နယ္စပ္မွာ ဝါဒျဖန္႕အသံခ်ဲ႕စက္ေတြ ျပန္တပ္ ဆင္ထားၿပီး ေတာင္ကို ရီးယား ကို အပီ အျပင္လက္ စားေခ် ဖို႕စီစဥ္ေန တဲ႕ ေျမာက္ကိုရီးယား

ေျမာ က္ ကို ရီး ယားႏိုင္ငံ က ဝါဒျဖန႔္ခ်ိေရး ေၾကညာတဲ့ အသံ ခ်ဲ႕စက္ေတြ ကို နယ္စပ္တေလွ်ာက္ ျပန္တပ္ဆင္ေနတာ ကို ဇြန္လ ၂၃ ရက္ေန႕က ေတြ႕ ရ ပါ တယ္ ။ ေတာင္ကုိရီးယား စစ္တပ္ ကလည္း ယင္းသုိ ့ အလားတူတုံ႕ျပန္ဖုိ ့ စီစဥ္ေနေၾကာင္း ေတာင္ကုိရီးယား စစ္တပ္ သတင္းရင္းျမစ္တစ္ခု က အဂၤါေန ့မွာ ေျပာ ဆုိ ပါ တယ္ ။ရန္လိုတဲ့ လုပ္ရပ္အားလုံး ကို အဆုံးသတ္ေရး သေဘာတူညီခ်က္ကို ေတာင္နဲ႔ ေျမာက္ ကိုရီးယား ႏွစ္ႏိုင္ငံအၾကား ၂၀၁၈ ခုႏွစ္က လက္မွတ္ထိုးၿပီးကတည္းက အဲဒီအသံခ်ဲ႕စက္ေတြ ကို ျဖဳတ္ထားခဲ့ ပါတယ္ ။ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီး ဌာန က ၿငိမ္းခ်မ္းေရး ကို အားေပးျမႇင့္တင္ တဲ့ ပူးတြဲအား ထုတ္မႈေတြ ကို ဆန႔္က်င္ဖို႔ ဆက္လုပ္ေနမယ္ဆိုရင္ ေျမာက္ကိုရီးယား အစိုးရဟာ အက်ိဳးဆက္ေတြ အတြက္ ေပးဆပ္ရမယ္လို႔ ပုံမွန္သတင္းစာရွင္းလင္းပြဲအတြင္း အေသအခ်ာ ေျပာ ပါတယ္။

ေျမာက္ကုိရီးယား ျပည္ေျပးေတြရဲ႕ ၀ါဒျဖန္ ့ လက္ကမ္းစာရြက္ေတြ ႀကဲခ်တဲ့ လုပ္ရပ္ နဲ႕ ပတ္သက္ၿပီး ေတာင္၊ ေျမာက္ကုိရီးယား ႏွစ္ႏုိင္ငံ တင္းမာမႈ ျမင့္တက္ေနပါတယ္။ ေျမာက္ကုိရီးယားဟာ ၿပီးခဲ့တဲ့သီတင္းပတ္က နယ္စပ္ရွိ ႏွစ္ႏုိင္ငံ ဆက္ဆံေရးရုံးကုိ ေဖာက္ခြဲဖ်က္ဆီးခဲ့ၿပီး ႏွစ္ႏုိင္ငံ ေဆြးေႏြးေျပာဆုိမႈေတြ အဆုံးသတ္ၿပီျဖစ္ ကာ စစ္ေရးအရ လက္တုံ႕ျပန္မယ္လုိ ့ ၿခိမ္းေျခာက္ခဲ့ ပါတယ္ ။စစ္ေရးအရ အေရးယူမယ္ လို႔လည္း ၿခိမ္းေျခာက္အၿပီး ႏွစ္ႏိုင္ငံၾကား တင္းမာမႈ တိုးလာခဲ့တာပါ။ေတာင္ကိုရီးယား တက္ႂကြလႈပ္ရွားသူ အုပ္စု ငယ္ တစုက လည္း ႏွစ္ႏိုင္ငံနယ္စပ္မွာ ဇြန္ ၂၂ ရက္က စီတန္းလွည့္လည္ရင္း နယ္စပ္တေလွ်ာက္ ဝါဒျဖန႔္စာေစာင္ေတြ ပို႔ေနတဲ့ ဘက္ေျပာင္းေတြ ကို ဟန႔္တားေရး ေတာင္ကိုရီးယား အစိုးရက အေရးယူ ေဆာင္႐ြက္ ဖို႔ တိုက္တြန္းခဲ့ၾကပါတယ္။

