သက်သေ၂၁ဦးထွက်ဆိုပြီးချိန်အထိ မစိမ့်ထက်အတွက်မျှတသောထွက်ဆိုချက်မရှိသေးဟု

ရန်ကုန်၊ဒီဇင်ဘာ၊၅။ ။ The Summiter တောက်တက်အဖွဲ့နှင့်အတူ ၂၀၁၉ခုနှစ် ဧပြီလ ၁၂ရက်နေ့က ဖန်ဂရန်ရာဇီရေခဲတောင်သို့တက်ရောက်ပြီး အပြန်ခရီးစဉ်မှာမတော်တဆမှုကြောင့်တောင်အောက်ကျကာပျောက်ဆုံးနေသူမစိမ့်ထက်၏ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ဖခင်ဖြစ်သူ၏တရားစွဲဆိုမှုအရပူတာအိုမြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရပြီး ယခုချိန်ထိ သက်သေ ၂၁ဦးကိုစစ်ဆေးပြီးဖြစ်သော်လည်းမစိမ့်ထက်အတွက်တရားမျှတသော ထွက်ဆိုချက်များမရှိသေးကြောင်း ဖခင်ဖြစ်သူဦးမောင်လေးကTheSpeakerသို့ပြောသည်။

လက်ရှိမှာပူတာအိုတရားရုံးမှာ ရင်ဆိုင်နေရပါတယ် အရင်လ၂၂ရက်နေ့ကတော့ ကျွန်တော်အနေနဲ့ ရန်ကုန်တရားရုံးမှာစစ်ဆေးပေးဖို့ရုံးပြောင်းလျှောက်ထားပါတယ် တရားမျှတမှုရနိုင်ဖို့အတွက်ပါ ခုချိန်ထိတော့ သက်သေ၂၁ယောက်ကိုစစ်ဆေးပြီးပါပြီ ခုချိန်ထိမစိမ့်ထက်အတွက်တရားမျှတတဲ့ထွက်ဆိုချက်တွေမရှိသေးဘူး ဥပမာ ပြောရရင် သူတို့အဖွဲ့မှာခေါင်းဆောင်မရှိဘူးဆိုတာမျိုးတွေ တစ်လေသံထဲထွက်ဆိုနေတယ်”ဟုဦးမောင်လေးကပြောသည်။

ထို့အပြင်The Summiter ခေါင်းဆောင်တွေဟာ ယခင်ကတည်းက ရေခဲတောင်တက် ကြိုးချည်နည်း၊ ကြိုးသိုင်းနည်း၊ ကြိုးတွဲနည်း၊ ရေခဲပုစိန် အသုံးပြုနည်း စသည့် ရေခဲတောင်အသက်ကာကွယ်ရေး နည်းစံနစ် / နည်းပညာများကို တရုတ်နိုင်ငံ၊ နီပေါနိုင်ငံများမှာ စံနစ်တကျသွားရောက် လေ့လာသင်ယူတတ်မြောက်သူများဖြစ်ပြီးမစိမ့်ထက်သေဆုံးရခြင်းမှာ အဖွဲ့ခါင်းဆောင်များဟာ အသက်ကာကွယ်ရေး နည်းစံနစ်ကိုမျှ သိရှိနားလည်တတ်ကျွမ်းပါလျှက် တမင်တကာ အသုံးမပြုခဲ့ကြခြင်း ဟုယူဆကြောင်း ဖြည့်စွက်ပြောကြားသည်။

မစိမ့်ထက်၏ရုပ်အလောင်းကိုမေလ၂၄ရက်နေ့က ဖဂရန်ရာဇီ ရေခဲတောင်၏ အမြင့်ပေ၁၁၅၂၅ပေမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးမေ၃ဝရက်နေ့တွင် ရုပ်အလောင်းကို ပူတာအိုမြို့တွင် မီးသဂြိုလ်ကာ မိသားစု၏ဆန္ဒအရအရိုးပြာကို ရန်ကုန်မြို့သို့ပြန်လည်ယူဆောင်ခဲ့သည်။

Add a Comment

Your email address will not be published. Required fields are marked *