NLDအလံနဲ့စတစ်ကာကန်ပိန်းလုပ်ဖို့ အမေစုဘာကြောင့် နှိုးဆော်ရတာလဲဆိုတဲ့ အကြောင်းရင်း

နိုင်ငံတော်အတိုင်ပင်ခဲ ဒေါ်အောင်ဆန်းစုကြည်က မပြောစဖူး အလံတွေလွှင့်၊ စတစ်ကာတွေ ကပ်နိုင်သမျှ ကပ်ဆိုပြီး ဆော်ဩ နေတာပါ။ ဒါကို သက်သေ (evidence) အနေနဲ့ ပြနိုင်အောင် record ယူထားဖို့ သူကြံနေတာပါ။ ရွေးကောက်ပွဲဟာ သမာသမတ် မရှိဘူး၊ ရွေးကော် က ဘက်လိုက်တယ်လို့ စွပ်စွဲလာရင် ဒါဟာ သက်သေပါပဲ။ ပြည်သူက ဘယ်လောက်တောင် ထောက်ခံသလဲဆိုတာကိုခေါင်းဆောင်က အဓိက နိုင်ငံတကာကို ပြချင်တဲ့ သဘောလို့ နားလည်မိပါတယ်။

Chair NLD page ကို Like တော့ လုပ်ထားပေမယ့် မနေ့က အမေစုရဲ့ ပြည်သူသို့ပန်ကြားချက် video file ကို မကြည့်ဖြစ်လိုက်ဘူး။ အ လံတွေ နေရာတကာမှာ လွှင့်ထူပါ၊ စတစ်ကာ တွေကို ကားတွေ၊ ဆိုင်ကယ်တွေမှာ တတ်နိုင်သမျှ ကပ်ပါ ဆိုပြီး ပြောတယ် ဆိုပြီး ရေးနေ တာတွေ တွေ့တော့အစက နည်းနည်း သံသယ ဖြစ်မိတယ်။ အဓိက အားဖြင့် စတစ်ကာ တွေ ကပ်နိုင်သမျှ ကပ်ပါ ဆိုတာကိုပေါ့။ ဒါနဲ့ စော စောက အဲဒီ page ကို ဝင်ကြည့်တော့ သူက တကယ်ပြောထားတာကို တွေ့ရတယ်။
ကျွန်တော့် အမြင်ကတော့ ရွေးကောက်ပွဲ အလွန်မှာပြဿနာ ရှာမှာကို သူလဲ စိုးရိမ်ပုံ ရတယ်။ NLD ဟာမဲတွေ လျော့သွားမယ်၊ ထောက်ခံ မှုတွေ ကျသွားလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ရင်းနှီးတဲ့သူတွေနဲ့ ဆွေးနွေးတဲ့ အခါမှာလည်း ကျွန်တော် ဘယ်တုန်းက မှ ဇဝေဇဝါ မပြောခဲ့ဘူး။ သေချာပေါက် နိုင်မယ်လို့ပဲ ဆွေးနွေးခဲ့တာပဲ။ တစ်ချို့ လူငယ်တွေဟာ ဇဝေဇဝါ ဖြစ်နေတာတွေ တွေ့တယ်။ သူတို့ ရဲ့ rights ဖြစ်တဲ့အတွက် ဘာမှတော့ မပြောလိုပေမယ့် သူတို့ဟာ main point ကို ကောင်းကောင်း မသိသေးဘူးလို့ ကျွန်တော် မြင်တယ်။
ဘယ်ဟာအဓိက၊ ဘယ်ဟာ သာမညဆိုတာ မသဲကွဲသေးတာ ကို တွေ့ရတယ်။ အခြေအနေ တွေကို ကောင်းကောင်း မသုံးသပ်တတ်သေး တာကို တွေ့ရတယ်။အပြင်ပန်းက ကြည့်ရင်တော့ သူတို့ သိပ်တွေးတတ် ခေါ်တတ်တယ်လို့ ကိုယ့်ဟာကိုယ် ထင်နေကြတယ်၊ မဲသွားမပေး ဘူးလို့ ဆုံးဖြတ်ထားတာ….ဘာညာ ပြောနေတာဟာ မှားနေတယ် ဆိုတာကို ကောင်းကောင်းမသိဘူး။အဲဒါကို ဟုတ်လှပြီလို့ ထင်နေကြ တယ်။ စနစ်တစ်ခုကို အရင်ဆုံး တိုက်ဖျက်ပစ်ဖို့ လိုတယ် ။
အဲဒါကို မလုပ်ရင် အခု ငြီးတွားနေတဲ့ အရာတွေကို ၂၀၂၁-၂၀၂၅ ကာလတွေမှာ ဆက်ပြီးငြီးတွားနေကြရ လိမ့်ဉီးမယ်ဆိုတာ သိဖို့ လိုပါ တယ်။ကျွန်တော်တို့လို လူတွေ အနေနဲ့လည်း လက်ရှိအစိုးရရဲ့ တစ်ချို့ မူဝါဒတွေကို သိပ်ကြိုက်လှတယ် မထင်ပါနဲ့။ အားမလိုအားမရ ဖြစ်နေ တာတွေ အများကြီးပါ။ ဒါတွေ လျှောက်ပြောနေရင်swing voters တွေတိုးလာမှာစိုးလို့ တမင်မပြောတာပါ။ဒါပေမယ့် ဘာလုပ် ရမယ်၊ ဘယ်သူ့ကို မဲပေးရမယ် ဆိုတာ ကတော့ ရှင်းရှင်းလင်းလင်းကြီး ရှိနေပြီးသားပါ။
လက်ရှိ နိုင်ငံရေးအခင်းအကျင်းဟာ ရွေးကောက်ပွဲအလွန်မှာ ပြဿနာရှာဖို့ စိုင်းပြင်းနေတယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်။ အခုလုပ်နေ ကြတဲ့ activities တွေဟာ ရွေးကော်ကို ပြဿနာရှာဖို့ အရှိန်မြှင့် လုပ်ဆောင်နေကြတယ် ဆိုတာ နားလည်ပါ။ ဘာကြောင့်လဲဆိုတော့ NLDအပြတ်အသတ် နိုင်မယ်ဆိုတာ သိပြီးသားမို့ပါ မယုံမရှိနဲ့ ။ အခုလောက်ဆိုရင် သူတို့ဆီမှာ စစ်တမ်းရှိနေပြီးသားပါ။ အဲဒီ စစ်တမ်းရဲ့ အဖြေက မဟန်လို့ အခုလိုခြေလှမ်းတွေ စ နေခြင်းဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ လိုပါတယ် ။
CRD: THE LIFESTYLE MYANMAR

Add a Comment

Your email address will not be published. Required fields are marked *