၂၀၁၅ခုနှစ် က တည်ေ ဆာက်ပြီးစီးခဲ့ သည့် ဂန့်ဂေါမြို့နယ်မြောက် ခင်ရန်းဆေးရုံ မျက်နှာကြက်ပြိုကျ

ဂန့်ေ ဂါမြို့နယ်မြောက်ခင်ရန်းဆေးရုံ မျက်နှာကြက်ပြိုကျမှု ယနေ့ မနက်ပိုင်းက ဖြစ်ခဲ့ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့က Myanmar Harp ကိုပြောသည်။

မကွေးတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးက “၂၀၁၅ခုနှစ်က အပ်နှံထားတဲ့ အဆောက်အဦပါ။မျက်နှာကြက်ပြိုကျတာနဲ့ ပတ်သက်ပြီး စစ်ဆေးတာတွေ လုပ်နေပါတယ်။စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။

ယခင်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် အဆောက်အဦဖြစ်သည်ဟုလည်း ဝန်ကြီးက ပြောဆိုသည်။

လူနာနည်းပါးချိန် ဖြစ်သဖြင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟု သိရသည်။ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ယဉ်မင်းလှိုင်က “အဆောက်အဦ စအပ်ထဲကိုက မသေသပ်လို့၊စိတ်မချရပါဘူးဆိုပြီး ဆေးရုံဘက်က လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောပြတာမျိုးရှိခဲ့တယ်။ ကျွန်မတို့ လွှတ်တော်အမတ် စဖြစ်ကာစပေါ့။ပြီးခဲ့တဲ့ အစိုးရအဖွဲ့က မကွေးဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေနဲ့ ဒီကုမ္ပဏီက ပတ်သက်တယ်၊ဘာတယ်လို့တော့ ပြောတာတွေလည်း ရှိတယ်။အစိုးရ အကူးအပြောင်းလုပ်ခံနီး ကမန်းကတန်းလုပ်သွားတဲ့ဟာ။အဲ့တုန်းက စစ်တာတွေ၊ဆေးတာတွေကို ကိုယ်စားလှယ်တွေက လုပ်လို့ မရခဲ့ဖူးလေ။ဝင်လို့လည်း မရခဲ့ဖူး။အခု ဒီလိုတွေ ဖြစ်သွားခဲ့ပြီ။တာဝန်ရှိသူတွေက ဒီဖြစ်စဉ်ကို စစ်ဆေးတာတွေလုပ်မှာပေါ့။လူနာတွေ မရှိလို့သာပေါ့။ရှိရင် ဘယ်လို ဖြစ်မလဲ မတွေးဝံ့စရာပဲ”ဟု ပြောသည်။

မကွေးတိုင်းအစိုးရအဖွဲ့က ယင်းဖြစ်စဉ်ကို အသေးစိတ်စစ်ဆေးမည်ဟု ပြောဆိုထားသည်။

ယမန်နေ့ကလည်း ယခင်အစိုးရလက်ထက် ၂၀၁၃ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်သူနာပြုတက္ကသိုလ်၎ထပ်စာသင်ဆောင် မျက်နှာကြက်ပြိုကျမှုဖြစ်ခဲ့သဖြင့် တည်ဆောက်ခဲ့သော ပြည်မဟာ ကုမ္ပဏီအား တာဝန်ရှိသူများက စစ်ဆေးနေသည်ဟု သိရသည်။

လေးစားစွာဖြင့် ခရစ်ဒက် …..Myanmar Harp

Add a Comment

Your email address will not be published. Required fields are marked *