ဝါရင့် သရုပ်ဆောင် မင်းသူကတော့ ယခုလက်ရှိချိန်မှာ ရင်ခုန်သံ (၇၄) ရက် ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ သရုပ်ဆောင် မင်းသူက မိုးနတ်သား ရဲ့ ဦးကြီးတော် ဝါယုနတ်မင်း နေရာက ပါဝင် သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။
မင်းသူကတော့ “ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲက သူ့အတွက်Bonanza Productionနဲ့ ဒုတိယအကြိမ် လက်တွဲဖြစ်တဲ့ စီးရီးဖြစ်တယ်လို့ဆိုထားပါတယ်။
အရှေ့မှာလည်း လိပ်ပြာ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခုလည်း ပါဝင်ဖို့ကမ်းလှမ်းတာကြောင့် ပါဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီဇာတ်လမ်းတွဲမှာ ဝတ်ဆင်ရတဲ့ နတ်ဝတ်စုံဒီဇိုင်းနဲ့ပတ်သတ်ပြီး မေးမြန်းရာမှာတော့ အနည်းငယ်အံ့သြခဲ့ရပုံကို
“ကျနော်တို့ကို နတ်ဝတ်စုံတွေနဲ့ ရိုက်ရမယ်ဆိုတော့ အရင် ဗီဒီယိုကားတွေမှာလည်း နတ်ဝတ်စုံတွေနဲ့ ရိုက်ဖူးတော့ ဝတ်နေကျပဲ ဖြစ်မယ် ထင်ခဲ့တာ။ ဝတ်နေကျပုံစံမျိုး မဟုတ်ဘူးလို့တော့ ပြောတယ်။ အဝတ်စား Fitting လုပ်မှ ဒီလို ပုံစံဆိုတာ တွေ့တော့ အထူးအဆန်းတော့ ဖြစ်တာပေါ့။ ဆံပင်တွေကလည်း သျှောင်ထုံးတွေ မဟုတ်ဘဲ တရုတ်ပုံစံလိုလို ဘာလိုလိုနဲ့ ဆိုတော့ နည်းနည်းတော့ အထူးအဆန်းတော့ ဖြစ်ခဲ့တယ်” လို့ဖြေကြားထားတာကိုတွေ့ရပါတယ်။
စိတ်ကူးယဉ်ဇာတ်လမ်းတွဲလေးဖြစ်တဲ့အလျောက် ဝတ်စုံဒီဇိုင်းတွေနဲ့ပတ်သတ်ပြီး ပရိသတ်ဝေဖန်ခံရတာနဲ့ပတ်သတ်ပြီး
“ဒီကားထဲက နတ်မင်းတွေက ဘယ်လိုနတ်တွေလဲ တခါမှ မမြင်ဖူးဘူး ပြောကြတယ်။
တခါမှ မမြင်ဖူးတာကို ချပြတာက အနုပညာ ဖန်တီးမှု တခုလေ။ မြင်နေကျပုံစံ မဟုတ်တဲ့ အနုပညာကို ချပြတာတော့ ကျနော်ကတော့ ကြိုက်တယ်။ ဇာတ်လမ်းကလည်း စိတ်ကူးယဉ် ဇာတ်လမ်းဖြစ်တယ်လို့ ပြောထားပြီးသားဆိုတော့ ဝေဖန်ပြောဆိုနေတာကို ဘာမှ မပြောချင်ပါဘူး” လို့ ပြောကာ ပရိသတ်အမြင်ကို လွတ်လပ်စွာဝေဖန်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။
Yin Khat Pan ( Writer – LLA )