လေယာဉ်ထွက်ပြီးမှ သေကံမရောက် သက်မပျောက်ဘဲ လေယာဉ်ပေါ်က ပြန်ဆင်းလာနိုင်ခဲ့တဲ့ ငွေဇင်လှိုင်း

ငွေဇင်လှိုင်းကတော့ အင်မတန် စိုးရိမ်ဖွယ်ကောင်းတဲ့ အခိုက်အတန့်လေးကို ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီးကနေ တဆင့် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တဲ့ ငွေဇင်လှိုင်းဟာ အဆိုရှင်တစ်ဦးအဖြစ် ရပ်တည်ခွင့်ရရှိနေပြီဖြစ်ပါတယ်။ ငွေဇင်လှိုင်းက ဒီကနေ့ ကြုံတွေ့ခဲ့ရတဲ့ သူမရဲ့ အတွေ့ကြုံလေးကို ပရိသတ်ကြီးအတွက် Sharing လုပ်ပေးထားတာဖြစ်ပါတယ်။

ငွေဇင်လှိုင်းဟာ ရန်ကုန်ကနေ မန္တလေးသို့သွားတဲ့ လေယာဉ်ကိုစီးခဲ့ပေမယ့် ရန်ကုန်ကနေ ရန်ကုန်သို့သာပြန်ရောက်ခဲ့ပြီး လေယာဉ်ပေါ်ကနေ မသေပဲ ပြန်ဆင်းလာနိုင်ခဲ့တယ်လို့ ရေးသားထားတာကြောင့် သူမရဲ့ ပရိသတ်တွေက စိတ်ပူပန်စွာနဲ့ မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။

အသေအချာစစ်ဆေးမှုမပြုလုပ်ထားတဲ့ လေယာဉ်ကြောင့် လေယာဉ်ထွက်ပြီး ၁၅ မိနစ်အကြာမှာ ရန်ကုန်သို့သာ ပြန်လည်ဆင်းသက်ခဲ့ရပုံကို ယခုလိုပဲ မျှဝေထားတာဖြစ်ပါတယ်။

“မနက်က ၈ နာရီ Air Than Lwin နဲ့ ရန်ကုန် မန္တလေး စီးမိပါတယ် ….. ၈ နာရီထွက်မဲ့လေယာဉ်က စက်ချို့ယွင်းပုံရပီး လေယာဉ်ပေါ် မတင်ခင် နောက်လေယာဉ်တစ်စီးကို ပြောင်းတင်လိုက်တယ် …. အဲ့လေယာဉ်ကလဲ ထွက်ဖို့အဆင်သင့်လဲမဖြစ် သေချာစစ်ဆေးမှု မလုပ်ထားတော့ လေယာဉ်တက်ပီး ၁၅ မိနစ်အကြာ ရန်ကုန်လေဆိပ်ကိုပြန်ဆင်းလာရတယ်တော်သေးကောင်းကောင်းပြန်ရောက်လို့ ကြညိ့ရတာ သက်တမ်းအတော်ကြာ မောင်းပီးပုံရတယ် အတွင်းထဲမှာလဲ ထိုင်ခုံတေကစ သပ်သပ်ရပ်ရပ်မရှိဘူးး ငွေဇင်တော့ပထမဆုံးအကြိမ်ကြုံဖူးသွားပီ စက်ချို့ယွင်းနေတော့ ဟိုးအမြင့်ထိလံမပျံနိုင် လယ်ကွင်းထဲပဲ ထိုးကျတော့မလို နောက်မတတ်သာမှ ရန်ကုန်ပြန်လှည့် တော်သေး သေကံတော့မပါသေးရှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံကို ဝေမျှခြင်းသာ တစ်စုံတရာထိခိုက်စေလိုခြင်းမရှိ နောက်ဆင်ခြင်လို့ရအောင်ပါရှင့် …….. ဘယ်အရာမှ မပေါ့ဆမိစေဖို့ သံဝေဂရမိပါတယ် ” လို့ သူမရဲ့ အတွေ့အကြုံကို ပြောပြထားပါတယ်။

ပရိသတ်ကြီးရေ သေကံမရောက်ခဲ့တဲ့ ငွေဇင်လှိုင်းတစ်ယောက် ဒီနေ့အတွေ့အကြုံကြောင့် အတော်ပဲ စိတ်လှုပ်ရှားသွားခဲ့တယ်လို့ ထင်ပါတယ်။ ပရိသတ်ကြီးကလည်း ငွေဇင်လှိုင်းပြောပြတဲ့ အတွေ့အကြုံလေးတွေကို သင်ခန်းစာယူပြီး သတိထား စီးနင်းကြပါနော်။

Cele Star
Crd-Manmar News Market

Add a Comment

Your email address will not be published. Required fields are marked *