သဇင်ထူးမြင့်ဟာ မကြာခင်တုန်းကရိုက်ခဲ့တဲ့ “ဆုံဆည်းခွင့်”ရုပ်သံဇာတ်လမ်းတွဲရိုက်ကွင်းပေါ်က အမှတ်တရတွေကို ပြောပြလာပါတယ်။ မြွေကြောက်တတ်သူဖြစ်တာကြောင့် ဒါရိုက်တာက လိမ်ပြောပြီး ရိုက်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေရှိပါတယ်တဲ့။ သဇင်ထူးမြင့်ကတော့ မကြာသေးခင်က စီနီယာအနုပညာရှင်တွေနဲ့အတူ “ဆုံဆည်းခွင့်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရိုက်ခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း သူမကမီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။“ ၂ လအတွင်းမှာ ငယ်ငယ်က ကိုယ်တွေ့ခဲ့ရတဲ့ သရုပ်ဆောင်ကြီးတွေနဲ့လည်းရိုက်ရတယ်။ အမှတ်တရတွေလည်း အများကြီးပဲ။