၂ ရ က်မြောက် လော့ဒေါင်း – ခဝဲခြံ ၂-လမ်း မှတ် ချက်။ ။မျက်ရည် ခိုင်သူများ သာဖတ်ရန် (သူမလိုခက်ခဲသူဘယ်လောက်များရှိနေမလဲဆိုပြီး စိတ်မကောင်းလို့ ရေးခြင်းဖြစ်ပါတယ်

ဒီေ န့ လမ်းထဲမှာ အသီးအရွက်တွေ လာရောင်း ပါတယ်။ဈေးနှုန်းသင့်တင့်ပြီး လတ်ဆတ်ပါတယ်။၃ပေ အကွာစီ နေပြီးဝယ်ယူရပါတယ်။မနက်ဖြန်မှာ အသားတွေ ရောင်းပေးမယ်ပြောပါတယ်။ လိုချင်သလောက်ကို စာရွက်မှာရေးပြီးမှာထားရပါတယ်။covid -19 လူနာ (၁၉ ) ယောက်ရှိလို့ လူတွေကြောက်နေတဲ့လမ်းကို လာရောင်းပေးကြသော သက်ဆိုင်ရာ အဖွဲ့အစည်းများကို ကျေးဇူးတင်ပါတယ်။

အသီးအရွက်သွားဝယ်ရင်းလမ်းမှာ မိတ်ဆွေ အစ်မတစ်ယောက်နဲ့ တွေ့ တော့

သူမ __လမ်းထိပ်မှာလူများနေတယ်။နေ့တိုင်းလာ ရောင်းပေးမယ်တဲ့။ ကျမ ___အစ်မ ဝယ်ပြီးသွားပြီလား။ ကျမမေးခွန်းအပြီးမှာ သူမရဲ့မျက်ဝန်းမှာဝဲသွားတဲ့မျက်ရည်စတွေကိုကျမတွေ့လိုက်ရတယ်။သူမမျက်ရည်မကျအောင်ထိန်းလိုက်ပြီး ။သူမ ____အစ်မမဝယ်သေးပါဘူး။

ကျမမေးခွန်းမေးတာမှားသွားမှန်းကျမသိလိုက်ရတယ်။ခက်ခဲနေတဲ့လူကိုအဆင်ပြေလား။ဝယ်ပြီးပြီလားမေးရမှာထက် ဘာဝယ်ပေးရမလဲ မေးရမှာပါ။ဒါကြောင့်ကျမက

ကျမ ___အစ်မ ဘာဝယ်လာပေးရမလဲ။သူမ ______ အစ်မအတွက်မဝယ်ပါနဲ့ရပါတယ်။ ကျမမေးခွန်းထပ်မှားပြန်ပါတယ်။ဘာဝယ်ပေးရမလဲမေးရမှာထက် တစ်ခုခုဝယ်ပေးလိုက်ရမှာပါ။ ကျမ ____ အစ်မအိမ်မှာအရွက်ရှိလား။ ကျမမေးခွန်းထပ်မေးမိပြန်ပါတယ်။ သူမ ____ အစ်မအိမ်မှာအရွက်မရှိပါဘူး။ ကျမ ____ ဘာအရွက်ကြိုက်လဲ။ချဉ်ပေါင်ကြိုက်လား။ချဉ်ပေါင်မရှိရင်တစ်ခုခုဝယ်ခဲ့ပေးမယ်နော်။ သူမ ___အစ်မအတွက်ကရပါတယ်။မဝယ်ပါနဲ့။

ကျမအသီးအရွက်နဲ့ကြက်သွန်ကိုနှစ်ထုပ်စီထုပ်ခိုင်းလိုက်ပြီးသူမကိုပေးဖို့ပြန်အလာ သူမကိုမတွေ့တော့ပါဘူး။ သူမအားနာလို့ပြန်သွားတာဖြစ်နိုင်ပါတယ်။ ကျမသူမအိမ်ကိုသွားပေးတော့သူမကိုမတွေ့ရပါ။ ကျမပေးမှာဆိုးလို့ရှောင်နေတာဖြစ်နိုင်ပါတယ်။ကျမ သူ့ကလေးတွေကိုပေးခဲ့လိုက်ပါတယ်။

ကျမအခုရေးနေတာကျမပေးတာကိုကြွားချင်လို့ရေးတာမဟုတ်ပါ။ကျမ ပေးတာ အရွက်နဲ့ ကြက်သွန်ပဲရှိပါတယ်။

အဓိကရေးချင်တာက ကျမတို့လမ်းထဲမှာ သူမလိုခက်ခဲသူဘယ်လောက်များရှိနေမလဲဆိုပြီး စိတ်မကောင်းလို့ရေးခြင်းဖြစ်ပါတယ်။

ခဝဲခြံ (၂) လမ်းမှာ ခြံနဲ့ဝန်းနဲ့တိုက်နဲ့ကားနဲ့ နေသူတွေရှိသလို လခစားတွေ၊ နေ့စားအလုပ်သမားတွေလည်းရှိပါတယ်။ အိမ်ထောင်စု (၇၀)ကျော်ရှိပါတယ်။ lock down (21) ရက်ကာလမှာ အခြေခံလူတန်းစားတွေအတွက် ခက်ခဲတဲ့ ကာလပါ။ သူတို့ ဘာမှမကူညီနိုင်ရင်တောင် ဆုတောင်းခြင်းနဲ့ ကူညီပေးစေချင်ပါတယ်။

ကျမတို့လမ်းကိုလည်း မကောင်းမပြောစေချင်ပါ။

လေးစားစွာဖြင့်ခရစ်ဒက် ……# Snow Awm

Add a Comment

Your email address will not be published. Required fields are marked *