အစၥေ ရးနိုင်ငံဆိုင် ရာ တရုတ်သံအ မတ်ကြီး နေအိမ် တွင် ရုတ် တရက် ထူးဆန်းစွာသေဆုံးနေ

အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟာ အစ္စရေးနိုင်ငံ တဲအဗစ်မြို့က သူ့အိမ်မှာသေဆုံးနေတာကိုတွေ့ရပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အစ္စရေးရဲဘက်ကလည်း အသက် ၅၇ နှစ်ရှိ တရုတ်သံအမတ်ဟာ ဒီနေ့ တနင်္ဂနွေနေ့မှာ သေဆုံးသွားတယ်ပဲ အတည်ပြုပြီး ဘာကြောင့်သေဆုံးတယ်ဆိုတာကို မပြောဆိုသေးပါ။

ရဲတွေက လောလောဆယ် သေမှုသေခင်းစစ်ဆေးမှုတွေ လုပ်နေတယ်ပဲပြောပါတယ်။ အစ္စရေး Channel 12 TV ရဲ့ အမည်မဖော်လိုတဲ့ အရေးပေါ်ဆေးဝန်ထမ်းတွေရဲ့ပြောဆိုချက်ကို ဖော်ပြရာမှာတော့ အိပ်နေရင်းနဲ့ သဘာဝအတိုင်းသေဆုံးနေတယ်ပုံ ပေါ်တယ်လို့ ဆိုပါတယ်။

သံအမတ်ကြီး Du Wei ဟာ အရင်က ယူက ရိန်းဆိုင်ရာ သံအမတ်ဖြစ်ပြီး ပြီးခဲ့တဲ့ Covid-19 ကာလ ဖေဖဝါရီလကမှ အစ္စရေးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

သူဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၃၁ နှစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ အခုထိသိရသမျှပါခင်ဗျား။

Richard Myo Thant

17-May-2020

Add a Comment

Your email address will not be published. Required fields are marked *