နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် မှ ဝန်ထမ်း ၁ ဦးတွင် ကိုဗစ် ပိုးတွေ့ရပြီး ဝန်ထမ်းများ ကွာရန်တင်းဝင်နေရဟု သတင်းထွက်ပေါ်သော်လည်း အတည်မပြုနိုင်သေး
Posted on
CRD: ပြည်မြန်မာ
UNICODE
ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန၏ စက်တင်ဘာ ၉ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာ ၉၈ ဦး အနက် နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်မှ ကိုဗစ် အတည်ပြုလူနာတစ်ဦး ပါဝင်လာခြင်းဖြစ်သည်။
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် ဝန်ထမ်း ၁ ဦး ကိုဗစ် ၁၉ ပိုးတွေ့ရကြောင်း ဇဗ္ဗူသီရိမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောသည်။ ယင်းပိုးတွေ့လူနာ နှင့် ပတ်သက်၍ ဦးဇော်ဌေးအပါအဝင် သမ္မတရုံး နှင့် အတိုင်ပင်ခံရုံးဝန်ထမ်း ၄၈ ဦး ကွာရန်တင်းဝင်နေရကြောင်း နေ ပြည်တော်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သတင်းများထွက်ပေါ်နေသည်။ဒီနေ့ ဇဗ္ဗူသီရိက တစ်ဦးတွေ့တယ် ဆိုတဲ့ဟာက အဲ့တာကတော့ သမ္မတရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့သူ ဆိုတာကိုတော့ အတည်ပြုပေးနိုင်ပါတယ်။
Q ဝင်ရတဲ့ကိစ္စကတော့ ကျွန်တော်တို့လည်း မသိရှိရသေးပါဘူး” ဟု ဦးဖြိုးဇေယျာသော်က ပြောကြားသွားကြောင်း သိရသည်
ထွက်ပေါ်နေသည့် သတင်းကိစ္စ နှင့် ပတ်သက်၍ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ဖြစ်သည့် ဒေါက်တာ ခင်ခင်ကြီး နှင့် ဒေါက်တာသန်းနိုင်စိုး တို့ကို ဆက် သွယ်မေးမြန်းခဲ့ရာ အစည်းအဝေးပြုလုပ်နေသောကြောင့် ဖုန်းဖြေကြားနိုင်ခြင်း မရှိသေးကြောင်းကိုသာ ပြောဆိုခဲ့သည် ။
CRD: ပြည်မြန်မာ
Leave a Reply
Your email address will not be published. Required fields are marked *