အသက်ရှုနိုင်အောင် အောက်စီဂျင်ဘူး သယ်ပြီး TAXI မောင်းကာ ဘဝကို ရုန်းကန်လှုပ်ရှားနေရတဲ့ အမျိုးသား

Posted on

မကြာသေးခင်က ထိုင်းနိုင်ငံမှာ ရှိတဲ့ Taxi ယာဉ်မောင်းအမျိုးသားကြီးရဲ့ သနားစရာအဖြစ်အပျက်ဟာ ရေပန်းစားလို့ရှိနေပါတယ် ။ အဆိုပါအမျိုးသားရဲ့အဖြစ်ကို Nongying Chuaibamrung အမည်ရှိတဲ့ အမျိုးသမီးက August 26 ရက်နေ့က Taxi ငှါးစီးရင်းနဲ့ သိရှိခဲ့တာပါ ။ Nongying ဟာ ဖုန်းအသုံးပြုနေရင်းနဲ့ Taxi တစ်စီး ငှါးစီးခဲ့တာပါ ။ ကားကအတော်လေးကို နှေးနေတဲ့ အတွက် သူမကစိတ်မရှည်နိုင်တော့ပဲ ဖုန်းကိုချလိုက်ချိန်မှာမှ ၊ ကားဆရာက သူ့ရဲ့ကားခုံအနောက်က အောက်စီဂျင်ဘူးမှပိုက်လေးထဲမှာ ပူဖောင်းလေးတွေပိတ်နေလားဆိုပြီး မေးမြန်းခဲ့ပါတယ် ။ ထိုအချိန်မှ သူမသတိထားမိလိုက်ပြီး အောက်စီဂျင်ဘူးကို စစ်ဆေးပေးခဲ့ပါတယ် ။

ထို့နောက်အဆိုပါဦးလေးကြီးကို အကြောင်းအရင်း မေးမြန်ခဲ့ချိန်မှာတော့ ‘ ငါ့မှာရောဂါအတော်များတယ် ၊ မျက်လုံးတွေလည်း သိပ်မကောင်းတော့ဘူး ၊ ပြီးတော့ ငါ့ရဲ့ကျောက်ကပ်တွေကလည်း ကောင်းကောင်းအလုပ်မလုပ်တော့ဘူး ၊ ငါကားမောင်းနေတဲ့အချိန်မှာတောင် ကျောက်ကပ်အတွင်းအညစ်အကြေးဖယ် ထုတ်သန့်စင်ပေးရတဲ့ လုပ်ငန်းစဉ်မျိုး လုပ်နေရတာ ၊ အဆုတ်ရေဝင်နေလို့ အခုလိုအောက်စီဂျင်ဘူးကြီးကို ငါနဲ့အတူဆောင်ထားရတာပါ ‘ ဆိုပြီး ပြန်လည်ပြောပြခဲ့ပါတယ် ။

ထို့အပြင် အဆိုပါဦးလေးက အခန်းငယ်လေး တစ်ခန်းငှါးရမ်းပြီးနေထိုင်နေကြောင်း ၊ အစိုးရက လစဉ်ထောက်ပံ့ကြေး 800 ဘတ်ပေးပေမယ့်လည်း ၊ အခြားအိမ်ငှါးခတွေ စားစရိတ်တွေလိုအပ်လို့အခုလို taxi ငှါးမောင်းနေရတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ Nongying ကလည်း အဆိုပါဦးလေးကို သနားသွားခဲ့ပြီး ငွေအနည်းငယ်ပိုပေးခဲ့တဲ့ အပြင် ၊ အဆိုပါဦးလေးရဲ့အဖြစ်ကို social media မှာဝေမျှပြီး အကူအညီရအောင်ကြိုးစားပေးခဲ့ပါတယ် ။ ဦးလေးက သားတစ်ယောက်ရှိပေမဲ့ သားဖြစ်သူမှာလည်း လစာငွေအနည်းငယ်သာရရှိသူဖြစ်သောကြောင့် ဖခင်ဖြစ်သူကိုငွေအနည်းငယ်သာပို့ပေးနိုင်သူပါ ။ သို့ပေမဲ့ အဆိုပါ အဖြစ်အပျက်ဟာ social media မှာ အတော်လေးရေပန်းစားခဲ့ပြီးနောက် သနားစာနာကြတဲ့လူအတော်အများက ငွေကြေး 1,189,487 ဘတ်ခန့်လှူတန်းပေးခဲ့ကြလို့ ၊ ယခုဆိုရင် Taxi မောင်းတဲ့အလုပ်အစား ၊ ကျန်မားရေးကိုမထိခိုက်တဲ့ အခြားအလုပ်မျိုးကိုသာ ပြုလုပ်တော့မည် ဖြစ်ကြောင်း Taxi ဦးလေးကြီးက ပြောဆိုသွားခဲ့ပါတယ် ။

Credit Mckzone Daily
Source: worldofbuzz

unicode