ဟာသသရုပ်ဆောင် လူရွှင်တော် ဧရာကို ပရိသတ်တွေတော်တော်များများက ငယ်စဉ်ကတည်းက Video တွေ ရုပ်ရှင်တွေမှာ ဇာတ်ရုပ်ပေါင်းစုံနဲ့မြင်ဖူးပြီး ရင်းနှီးနေခဲ့သလို မြန်မာကားတွေမှာ ဧရာမပါရင်တစ်ခုခုလိုနေသလိုမျိုးခံစားရလောက်အောင် ဧရာက ရုပ်ရှင်ကားတိုင်းနီးပါးမှာ ပါဝင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဖြစ်ပါတယ်အခုတော့ ဦးဧရာဟာ ဇရာထောက်လာပြီဖြစ်တဲ့အလျောက် ရုပ်ရှင်ဗီဒီယိုတွေရိုက်ရတာကျဲပါးလာပြီဖြစ်ပြီး ကျန်းမာရေးကလည်း သိပ်မကောင်းတော့တာကြောင့် ပရိသတ်တွေနဲ့အနည်းငယ်အလှမ်းဝေးသလိုဖြစ်နေခဲ့တာပါ။ ဦးဧရာက မကြာသေးမီက အကုန်သိ မီဒီယာနဲ့ အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုလေးတွေကိုပြောပြထားပြီး