႐ွီက်င့္ဖ်င္ နဲ႕ လက္ ၀ါးျခင္းရိုက္ ခဲ႕ျပီး အာဏာရ ဖို႔ ဘာမဆိုလုပ္ မယ့္ လ်ိဳ႕၀ွက္ ခ်က္ မ်ား ေဖာ္ထုတ္ခံလိုက္ရတဲ႕ ထရန္႕

အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ ဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲ မွာ သူပဲ အႏုိင္ရၿပီး သမၼတ ဆက္ျဖစ္ႏုိင္ေစဖုိ႔ တရုတ္ သမၼတ ရွီက်င့္ဖ်င္ ရဲ႕ အကူအညီ ကုိ ပြင့္ပြင့္လင္းလင္း ေတာင္းခံခဲ့ တယ္ လုိ႔ သိရ ပါ တယ္ ။ အဲဒီ ကိစၥ အပါအဝင္ အျခား မေကာင္းတဲ့ လုပ္ရပ္မ်ား ကုိ ပါ လုပ္ေဆာင္ ထားတယ္ လုိ႔ အေမရိကန္ အမ်ိဳးသားလုံၿခဳံေရး အႀကံေပး အရာရွိေဟာင္း ဂြၽန္ဘိုလ္တန္က စြပ္စြဲလိုက္ ပါ တယ္ ။

ေဒၚနယ္ထရမ့္ဟာ သူ႔ ကုိ ေထာက္ခံတဲ့ အာဏာရွင္မ်ားကို ပုဂၢိဳလ္ေရးဆိုင္ရာ မ်က္ႏွာသာေပးဖို႔အတြက္ ရာဇဝတ္မႈဆိုင္ရာ စုံစမ္းစစ္ေဆးမႈမ်ားကို တနည္းနည္းနဲ႔ ရပ္တန္႔ေစလုိတဲ့ ဆႏၵ ရွိတယ္ လုိ႔လည္း ဘုိလ္တန္ ရဲ႕ စာအုပ္သစ္ထဲ မွာ ေဖာ္ျပထား ပါတယ္ ။

ဒါ့အျပင္ သမၼတထရမ့္ဟာ အိမ္ျဖဴေတာ္ ကို ဘယ္လို စီမံၿပီး ဦးစီးေဆာင္ ရြက္ရမလဲဆိုတာ ကို အံ့ၾသစရာ ေကာင္းေလာက္ေအာင္ မသိရွိဘူး လို႔လည္း အမ်ိဳးသားလုံၿခဳံေရး အႀကံေပးေဟာင္း ဂြၽန္ေဘာ္လ္တန္ က ေျပာဆို ပါတယ္။

ႏိုင္ငံျခားေရးမူဝါဒဆိုင္ရာ မွာ သေဘာ ထားတင္းမာ သူတစ္ဦးျဖစ္ ခဲ့တဲ့ ဂြၽန္ဘိုလ္တန္ဟာ ထရမ့္ရဲ႕ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး အရာရွိ အျဖစ္ တာဝန္ထမ္းခဲ့သူျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ စက္တင္ဘာလတြင္ ႏွစ္ဦးအၾကား မူဝါဒေရးရာ သေဘာထားကြဲလြဲမႈမ်ားျဖစ္ေပၚၿပီးေနာက္ ရာထူးမွ ထုတ္ပယ္ခံခဲ့ရ ပါတယ္။ သူ ေရးသားထားတဲ့ ထရမ့္အေၾကာင္း အတြင္းေရးမ်ား ပါဝင္တဲ့ “The Room Where It Happened: A White House Memoir” စာအုပ္ ကို မၾကာမီ ထုတ္ေဝသြား ဖုိ႔ ရွိေနပါတယ္။

“မႏွစ္က တ႐ုတ္သမၼတ ရွီ နဲ႔ ေတြ႕ဆုံခ်ိန္တုန္းက ထရမ့္ဟာ လာမယ့္ အေမရိကန္ ေ႐ြးေကာက္ပြဲ အေၾကာင္းကို ထည့္ေျပာခဲ့ပါတယ္၊ ေနာက္ၿပီး တ႐ုတ္ရဲ႕ စီးပြားေရး ဆိုင္ရာ လုပ္ႏိုင္စြမ္းေတြကိုလည္း သြယ္ဝိုက္ ေျပာဆိုခဲ့ ပါတယ္ ၊ ၿပီးေတာ့ ေ႐ြးေကာက္ပြဲ မွာ သူေသခ်ာေပါက္ ႏိုင္ေအာင္ အကူအညီရဖို႔ ရွီ ကို ေတာင္းဆိုခဲ့ပါတယ္” ဟု ဂြၽန္ ဘိုလ္တန္က ၎ရဲ႕စာအုပ္ထဲတြင္ ေရးသားထား ပါတယ္။

