ထိုင်းကျန်းမာရေးဝန်ကြီးကတော့ ဒဲ့ပြောပါပြီ လေကြောင်းလိုင်းတွေ ပရိုမိုးရှင်းမချပါနဲ့  ထိုင်းတွေလည်း ခရီးမသွားပါနဲ့

Zawgyi…..

ေ လကြောင်းလိုင်းတွေ ပရိုမိုးရှင်း မချပါနဲ့ ထိုင်းတွေလည်း ခရီးမသွားပါနဲ့ သင်တို့ရဲ့ နောက်ဆုံး ဟောလီးဒေး တွေ ဖြစ်သွားနိုင်တယ်ဆိုပြီး ပြင်းပြင်းထန်ထန်ပြောလိုက်ပါတယ်

ခရီး သွား ရာဇဝင်ကို ဖုံးကွယ်ပြီး မိသားစုဝင် ၈နှစ်ကလေးကို ရောဂါကူးစေခဲ့တဲ့ သူတယောက်ကြောင့် သူသွားခဲ့တဲ့ ဆေးရုံ တွေ ဘဏ်တွေ ကလေးတက်တဲ့ကျောင်းတွေ စုစုပေါင်း ၁၀၁ ယောက် ကွာရန်တင်းထိသွားပါတယ်

လူမှုကွန်ရက်မှာလည်း အဲဒီလူကို ဝန်းအပြစ်တင်ကြလို့ ကျန်းမာရေးဌာနက မပြောကြပါနဲ့ လူနာ ကိုအားပေးဖို့လိုပါတယ် ဆိုပြီး ပြန်တောင်းပန်နေရပါတယ်

ထိုင်းကျန်းမာရေးဝန်ကြီးဌာန က တရုတ် မကာအို ဟောင်ကောင် စင်္ကာပူ တောင်ကိုရီးယား ထိုင်ဝမ် အီတလီ ဂျပန် နဲ့ အီရန်တွေ မသွားဖို့နဲ့ သွားခဲ့ရင်လည်း အိမ်မှာ ၁၄ရက်နေဖို့ Inbound/outbound ကွာရန်တင်းကို ထုတ်ပြန်တော့မယ်ပြောပါတယ် ငါတို့ အလုံးစုံ ဝူဟန် စစ်ပွဲ အတွင်းချည်းနင်းဝင်ရောက်လာပြီဖြစ်ကြောင်း လည်း သတိပေးလိုက်ပါပြီ

သူ့ထက်ပိုတင်းကျပ်တာ ထိုင်းပညာရေးဌာန ပါ မိဘတွေ ကျောင်းသားတွေ ကို မသွားဖို့ အစောကတည်းကတရားဝင်ထုတ်ပြန်ပြီး သွားခဲ့ရင်လည်း မိမိဘာသာ အိမ်မှာ ၁၄ ရက်နေဖို့ ကလေးတွေလည်း ကျောင်းမပို့ဖို့ ထုတ်ပြန်ထားပါတယ်

ပြဿနာ က နိုင်ငံတကာအဖွဲ့အစည်းတွေပါ အဲဒီနိုင်ငံတွေကလာသူတွေကို လက်ခံတွေ့ရမရ ဆိုတာ ပြဿနာတွေ့နေပါတယ်

ကိုယ့်ရုံးမှာတောင် တိုင်ပတ်နေပါပြီ ဟောလီးဒေး ပြန်လာသူတွေလည်း အိမ်မှာ ၁၄ ရက်ထပ်ပြီး ဟောလီးဒေးတွေရ ကောင်းလေစွ

လွတ်လပ်စွာရှယ်နိုင်ပါသည်ဝူဟန် များ နှင့်ဖိုက်တင်းချနေသော ထိုင်းမှ သတင်းပို့သည်

From Dr Nyan Win Phyo’s FB

Add a Comment

Your email address will not be published. Required fields are marked *