ဝင်ကြည့်လို့မရအောင် ၊ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်း တွေကို tag တွဲလို့မရအောင် ၊ ကိုယ့် time line ထဲကို ဝင်ရေးလို့ မရအောင် privacy and security setting တွေကို only me တွေချည်းလုပ် ထားလိုက်ရင် သူတို့အလွယ် တကူ ဒုက္ခပေးလို့မရတော့သလို ကိုယ့် friend list ထဲက friend တွေကို

ကာကွယ်ပေးရာလည်းရောက်ပါတယ်။ အနှောင့်အယှက် ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။ လူအချင်းချင်း ဒုက္ခပေးခြင်း ကင်းရှင်းကြပါစေ ။

credit.

Add a Comment

Your email address will not be published. Required fields are marked *