အဆိုတော် မီမီဝင်းဖေ က The Voice Myanmar ပြိုင်ပွဲ အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး သူရဲ့အမြင်ကို သုံးသပ်ပြ







Yin Khat Pan ( Writer – LLA )

The Voice Myanmar ပြိုင်ပွဲ က အဖြစ်အပျက် နဲ့ ပတ်သတ်ပြီး သူရဲ့ အမြင် ကို သုံးသပ်ပြ လိုက်တဲ့ အ ဆိုတော် မီမီဝင်းဖေ

အ သံ​အေး​အေး​လေးနဲ့ လူကြိုက်​များတဲ့ သီချင်း​​​တော်​​တော်​များများကို သီဆိုခဲ့သူ မီမီဝင်း​ဖေက​တော့ တစ်​​ခေတ်​တစ်​ခါက ​ခေတ်​စားခဲ့တဲ့ အဆို​တော်​တစ်​ဦးပဲဖြစ်​ပါတယ်​။

ရုပ်​ရှင်​ ဒါရိုက်​တာ စာ​ပေဂီတပညာရှင်​ ဦး​ဝင်း​ဖေရဲ့သမီးဖြစ်​သူ မီမီဝင်း​ဖေဟာ အခုလက်​ရှိအချိန်​မှာလည်း ကိုဗစ်​ကာလအတွင်း တစ်​ကိုယ်​​တော်​ မီနီအယ်​လ်​ဘမ်​​ ထုတ်​ဖို့ ကြိုးစား​နေတယ်​လို့ သိရပါတယ်​။

ပြန်​ဆို​တေး​တွေနဲ့ပတ်​သတ်​ပြီး ​မေးမြန်းရာမှာ​တော့ မီမီဝင်း​ဖေက ကျင့်ဝတ်​​တွေကို ​လေ့လာပြီး ​လေး​လေးနက်​နက်​လုပ်​​စေချင်​တယ်​လို့ ဆိုလာပါတယ်​။

ဒီအ​ကြောင်းနဲ့ပတ်​သတ်​ပြီး မီမီဝင်း​ဖေက “ကိုယ်​ကိုင်​တွယ်​တဲ့သီချင်းအ​ပေါ်မှာ အ​လေးအနက်​ထားမယ်​ဆိုရင်​​တော့ ဘာလုပ်​ရမလဲဆိုတာ အလိုလို သိလာမှာပါ ကျွန်​မဆို သီချင်း​ဟောင်း​တွေ ပြန်​ဆိုတာ​တွေ အများကြီးဆိုခဲ့ပါတယ်​ ​​နောက်​ဆုံး လွန်​ဆန်​နိုင်​မလားအချစ်​ အ​ခွေမှာဆိုရင်​ L ခွန်းရီသီချင်း​တွေဆိုခဲ့ပါတယ်​ မ Lခွန်းရီကို ဖုန်းဆက်​ပြီး​တောင်းဆိုခဲ့ပါတယ်​ သူမဆို​စေချင်​ဘူးဆိုရင်​ လက်​ခံဖို့အသင့်​ပဲ​လေ ” လို့ ပြန်​ဆို​တေး​တွေမှာ မူရင်းအဆိုရှင်​​တွေအ​ပေါ် အ​လေးအနက်​ထားသင့်​ကြောင်း​ပြောပြခဲ့ပါတယ်​။

အခုတ​လောလူ​ပြောများ​နေတဲ့ “ညှို့သော ပင်လယ် ဆွဲငင်သော လမင်း” သီချင်း အ​ကြောင်း​လေး ​မေးမြန်းရာမှာ​တော့
” ဇာနည် ဆိုတယ် လို့ပဲ တစ်လျှောက်လုံး ကြားဖူးနေတာပါ။ စီစစ်ရေး က ခွင့်ပြုခဲ့တဲ့ ခုနှစ်တွေ အရ တခြားသူ​တွေ တင်​ထားတာ ကြည့်ရတာ​တော့ ဇာနည် နဲ့ မီးမီးခဲ က ပိုစောတယ်။ ပြီးမှ ဘိုဘို နဲ့ ရတနာဦး ဆိုတာပါ” လို့ ပြောလာတဲ့ အဆိုတော် မီမီဝင်းဖေ က​ပြောပြခဲ့ပါတယ်​။

မီမီဝင်း​ဖေက Stay Home ကာလမှာ​တော့ အိမ်​မှာ​နေရင်း အ​ဖေ့ကိုပြုစုကာ သီချင်း​လေး​တွေဆိုရင်း ​အကျိုးရှိ​အောင်​​နေဖို့လုပ်​​နေတယ်​လို့​ဆိုထားပြီး ပရိသတ်​​တွေကိုလည်း ​ဘေးကင်​ကင်းနဲ့ ကျန်းကျန်းမာမာ ​ပျော်​ရွှင်​​စေချင်​ပါတယ်​လို့ဆု​တောင်း​ပေးထားပါတယ်​။

Yin Khat Pan ( Writer – LLA )

Add a Comment

Your email address will not be published. Required fields are marked *