အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီးကို မြန်မာနိုင်ငံသို့

ရခိုင်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည် အေအေ အဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီး နှင်းဇော်ဖြူနှင့် ကလေးနှစ်ဦးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည့် အစီအစဉ် လတ်တလော ပျက်ပြယ်သွားကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီးနှင့် ကလေးနှစ်ဦးကို ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးရုံး၌ ဒီဇင်ဘာ ၄ ရက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ယနေ့ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းက မြန်မာ အာဏာပိုင်များထံ တာချီလိတ်မှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးရန် စီစဉ် ထားသော်လည်း ယခုကဲ့သို့ ပျက်ပြယ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“အခုပဲ ကျွန်တော်ဆက်သွယ်မေးမြန်းကြည့်လိုက်တဲ့ အခါကျတော့ လွဲပြောင်းပေးဖို့လာတဲ့ ခရီးစဉ် ပျက်သွားတယ်တဲ့။ တာချီ လိတ် လေဆိပ်မှာ သွားကြိုတဲ့ စရဖတို့ ရဲအရာရှိတို့လည်း ဒီနေ့လွဲပြောင်းပေးမယ်ထင်ပြီး သွားကြိုနေတာကနေ ခရီးစဉ်ပျက် သွားလို့ အခုပဲ ပြန်လာနေပြီလို့ပြောတယ်။ ဘယ်နေ့ လွဲပြောင်းပေးအပ်မလဲ ဆိုတာကို နောက်မှ ပြန်ပြောပေး မယ်လေ။ ကျွန် တော်လည်း ဒီလောက်ပဲသိရသေးတယ်” ဟု အဆိုပါ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းမီဒီယာများကလည်း ဖော်ပြထားကြသော်လည်း အေအေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အတည်ပြုချက်ရရှိရန် ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရပေ။

ထွန်းမြတ်နိုင်၏ ဇနီး ဒေါ်နှင်းဇော်ဖြူ၊ ၁၁ နှစ်အရွယ်သမီးနှင့် ၁၁ လသားအရွယ် ရင်ဝယ်ပိုက်သားတို့ကို ဖမ်းဆီးထားခြင်း ဖြစ် ပြီး အေအေ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်၏ ညီမဖြစ်သူ မမိုးနှင်းဖြူနှင့် ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေ ပုဒ်မ – ၅၂ (က)ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံး၌ စစ်ဆေးခံနေရလျက်ရှိကြောင်း သိရသည်။

Crd-Myanmar News Market

Tags:

Add a Comment

Your email address will not be published. Required fields are marked *