မန္တလေးမြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးအတွင်းတော် ရွှေမိုက်ထုတ်ရာမှ ရွှေပိဿ၃ပိဿာရရှိ

Zawgyi…..

မန္တေ လးမြို့က မဟာမြတ်မုနိဘုရားကြီး ယခုနှစ်ရွှေမိုက်ထုတ်တာအတွင်းတော်က ၃ ပိဿာ ရပါတယ်

ရ တဲ့ ရွှေပြားကြီးနဲ့ ထုတ်ပေးတဲ့ မိုက်သူကြီး ဦးမောင်ကြီးမြေး ကိုသန်းလွင် တို့နဲ့အတူ အမှတ်တရ မှတ်တမ်းတင်ပါတယ်(ရွေမိုက်ထုတ်တယ်ဆိုတာ ဘုရားကို ရွှေလာချတဲ့ အခါမှာ သုံးတဲ့ စက္ကူတွေ ရွေချပြီး သုတ်တဲ့ တဘက်တွေ အောက်က ခံတဲ့ ကော်ဇောတွေ စတဲ့ အဲဒီထဲက ရှိတဲ့ ရွှေကပ်နိုင်တဲ့ အရာတွေ လေအေးပေးစက်က လေစစ်က အစ နေ့စဉ်သိမ်းတာတွေကို ချိန်တွယ် မှတ်တန်းတင်ပြီး သိမ်းဆည်းထား ပြီး အဲဒီ အမှိုက်တွေ ထဲက ရွှေပြန်ထုတ်တာကို ခေါ်တာပါ။

ဒီ အကြောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူထုဒေါ်အမာရေးခဲ့ဘူးပါတယ်။အဲဒီထဲက ဦးမောင်ကြီးရဲ့ သား မြေးတွေဟာ ဆွေစဉ်မျိုးဆက် ဘုရားကြီး အတွက်ဘုရားကြီးကို လာပြီး နှစ်စဉ် ကုသိုလ်ဖြစ် မိုက်ထုတ်ပေးပါတယ်ဒီလို ရတဲ့ ရွှေတွေဟာ ဘုရားရဲ့ ဘဏ္ဌာတော် အပိုင်ဖြစ်ပါတယ်။ဒီနှစ် ထုတ်ပြီးးသား က ၄ပိဿာကျော် ရှိနေလို့စုစုပေါင်း ၆ ပိဿာလောက် ရမယ်လို့ မှန်းကြပါတယ်။ပြီးခဲ့တဲ့ လက စက္ကူတွေကနေ ၁၀သား ရရှိခဲ့ပါတယ်။

တကယ်တော့ ဒီလို မိုက်ထုတ်တာဟာ မြန်မာ့ရိုးရာ ပညာရပ်တစ်ခုဖြစ်ပြီးရွှေပါတဲ့ ပြာတွေကိုခဲနဲ့ စပ်ထားတဲ့ ပစ္စည်းတွေကနေ ရွှေကို ပြန်ဖမ်းယူတဲ့ ပညာဖြစ်ပါတယ်။ ဘုရားကြီးကို မိုက်ထုတ်လာတာဟာ ၆၆နှစ် ရှိခဲ့ပြီးပါ ပြီဒုတိယအကြိမ်ကစပြီး ဦးမောင်ကြီးကိုယ်တိုင် နှစ်ပေါင်း၄၀ကျော်လုပ်ပေးနိုင်ခဲ့ပါတယ်

Credit

Add a Comment

Your email address will not be published. Required fields are marked *