unicode
တာမွေမြို့နယ် ထဲ မှာ လမ်းဘေး လေလွင့် ပြီး ကော်ရှုနေ ကြတဲ့ ကလေးတွေ နဲ့ ပတ်သတ်ပြီး ဝေဖန်နေမှု တွေ အပြစ်တင် နေမှုတွေ နဲ့ အကြံပြု ပေး တာတွေ မျိုးစုံ အသံ ထွက်နေခဲ့ ကတော့ ကြာပါပြီ။
အဆို ပါ အဖြစ် အပျက် တွေ ရဲ့ နောက်ဆက်တွဲ ကြီးမားတဲ့ ပြသနာ က ဒီနေ့မနက် အစောကြီး ကျနော် တို့ Team KG မှ အဲ့ဒီ လေလွင့် ကော်ရှု နေကြတဲ့ ကလေး အဖွဲ့ထဲ က အသက်(၁၃)နှစ် ခန့် အရွယ်သာ ရှိသေးတဲ့ မိန်းကလေးငယ် တစ်ယောက်က ချက်ကြိုးတန်းလန်း နဲ့ က လေးမွေးနေတာ ကို တွေ့ရှိခဲ့ရတာကြောင့် ဆေးရုံကို အမြန်ဆုံး ပို့ပေးခဲ့ကြရတာပါ။
ဘယ် လိုပြောလို့ ပြောရမှန်းတောင် မသိနိုင်တော့ဘူး ။ ကလေး က ကလေးပြန်မွေး တာ ကျနော် တို့ မျက်စိ နဲ့ တည့်တည့် မြင်ခဲ့ရတာပါ။နောက်ထပ် ဘယ်လိုတွေ ဆက်ဖြစ်လာနိုင်မလည်း ဆိုတဲ့ အခြေအနေတွေ ကို လူကြီးမင်း တို့ စဉ်းစားသာ ကြည့်ကြ ပါတော့။
ကိုကြီး (09-5195420 , 09-955195420)
ကိုကြီး နှင့် ညီအစ်ကို မောင်နှမ များ ပရဟိတ အဖွဲ့။
Ko Gyi & Helping Hands ( Team KG )