သ ရုပ်ဆောင် ဂွမ်းပုံ ရဲ့ မိခင် ကို ဝမ်းနည်းစွာ ပို့ဆောင်ခဲ့ တဲ့ နောက်ဆုံးခရီး ပုံရိပ်များ

ယခု သတင်းကို ( နာရေးကူညီမှုအသင်း ရန်ကုန် ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

၂၀၂၀၊ မေလ (၂၄)ရက် ယနေ့ နံနက် (၁၀:ဝဝ)နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ နှင့် ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို၊ စွမ်းထက်၊ ဇွဲလရောင် တို့မှ

ရုပ်ရှင်သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံ၏ မိခင် ဒေါ်ရင်သန်း အသက်(၇၉)နှစ်၏ ရုပ်ခန္ဓာအား စံပြဆေးရုံ မှ ရေဝေးသုသာန်သို့ နိဗ္ဗာန်ယာဉ်မောင်းနှင်ပေးခဲ့ပြီး စေတနာ့လုပ်အားပေး အသင်းသူ/သားများက လိုက်ပါပို့ဆောင်၍ ဖေးမကူညီခဲ့ကြသည်။

ကွယ်လွန်သူ ဒေါ်ရင်သန်း အသက်(၇၉)နှစ်အား ရည်စူး၍ ကျန်ရစ်သူ မိသားစု မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ (၅၀၀,၀၀၀/-) ငါးသိန်းကျပ်တိတိ အား လှူဒါန်းခဲ့ပါသည်။

လှူဒါန်းမှု အစုစုအတွက် သာဓု သာဓု သာဓု ခေါ်ဆိုလိုက်ရပါသည်။ ကောင်းရာသုဂတိလားပါစေ… ။

ဓာတ်ပုံ – ပြန်ကြားရေးဌာန #FFSS_YGN

Add a Comment

Your email address will not be published. Required fields are marked *