ဒေါ်လာတွေနဲ့ အလှဆင်ထားတဲ့ ပန်းစည်းကြီးကို ကိုင်ထားခဲ့လို့ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ ခေးဆက်သွင်

တက်သစ်စ မင်းသမီးချောလေး ခေးဆက်သွင်ကတော့ နာမည်လေးနဲ့လိုက်အောင် ချစ်စရာကောင်းပြီး ဇာတ်လမ်းတွဲ တွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာသူလေးပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်က “နှင်းဆီ” ဇာတ်လမ်းတွဲနဲ့ “အရိပ်” ဇာတ်လမ်းတွဲမှာလည်း မတူညီတဲ့ ကာရိုက်တာနှစ်ခုနဲ့ အံ့သြစရာကောင်းလောက်အောင် သရုပ်ဆောင် ကောင်းလွန်းတာမို့ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ခံခဲ့ရသူလေး ဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲအသစ်တွေဆက်လက်ရိုက်ကူးကို ရိုက်ကူးနေပြီး လက်ရှိအချိန်မှာလည်းအခြား အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

မနေ့က စက်တင်ဘာလ (၉) ရက်နေ့မှာ တော့ ခေးဆက်သွင်က ဒေါ်လာတွေ အပြည့်ပါတဲ့ ပန်းစည်းကြီးကို ကိုင်ထားတဲ့ ဓာတ်ပုံကြောင့် ပရိသတ်တွေက သို့လော သို့လောနဲ့ စိတ်ဝင်စားခြင်း ခံနေရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခေးဆက်သွင် ကတော့ သူမရဲ့ အသိမိတ်ဆွေတွေ ထဲက Surprise လုပ်ပေးတာဖြစ်ပြီး သူမ နဲ့ မသက်ဆိုင်တဲ့အကြောင်းကို ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

ခေးဆက်သွင်ကတော့ တစ်ကိုယ် တည်း Single ဘဝက ကျွတ်ပြီလား ဆိုပြီး ပရိသတ်တွေ ဝမ်းသာနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ခေးဆက်သွင် ကတော့ သူမရဲ့ မိသားစု သူငယ်ချင်းတွေနဲ့ နေရတဲ့အချိန်တွေကိုသာ ပိုပြီး တန်ဖိုးထားသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khay Sett Thwin’s fb

Add a Comment

Your email address will not be published. Required fields are marked *