ဝီဂါလူမ်ဳိး လူနည္းစုႏွင့္ အျခားအစု အဖြဲ႕မ်ား ကို တ႐ုတ္တို႔ ဖိႏွိပ္မႈအေပၚ ထရမ့္ အစိုးရ က ျပင္းျပင္းထန္ထန္ ေဝဖန္ထားခဲ့ေပမယ့္ လည္း ၂၀၁၉ ခုႏွစ္ ဇြန္လ ဂ်ပန္ႏိုင္ငံ အိုဆာကာၿမိဳ႕ တြင္ ယင္းကိစၥႏွင့္ ပတ္သက္၍ ထရမ့္က ရွီက်င့္ဖ်င္ ကို မီးစိမ္းျပခဲ့ေၾကာင္း ဘိုလ္တန္က ေျပာ ပါတယ္။

သမၼတ ထရမ့္ ကလည္း ဘိုလ္တန္သည္ “လူလိမ္ လူညာ” တစ္ဦးျဖစ္တယ္ လုိ႔ အင္တာဗ်ဴး တခုမွာ ျပန္လည္ တံု႔ျပန္လုိက္ ပါတယ္။ “ဇာတ္လမ္းျဖစ္ပ်က္ျဖစ္ ခဲ့တဲ့ အခန္း “ လို႔ အမည္ရတဲ့ စာမ်က္ႏွာ ၅၇၇- မ်က္ႏွာပါ ေဘာ္လ္တန္ ရဲ႕စာအုပ္ ကို ဇြန္လ ၂၃ ရက္ မွာ စတင္ေရာင္းခ်ဖို႔ စီစဥ္ထား ပါတယ္ ။ ဒါေပမဲ့လည္း ထရမ့္အစိုးရက အဲဒီစာအုပ္ ေရာင္းခ် မျဖစ္ေအာင္ တားဆီးေန ပါတယ္ ။

ဇြန္လ ၁၇ ရက္ ညကပဲ အေမရိကန္ တရားေရးဌာဟာ စာအုပ္ထုတ္ေဝခြင့္ကို တားျမစ္ တဲ့ တရားသူႀကီး ရဲ႕ အေရးေပၚ ၫႊန္ၾကားခ်က္ ကို ရရွိခဲ့ပါတယ္။ ဂြၽန္ေဘာ္လ္တန္ ရဲ႕ စာအုပ္သစ္ ကုိ အုပ္ေရ သိန္းခ်ီၿပီး ကမာၻတဝွမ္း ကို ျဖန႔္ခ်ိထားတာမို႔ တရား႐ုံး အမိန႔္စာ ဟာ ေအာင္ျမင္ မွာ မဟုတ္ဘူး လို႔ စာအုပ္တိုက္က ေျပာဆိုခဲ့ ပါတယ္။

ရှီကျင့်ဖျင် နဲ့ လက် ၀ါးခြင်းရိုက် ခဲ့ပြီး အာဏာရ ဖို့ ဘာမဆိုလုပ် မယ့် လျို့ဝှက် ချက် များ ဖော်ထုတ်ခံလိုက်ရတဲ့ ထရန့်

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ဟာ ၂၀၂၀ ရွေးကောက်ပွဲ မှာ သူပဲ အနိုင်ရပြီး သမ္မတ ဆက်ဖြစ်နိုင်စေဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင် ရဲ့ အကူအညီ ကို ပွင့်ပွင့်လင်းလင်း တောင်းခံခဲ့ တယ် လို့ သိရ ပါ တယ် ။ အဲဒီ ကိစ္စ အပါအဝင် အခြား မကောင်းတဲ့ လုပ်ရပ်များ ကို ပါ လုပ်ဆောင် ထားတယ် လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး အရာရှိဟောင်း ဂျွန်ဘိုလ်တန်က စွပ်စွဲလိုက် ပါ တယ် ။

ဒေါ်နယ်ထရမ့်ဟာ သူ့ ကို ထောက်ခံတဲ့ အာဏာရှင်များကို ပုဂ္ဂိုလ်ရေးဆိုင်ရာ မျက်နှာသာပေးဖို့အတွက် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို တနည်းနည်းနဲ့ ရပ်တန့်စေလိုတဲ့ ဆန္ဒ ရှိတယ် လို့လည်း ဘိုလ်တန် ရဲ့ စာအုပ်သစ်ထဲ မှာ ဖော်ပြထား ပါတယ် ။

