ဒီကနေ့ ရုံးချိန်းမလာပဲ ကလောမှာ မိသားစုနဲ့အတူ ပျော်ရွှင်နေတဲ့

မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁ရဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။

ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ဟာ ဒီနေ့(ဒီဇင်ဘာ၆ရက်)မှာ ချိန်းဆိုထားတဲ့ ပထမဆုံး ရုံးချိန်းသို့ တက်ရောက်လာခြင်းမရှိဘူးလို့ သိရပါတယ်။ တရားရုံးဘက်ကလည်း ဒီနေ့မှာ ရုံးတော်ရှေ့ လာရောက်ရန်ဆင့်ခေါ်စာပို့ထားပေမယ့် တရားလိုသာ ရုံးချိန်းသို့ လာရောက်ခဲ့တာ တွေ့ရပါတယ်။

ဒီနေ့မှာ မိုးအောင်ရင်ကတော့ ရုံးချိန်းကိုမလာပဲ မိသားစုနဲ့ အတူ ကလောမှာ ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။ ဦးအောင်ရင်ကတော့ “Starting off Soe Mar Lar’s birthday trip @ Kalaw. Many more to come 😍” ဆိုပြီး မိသားစုပျော်ရွှင်နေတဲ့ပုံလေးတွေ တင်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မိုးအောင်ရင်တို့ မိသားစုရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Crd-Myanmar News Market

Add a Comment

Your email address will not be published. Required fields are marked *