ချစ်သူလေးနဲ့အတူ ကမ်းခြေကိုရောက်ရှိနေတဲ့ အဆိုတော် ဂေဂေး

အဆိုတော် ဂေဂေးက ချစ်သူဖြစ်တဲ့ အလှမယ် ဆွေဇင်ထက်နဲ့အတူ ချောင်းသာကမ်းခြေကိုရောက်ရှိနေတာဖြစ်ပါတယ်။

အလှမယ် ဆွေဇင်ထက်က သူမဟာ LGBT တစ်ဦးဖြစ်ကြောင်း အလှမယ်ပြိုင်ပွဲမှာ ချပြခဲ့တာဖြစ်ပါတယ်။ Miss Universe Myanmar 2019 ရဲ့ ဝင်းနားဆုရှင်တစ်ဦးဖြစ်သူ အလှမယ် ဆွေဇင်ထက်ဟာ မြန်မာနိုင်ငံကိုယ်စားပြုပြီးတော့ Miss Universe ကိုသွားရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးမှာပဲ သူမဟာ LGBT တစ်ဦးဖြစ်ကြောင်းနဲ့ သူမရဲ့ ချစ်သူဟာ အဆိုတော်ဂေဂေးဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးပြောကြားခဲ့တာပါ။ သူမဘဝအမှန်ကို ပြောပြဖို့အတွက် အဘက်ဘက်က တာဝန်ရှိသူတွေကို တိုင်ပင်ဆွေးနွေးခဲ့ပြီးမှ ပြောဆိုခဲ့တယ်လို့ အလှမယ် ဆွေဇင်ထက်က ဆိုပါတယ်။

အဆိုတော်ဂေဂေးနဲ့ အတူ ပျော်ရွှင်ဖို့ကောင်းတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားပြီး သူမတို့ရဲ့ Relationship ကို ပရိသတ်တွေကလည်း အသိအမှတ်ပြု အားပေးခဲ့ကြပါတယ်။

အဆိုတော်ဂေဂေးနဲ့ အလှမယ်ဆွေဇင်ထက်တို့ ချစ်သူ နှစ်ဦးကတော့ လက်ရှိမှာ ချောင်းသာကမ်းခြေကိုရောက်ရှိပြီး အပန်းဖြေနေကြတာဖြစ်ပါတယ်။ သူတို့ ချစ်သူ နှစ်ဦးရဲ့ ပျော်ရွှင်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ ကြည့်ရှုနိုင်အောင် မျှဝေပေးထားပါတယ်နော်။

Cele Star

Crd-Myanmar News Market

Tags:

Add a Comment

Your email address will not be published. Required fields are marked *