တစ်​ရွာ လုံးမီး ရ ဖို့ သိ န်း ၅၀လှူဒါန်း မှုအပြင်​ တစ်​အိ မ်​ချင်းစီအ တွက်​ ဆန်၊​ဆီ ၊​ငွေသားတချို့ လှူဒါန်း လိုက်​တဲ့ ဖြူဖြူ​ထွေး…

ဟာ သဗီဒီယိုလေးတွေနဲ့ ဖြူဖြူထွေးကတော့ လူသိများအောင်မြင်လာခဲ့တာက အခုဆိုရင် သရုပ်ဆောင်အဖြစ်ပါ ရပ်တည်နေရပြီ ဖြစ်ပါတယ် ။ ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းဖော်ရွေတဲ့ ဖြူဖြူထွေးဟာ တကယ့်ကိုချစ်ဖို့ကောင်းသူလေး ဖြစ်ပါတယ် ။

မာန်မာနကင်းသူဖြစ်တဲ့အပြင် အလှူအတန်းနဲ့ပတ်သက်ရင်လည်း လက်မနှေးတတ်တာ ဖြစ်ပါတယ် ။ဖြူဖြူထွေးအနေနဲ့ သူမရဲ့ရွာလေးမှာဆိုရင် မကြာခဏဆိုသလို တတ်နိုင်သလောက်အလှူလေးတွေ ပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ် ။

အခုလည်း သူမရဲ့ရွာလေးမှာရှိတဲ့ ရွာသူရွာသားတွေအတွက် ဆန်၊ဆီနဲ့ ငွေကြေးတွေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ရွာလေးကိုမီးရရှိရေးအတွက် အလှူငွေ သန်း(၅၀)ကျပ်တိတိကိုလည်း ပါဝင်လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။

တစ်ရွာလုံးကိုအိမ်မှာခေါ်ပြီး ဆန်တွေ၊ဆီတွေ အားရပါးရ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။ ဒါ့အပြင် ဖြူဖြူထွေးက သူမရဲ့အိမ်ကိုမလာနိုင်တဲ့ သက်ကြီးရွယ်အိုတွေဆီကိုလည်း အိမ်တိုင်ရာရောက်သွားရောက်ပြီး

အလှူပစ္စည်းတွေပေးခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ကြည်နူးစရာအလှူလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။Source:PhyuPhyuHtway

Add a Comment

Your email address will not be published. Required fields are marked *