နော်စေးစေးထူးကတော့ မြန်မာအိုင်ဒေါဆန်ကာတင်(၁၁)ယောက်စာရင်းမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး အခုနောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ “ဆောင်းရာသီအမှတ်တရ” သီချင်းများသီဆိုယှဉ်ပြိုင်မှုအပတ်မှာ ပြိုင်ပွဲကိုနူတ်ဆက်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ လီဆူးနဲ့ကရင်စပ်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ နော်စေးစေးထူးဟာ အသံကာလာထူးခြားကောင်းမွန်တဲ့အပြင် သီချင်းတွေကို စီးမျောခံစားပြီး သီဆိုနိုင်တာကြောင့် ပြိုင်ပွဲစဉ်တလျှောက်လုံးမှာတစ်ကြိမ်သာရမယ့် အခွင့်အရေးတစ်ခုဖြစ်တဲ့ ဒိုင်တွေရဲ့ Safe လုပ်ခြင်းကို ခံခဲ့ရသူပါ။ ပြိုင်ပွဲကထွက်ခွာခဲ့ရပြီးနောက် ဒီနေ့မနက်မှာတော့ နေရပ်ကိုပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ကချင်မြေမှ တစ်ခဲနက်ကြိုဆိုနူတ်ခွန်းဆက်ခဲ့ကြတာဖြစ်ပါတယ်။ နော်စေးစေးထူးကိုတော့ ဒေသခံတွေက မြစ်ကြီးနားလေယာဉ်ကွင်းမှာ မနက်(၁၀)နာရီတုန်းက