ဒါ့အပြင် သမ္မတထရမ့်ဟာ အိမ်ဖြူတော် ကို ဘယ်လို စီမံပြီး ဦးစီးဆောင် ရွက်ရမလဲဆိုတာ ကို အံ့သြစရာ ကောင်းလောက်အောင် မသိရှိဘူး လို့လည်း အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန်ဘော်လ်တန် က ပြောဆို ပါတယ်။

နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မှာ သဘော ထားတင်းမာ သူတစ်ဦးဖြစ် ခဲ့တဲ့ ဂျွန်ဘိုလ်တန်ဟာ ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး အရာရှိ အဖြစ် တာဝန်ထမ်းခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် နှစ်ဦးအကြား မူဝါဒရေးရာ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရ ပါတယ်။ သူ ရေးသားထားတဲ့ ထရမ့်အကြောင်း အတွင်းရေးများ ပါဝင်တဲ့ “The Room Where It Happened: A White House Memoir” စာအုပ် ကို မကြာမီ ထုတ်ဝေသွား ဖို့ ရှိနေပါတယ်။

“မနှစ်က တရုတ်သမ္မတ ရှီ နဲ့ တွေ့ဆုံချိန်တုန်းက ထရမ့်ဟာ လာမယ့် အမေရိကန် ရွေးကောက်ပွဲ အကြောင်းကို ထည့်ပြောခဲ့ပါတယ်၊ နောက်ပြီး တရုတ်ရဲ့ စီးပွားရေး ဆိုင်ရာ လုပ်နိုင်စွမ်းတွေကိုလည်း သွယ်ဝိုက် ပြောဆိုခဲ့ ပါတယ် ၊ ပြီးတော့ ရွေးကောက်ပွဲ မှာ သူသေချာပေါက် နိုင်အောင် အကူအညီရဖို့ ရှီ ကို တောင်းဆိုခဲ့ပါတယ်” ဟု ဂျွန် ဘိုလ်တန်က ၎င်းရဲ့စာအုပ်ထဲတွင် ရေးသားထား ပါတယ်။

ဝီဂါလူမျိုး လူနည်းစုနှင့် အခြားအစု အဖွဲ့များ ကို တရုတ်တို့ ဖိနှိပ်မှုအပေါ် ထရမ့် အစိုးရ က ပြင်းပြင်းထန်ထန် ဝေဖန်ထားခဲ့ပေမယ့် လည်း ၂၀၁၉ ခုနှစ် ဇွန်လ ဂျပန်နိုင်ငံ အိုဆာကာမြို့ တွင် ယင်းကိစ္စနှင့် ပတ်သက်၍ ထရမ့်က ရှီကျင့်ဖျင် ကို မီးစိမ်းပြခဲ့ကြောင်း ဘိုလ်တန်က ပြော ပါတယ်။

သမ္မတ ထရမ့် ကလည်း ဘိုလ်တန်သည် “လူလိမ် လူညာ” တစ်ဦးဖြစ်တယ် လို့ အင်တာဗျူး တခုမှာ ပြန်လည် တုံ့ပြန်လိုက် ပါတယ်။ “ဇာတ်လမ်းဖြစ်ပျက်ဖြစ် ခဲ့တဲ့ အခန်း “ လို့ အမည်ရတဲ့ စာမျက်နှာ ၅၇၇- မျက်နှာပါ ဘော်လ်တန် ရဲ့စာအုပ် ကို ဇွန်လ ၂၃ ရက် မှာ စတင်ရောင်းချဖို့ စီစဉ်ထား ပါတယ် ။ ဒါပေမဲ့လည်း ထရမ့်အစိုးရက အဲဒီစာအုပ် ရောင်းချ မဖြစ်အောင် တားဆီးနေ ပါတယ် ။

ဇွန်လ ၁၇ ရက် ညကပဲ အမေရိကန် တရားရေးဌာဟာ စာအုပ်ထုတ်ဝေခွင့်ကို တားမြစ် တဲ့ တရားသူကြီး ရဲ့ အရေးပေါ် ညွှန်ကြားချက် ကို ရရှိခဲ့ပါတယ်။ ဂျွန်ဘော်လ်တန် ရဲ့ စာအုပ်သစ် ကို အုပ်ရေ သိန်းချီပြီး ကမ္ဘာတဝှမ်း ကို ဖြန့်ချိထားတာမို့ တရားရုံး အမိန့်စာ ဟာ အောင်မြင် မှာ မဟုတ်ဘူး လို့ စာအုပ်တိုက်က ပြောဆိုခဲ့ ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *