မြန်မာနိုင်ငံ က ကျပ် ( ၉၀ ) တန် တရုတ် ထုတ် နှာခေါင်းစည်းတွေ ရဲ့ ရင်ေ လးဖွယ် အရည်အေ သွး

အရည် အသွေး ထိန်းချုပ်ရေး က ဒီလောက် ညံ့ဖျင်းနေတာ ပေါ်လွင်နေ တယ် ။ တရုတ်ပြည်ကတော့ ၁ ကျပ်တန်လည်း ထုတ်ခိုင်းလို့ရတယ်။ ၁၀၀ တန်လည်း ထုတ်ခိုင်း လို့ ရ ပါ တယ် ။

အခု ၉၀ တန် mask မှာတော့ ၃ လွှာလုံးကို Non Woven Layer တွေနဲ့ လုပ်ထားတယ်။ အလယ်က အဓိက ရောဂါပိုးကို ကာကွယ်ပေးတဲ့ Melt Blown Layer မသုံးထားပါဘူး။

ကုန်ကြမ်းဈေးအနေ နဲ့ ကြည့်မယ် ဆိုရင် Non Woven Layer က တစ်တန် ကို USD 4500 လောက်ပဲ ရှိနေတဲ့အချိန် မှာ Melt Blown Layer က တစ်တန်ကို 55000 USD လောက်အထိ တန်ကြေးမြ င့်ပါတယ်။

ဒီလို ၃ လွှာလုံး Non Woven သုံးပြီး ပြည်တွင်းထုတ်မယ် ဆိုရင် တစ်ခုကို ၅၀-၆၀ ဝန်းကျင်လောက်နဲ့ ထုတ်လို့ ရပါတယ်။

ဒါပေမယ့် စားသုံးသူတွေအတွက်ဆိုရင်တော့ ပိုက်ဆံကုန်ခံရပြီး အကျိုးမရှိဖြစ်နေမှာပါ ။ ဖြစ်နိုင်ရင် ဘူးခွံတွေ ကို မယုံပါနဲ့ ။ Certificate ဓာတ်ပုံတွေကို မယုံပါနဲ့။ အမှန်အကန်တွေ မဟုတ်ကြပါဘူး။ အရမ်းပေါပြီ ဆိုပြီး မကြိုက်ကြပါနှ င့်။

ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ Face Mask အလွှာတွေအကြောင်း သိချင်ရင် ရှာဖတ်ကြည့်လိုက်ပါ။ နားလည်သွားပါလိမ့်မယ်။

Htoo Aung Myint

Add a Comment

Your email address will not be published. Required fields are marked *