စိမ်းလဲ့တင်ကိုဝေဖန်နေသူတွေ ဒီထက်ဆိုးလာရင် ဖေဖေကတရားစွဲမယ်လို့ ပြောပြလာတဲ့ နေခြည်ဦး

နေခြည်ဦးတို့ဖွင့်လှစ်ထားတဲ့ စိမ်းလဲ့တင် သဘာဝအပန်းဖြေစခန်းက တိရစ္ဆာန်လေးတွေနဲ့ပတ်သတ်ပြီး ဝေဖန်သူတစ်ဦးရဲ့ပို့စ်တစ်ခုကြောင့် ပရိသတ်တွေကြားမှာ ဂယက်ရိုက်ခဲ့ပါတယ် ။ ဒီကိစ္စနဲ့ပတ်သတ်ပြီးနေခြည်ကို ဝေဖန်တိုက်ခိုက်သူတွေလည်း အများအပြားရှိခဲ့ပါတယ် ။ ဒါပေမယ့် နေခြည်ဖေဖေကတော့ ဒီကိစ္စက နေခြည်နဲ့မဆိုင်တဲ့အတွက် ဝင်မပါနဲ့လို့ပြောထားတဲ့အတွက် နေခြည်က ဝင်မပါပဲ လက်ရှောင်နေခဲ့တာဖြစ်ပြီး ဒီထက်ဆိုးလာရင်တော့ နေခြည်ဖေဖေက တရားစွဲမယ်လို့ နေခြည်က ပြောပြခဲ့တာပါ ။

ဒီပို့စ်ကို ဖတ်ရစဉ်တုန်းကလည်း ပိုင်ရှင်သမီးတစ်ယောက် အနေနဲ့မဟုတ်ဘဲ ဖတ်တဲ့သူတစ်ယောက်အနေနဲ့ အရမ်းစိတ်မကောင်းဖြစ်ရတယ်လို့ နေခြည် ကပြောပြခဲ့ပါတယ် ။ တကယ်က နေခြည်အမေက တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်လို့မွေးထားခဲ့တာဖြစ်ပြီး တကယ်တမ်းလုပ်ပေးရတာကတော့ နေခြည်ဖေဖေဖြစ်တဲ့အတွက် ဖေဖေကတော့ စီးပွားရေးလည်ပတ်အောင် လုပ်ရမှာပဲလို့ နေခြည်က ဆိုပါတယ် ။ သားရဲတိရစ္ဆာန်အကြီးတွေဖြစ်တဲ့အတွက်လည်း သူတို့အတွက် စားစရိတ်က အရမ်းကိုကြီးတယ်လို့သိရပါတယ် ။ နေခြည်အဖေက တိရစ္ဆာန်တွေနဲ့ပိုက်ဆံရှာဖို့မွေးခဲ့တာမဟုတ်ဘဲ နေခြည်အမေက တိရစ္ဆာန်တွေအရမ်းချစ်လို့မွေးရင်းနဲ့ တရားဝင် လိုင်စင်နဲ့ တိရစ္ဆာန်ဥယျာဉ်ဆိုပြီးဖြစ်လာခဲ့တာဖြစ်တယ်လို့ နေခြည်က ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ် ။

တချို့က တကယ်တောင်မရောက်ဖူးပဲနဲ့ နေခြည်ကိုတိုက်ခိုက်ချင်တဲ့စိတ်နဲ့အတန်ရှင်ယူပြီးရေးကြတဲ့အတွက် တကယ်တမ်းခံစားရတာ နေခြည်မေမေဖြစ်လို့ နေခြည်လည်း အရမ်းခံစားရပါတယ်လို့ သူမခံစားချက်တွေကို ပရိသတ်တွေကိုပြောပြခဲ့ပါသေးတယ် ။

နေခြည်တို့အနေနဲ့လည်း အဲ့ဒီလောက်ကြီးပိုးစိုးပက်စက်ဖြစ်နေတဲ့ဟာကြီးကို ရပ်ကြည့်နေမှာမဟုတ်ပါဘူး ကောင်းစေချင်လို့ရေးကြတာလား ဝေဖန်တိုက်ခိုက်ချင်လို့ရေးတာလား ဆိုတာလည်း နေခြည်မသိပါဘူးလို့ အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်းပြောသွားခဲ့တာဖြစ်ပါတယ် ။ ပရိသတ်ကြီးအတွက် နေခြည်အင်တာဗျူးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Add a Comment

Your email address will not be published. Required fields are marked *