မူ ဆယ် ကိုဗစ်လူ နာအမှတ် (၂၃၁) ဘယ်လိုကူးစက်ခဲ့တာလဲ သိချင်သူများအတွက်

လူနာအမှတ် ၂၃၁ ဟာ local case ပြည်တွင်းကူးစက်မှုဖြစ်တဲ့အတွက် စိုးရိမ်နေကြတာ မှန်ပေမယ့်သူမဟာ မူဆယ်ခရိုင် မုံပေါ်ကျေးလက်ကျန်းမာရေးဌာနရဲ့ဝန်ထမ်းဖြစ်ပြီး မူဆယ်မြို့နန်းတော်ဂိတ်မှာ volunteer ကျန်းမာရေးဝန်ထမ်းအဖြစ် ပြည်ပမှ ဝင်ရောက်လာသူတွေကို စစ်ဆေးတဲ့အဖွဲ့ထဲမှာ ပါဝင်ပါတယ် အဆိုပါနန်းတော်ဂိတ်မှ တာဝန်ကျသူအားလုံးကို ဆေးစစ်ချက်ယူရာမှာ တွေ့ရှိရခြင်းဖြစ်ပါတယ် ။

စိုးရိမ်စရာအခြေအနေတစ်ခုက ရောဂါလက္ခဏာမပြပဲ possitive အဖြေထွက်ရှိခြင်းကြောင့် သူမနှင့်အနီးကပ် တာဝန်ကျသူတွေ ပြည်ပမှ ဝင်ရောက်လာသူတွေအတွက် စိုးရိမ်စရာပါ ။

ယနေ့ည အခြေအနေအရ သူမနေထိုင်ရာ မူဆယ်မြို့ ကုန်းအမှတ် ၄၅ မီးသတ်စခန်းမြောက်ဘက်လမ်းကိုLock down ချ အသွားအလားကန့်သတ်ခြင်း သူမ၏ခင်ပွန်းဖြစ်သူ ဆိုင်ကယ်ပြင်ဆရာကိုလည်း မူဆယ်ဆေးရုံကြီးသို့ခေါ်ဆောင်လျက် စောင့်ကြည့်လျက်ရှိပါသည်။

၂၊၆၊၂၀၂၀သတ္တလောက ငြိမ်းချမ်းပါစေ

Credit…Lin Myat Phyo

Add a Comment

Your email address will not be published. Required fields are marked *