တရုတ် နဲ့ တောင်ကိုရီးယား မှာ ကိုရိုနာဗိုင်းရ ပ်စ် ကူးစက်မှု ပြန်ခေါင်းေ ထာင်လာ

တ ရုတ်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံစလုံးမှာ တနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ တွေ့ရှိတာကြောင့် ဒေသတွင်း ကူးစက်ဖြစ်ပွားမှု သိသိသာသာ ကျဆင်းနေတဲ့ ဒီ နှစ်နိုင်ငံမှာ ဗိုင်းရပ်စ် တကျော့ပြန် ခေါင်းထောင်လာမလားလို့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာရပါတယ်။ တရုတ်နိုင်ငံမှာ တနင်္ဂနွေနေ့က ဗိုင်းရပ်စ် အသစ် ကူးစက်သူ ၁၄ ဦး ရှိတာကြောင့် ဆယ်ရက်အတွင်းမှာ ပထမဆုံးအဖြစ် နှစ်ဆခုန်တက်လာတာပါ။ ဒီ ကူးစက်သူ ၁၄ ဦးမှာ ၁၂ ဦးဟာ ပြည်တွင်းမှာပဲ ကူးစက်တာဖြစ်ပြီး ဒီအထဲက ၁၁ ဦးက အရှေ့မြောက်ပိုင်း ကျိလင်းပြည်နယ်က ဖြစ်ပြီး တစ်ဦးက ဟူပေးပြည်နယယ်က ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ဒေသအားလုံးမှာ ကူးစက်မှု ကျဆင်းနေပြီး ရက်အတော်ကြာမှာ ခုလို ကူးစက်လာတာဖြစ်ပြီး ကျိလင်းပြည်နယ်က ကူးစက်မှုက အာဏာပိုင်တွေအတွက် စိုးရိမ်စရာပါ။ ရှူလျန်ခရိုင်က ကူးစက်မှု အများဆုံးဖြစ်ခဲ့ပြီး ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် စိုးရိမ်မှုတွေ ဖြစ်စေပါတယ်။ကျိလင်းပြည်နယ်ဟာ မြောက်ကိုရီးယားနဲ့ နယ်စပ်ပြည်နယ်ပဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားမှာက ဗိုင်းရပ်စ် ကင်းစင်တယ်ဆိုပေမယ့် တော်တော်လေးကို မပြည့်စုံတဲ့ ကျန်းမာရေးစနစ်ကြော်င့ ကူးစက်ဖြစ်ပွားရင် အကူအညီပေးမယ်လို့ တရုတ်က ကမ်းလှမ်းထားတာပါ။

တောင်ကိုရီးယားနိုင်ငံမှာလည်း တနင်္ဂနွေနေ့က ထပ်တိုးကူးစက်သူ ၃၄ ဦး ရှိပါတယ်။ ကလပ်သွားလာသူတွေနဲ့ ဆက်စပ်တဲ့ ဒီ ကူးစက်မှုဟာ ဗိုင်းရပ်စ်ကို ခက်ခက်ခဲခဲ အနိုင်ယူထားရတဲ့ နိုင်ငံအတွက် ခြိမ်းခြောက်မှု ဖြစ်လာပါတယ်။ တောင်ကိုရီးယားမှာ တစ်လအတွင်းမှာ တစ်နေ့တည်း လူ ၃၀ ကျော် ကူးစက်မှုပဲ ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

နိုင်ငံသားတွေအနေနဲ့ စိုးရိမ်ကြောက်လန့်စရာ မလိုသလို လမ်းညွှန်ချက်တွေကိုလည်း မပစ်ပယ်ဖို့ သမ္မတ မွန်ဂျေအင်းက တနင်္ဂနွေနေ့မှာ ပြောပြီး နိုင်ငံရဲ့ စီးပွားရေး ပျက်စီးမှုက အလွန်ကြီးမားနေတယ်လို့ သတိပေးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးနှုန်းမှာ ဘယ်နိုင်ငံမဆိုထက် အမေရိကန်က အဆိုးဆုံး ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ လက်ရှိ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၀၀၀၀ နီးပါးအထိ ရှိနေပြီ ဖြစ်ပါတယ်။

Rf; AP

CRd:Writer_ မောင်သံဆင့်(XYZ News)

Add a Comment

Your email address will not be published. Required fields are marked *