ချစ်သူသားဂန်းရဲ့ မွေးနေ့မှာ လက်ဆောင်အဖြစ် အချစ်တွေတိုးလိုပဲ့ ပေးပါရစေလို့ ဆုတောင်းပေးခဲ့တဲ့ ဘေဘီမောင်

မကြာခင်မှာပဲ ရွှေလက်တွဲတော့မယ့် နေ့ရက်လေးတွေကိုရောက်လာတော့မယ့် သားဂန်းနဲ့ ဘေဘီမောင်တို့ချစ်သူနှစ်ယောက်ဟာ နားလည်မှုတွေအပြည့်နဲ့ ချစ်နေကြတာပဲဖြစ်ပါတယ်။ ချစ်သက်တမ်း (၂) နှစ်ကျော်လာခဲ့ပြီဖြစ်ပြီး တည်ဆောက်ထားတဲ့ အချစ်ကမ္ဘာလေးဟာလည်း အရမ်းကိုသာယာစိုပြေနေခဲ့ပါပြီ။

နှစ်ကိုယ်တူဘဝကိုမကြာခင်ထူထောင်တော့မှာဖြစ်သလို ပရိသတ်တွေကလည်း ဒီနေ့လေးကို မျှော်လင့်စောင့်စားနေခဲ့ကြပါတယ်။ သွားအတူစားအတူနဲ့သိပ်ချစ်ကြသူတွေမို့ တကယ့်ကို နေနဲ့လရွှေနဲ့မြပါပဲ။ အဆိုတော်နဲ့မင်းသမီးလေးတို့ရဲ့အချစ်ဇာတ်လမ်းဟာ ပျော်စရာတွေနဲ့ ရှေ့ဆက်နေကြတာ တကယ်ကိုကြည်နူးစရာပါ။

ချစ်သူအတွက်မွေးနေ့ဆုတောင်းလေးကို ” Happy birthday ချစ်ရသောမောင် အသက်လေး တစ်နှစ်ထပ်ကြီးပြန်ပြီ လက်ဆောင်လေးကတော့ အချစ်တွေတိုးလို့ပဲပေးပါရစေ ချစ်တယ်မောင် ” ဆိုပြီး ဆုတောင်းပေးထားတာပါ။ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက် သက်ဆုံးတိုင်ပျော်ရွှင်ပါစေ။

Credit – Cele Zone
Photo – Baby Maung

zawgyi




Credit – Cele Zone
Photo – Baby Maung

Add a Comment

Your email address will not be published. Required fields are marked *