ဒီလိုမွန်မြတ်လှ တဲ့ အလှူမျိုး ကိုမှ သာဓုမခေါ် ရင် ဘယ်လိုအလှူမျိုးကို သာဓုခေါ်မလဲဗျာ…

ခြေတစ်ဖက်ပြတ်နေပေမယ့် မိဘကိုထီရောင်းကျွေးနေသူအား ဆိုင်ကယ်လှုဒါန်း

ကိုမျိုးထွန်းကအသက်က၃၆နှစ် လွန်ခဲ့တဲ့၂၀၀၄ခုနှစ်ကသဲကားကကြိတ်သွားလို့ခြေထောက်တစ်ဖက်ဖြတ်လိုက်ရပါတယ်။ ဒါပေမယ့်ကိုမျိုးထွန်းကစိတ်အားမလျော့ပဲရှိတဲ့ဆိုင်ကယ်အစုတ်လေးနဲ့ပိုက်ဆံနှစ်သိန်းအတိုးနဲ့ချေးကာထီရောင်းပြီးမိဘကိုလုပ်ကျွေးနေပါတယ်။

ဒါပေမယ့်စီးတဲ့ဆိုင်ကယ်ကခဏခဏပျက်နေလို့ တစ်ခါတစ်လေအိမ်ပြန်ဖို့တောင်သူ့ညီကိုလာခေါ်ခိုင်းရပါတယ်။ လားရှိုးလေးရှမ်းထမင်းဆိုင်ကညီလေးသန့်စင်က သူမစီးဖြစ်တော့တဲ့ ၁ယ ဂျပန်ဆိုင်ကယ်လေးကိုလှုချင်တယ်ဆိုလဲ ကိုမျိုးထွန်းကိုခေါ်ပြီးလှုပေးခဲ့ပါတယ်။

မသန်ပေမယ့်စိတ်အားမလျော့ပဲ မိဘကိုလုပ်ကျွေးနေတဲ့ကိုမျိုးထွန်းကိုဂုဏ်ပြုတဲ့အနေနဲ့ တစ်လကိုထီဆယ်စောင်တွဲလာလာပို့ခိုင်းပြီးအားပေးနေပါတယ်။အမျိုးတွေလဲသူ့ထီတွေကိုအားပေးချင်ရင် သူ့ဖုန်းနံပါတ် 09797123989ကိုဆက်ရင်သူလာပို့ပေးပါလိမ့်မယ်။

ONE TO ONE လူနာကူညီရေး

ကိုဝမ်း ဖုန်း ၀၉၇၆၅၇၆၅၁၇၉

မန္တလေးမြို့

Add a Comment

Your email address will not be published. Required fields are marked *