နယုန် လ တစ်လ တာအတွက် အကော င်းဆုံးယတြာ (22.5.2020)မှ(19.6.2020)အ ထိ

နယုန်လဆန်း(၁)ရက်နေ့(22.5.2020)မှ နယုန်လကွယ်နေ့(19.6.2020)အထိ တစ်လတာလုံး

မိမိအိမ် ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား “ပန်းကန်ပြားတစ်ချပ်ပေါ်တွင် အဝါရောင်အဝတ်စကို ဖြန်းခင်းထားပြီး ထိုအဝါရောင်အဝတ်စပေါ်တွင် သီးသန့်ပန်းအိုး(သို့မဟုတ်) ဖန်ခွက်သစ် ဖြင့်

သပြေညွန့်–၆ညွန့် နှင့်

ကံ့ကော်ညွန့်—၂ညွန့် တင်ထား ကပ်လှူ ရပါမယ် မိတ်ဆွေများ ခင်ဗျား….။

ဆွမ်းတော်အဖြစ် ငှက်ပျောသီး ကပ်လှူ ကြပါ။

အောက်ပါ ဂါထာတော်ကို (၁၃)ခေါက်တိတိ ရွတ်ဖတ်ပေးရပါမယ်

” ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ

ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ

သဗ္ဗ လာဘသိဒ္ဓိ ဥပတုံမေ။”

နယုန်လတစ်လတာအတွင်း ကိုယ်ရော စိတ်ပါကျန်းမာ ချမ်းသာရပါလို၏။မိမိလိုရာဆုတောင်းနိုင်သည်။ မည်သည့်နေ့နံသားမဆိုလုပ်ဆောင်နိုင်ပါကြောင်း။

သပြေညွန့် နှင့် ကံ့ကော်ညွန့်များ ညိုးနွမ်းလာပါကစွန့်၍ အသစ်ပြန်လည် လှဲလှယ် ကပ်လှူ ပေးရမည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက နယုန်လတစ်လတာလုံး စီးပွားလာဘ်လာဘပွင့်လန်းစေပြီးမည်သည့်အခက်အခဲများ မဆို ကောင်ခြင်းမင်္ဂလာနှင့် ပြည့်စုံကြပါစေသား။

၇ရက်သားသမီးများအားလုံး ကြီးပွားချမ်းသာကြပါစေ

ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း 09776478912

Add a Comment

Your email address will not be published. Required fields are marked *