ကုိရီးယားႏွစ္ႏုိင္ငံ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ေတြအေပၚ ထပ္မံ ခ်ဳိးေဖာက္လုိက္မႈ အျဖစ္ ေျမာက္ကုိရီးယားက နယ္စပ္မွာ ၀ါဒျဖန္ ့ အသံခ်ဲ႕စက္ေတြ ျပန္လည္ တပ္ဆင္ေနတာေၾကာင့္ ေတာင္ကိုရီးယားဘက္ကလည္း အသံခ်ဲ႕စက္ေတြကုိ ျပန္တပ္ဆင္ဖုိ ့ စဥ္းစားေနပါတယ္။ သုိ ့ေပမယ့္ ေျမာက္ကုိရီးယားဟာ အသံခ်ဲ႕စက္ေတြကေန ဘာမွ် ထုတ္လႊင့္ျခင္း မရွိေသးေၾကာင္း၊ ထုတ္လႊင့္လာၿပီဆုိတာ နဲ႕ တုံ႕ျပန္ေဆာင္ရြက္ႏုိင္ဖုိ ့ အသင့္စီစဥ္ထားရွိေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက ဆုိပါတယ္။

DVB

နယ်စပ်မှာ ဝါဒဖြန့်အသံချဲ့စက်တွေ ပြန်တပ် ဆင်ထားပြီး တောင်ကို ရီးယား ကို အပီ အပြင်လက် စားချေ ဖို့စီစဉ်နေ တဲ့ မြောက်ကိုရီးယား

မြော က် ကို ရီး ယားနိုင်ငံ က ဝါဒဖြန့်ချိရေး ကြေညာတဲ့ အသံ ချဲ့စက်တွေ ကို နယ်စပ်တလျှောက် ပြန်တပ်ဆင်နေတာ ကို ဇွန်လ ၂၃ ရက်နေ့က တွေ့ ရ ပါ တယ် ။ တောင်ကိုရီးယား စစ်တပ် ကလည်း ယင်းသို ့ အလားတူတုံ့ပြန်ဖို ့ စီစဉ်နေကြောင်း တောင်ကိုရီးယား စစ်တပ် သတင်းရင်းမြစ်တစ်ခု က အင်္ဂါနေ ့မှာ ပြော ဆို ပါ တယ် ။ရန်လိုတဲ့ လုပ်ရပ်အားလုံး ကို အဆုံးသတ်ရေး သဘောတူညီချက်ကို တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံအကြား ၂၀၁၈ ခုနှစ်က လက်မှတ်ထိုးပြီးကတည်းက အဲဒီအသံချဲ့စက်တွေ ကို ဖြုတ်ထားခဲ့ ပါတယ် ။တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာန က ငြိမ်းချမ်းရေး ကို အားပေးမြှင့်တင် တဲ့ ပူးတွဲအား ထုတ်မှုတွေ ကို ဆန့်ကျင်ဖို့ ဆက်လုပ်နေမယ်ဆိုရင် မြောက်ကိုရီးယား အစိုးရဟာ အကျိုးဆက်တွေ အတွက် ပေးဆပ်ရမယ်လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း အသေအချာ ပြော ပါတယ်။

မြောက်ကိုရီးယား ပြည်ပြေးတွေရဲ့ ၀ါဒဖြန် ့ လက်ကမ်းစာရွက်တွေ ကြဲချတဲ့ လုပ်ရပ် နဲ့ ပတ်သက်ပြီး တောင်၊ မြောက်ကိုရီးယား နှစ်နိုင်ငံ တင်းမာမှု မြင့်တက်နေပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့သီတင်းပတ်က နယ်စပ်ရှိ နှစ်နိုင်ငံ ဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး နှစ်နိုင်ငံ ဆွေးနွေးပြောဆိုမှုတွေ အဆုံးသတ်ပြီဖြစ် ကာ စစ်ရေးအရ လက်တုံ့ပြန်မယ်လို ့ ခြိမ်းခြောက်ခဲ့ ပါတယ် ။စစ်ရေးအရ အရေးယူမယ် လို့လည်း ခြိမ်းခြောက်အပြီး နှစ်နိုင်ငံကြား တင်းမာမှု တိုးလာခဲ့တာပါ။တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူ အုပ်စု ငယ် တစုက လည်း နှစ်နိုင်ငံနယ်စပ်မှာ ဇွန် ၂၂ ရက်က စီတန်းလှည့်လည်ရင်း နယ်စပ်တလျှောက် ဝါဒဖြန့်စာစောင်တွေ ပို့နေတဲ့ ဘက်ပြောင်းတွေ ကို ဟန့်တားရေး တောင်ကိုရီးယား အစိုးရက အရေးယူ ဆောင်ရွက် ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူညီချက်တွေအပေါ် ထပ်မံ ချိုးဖောက်လိုက်မှု အဖြစ် မြောက်ကိုရီးယားက နယ်စပ်မှာ ၀ါဒဖြန် ့ အသံချဲ့စက်တွေ ပြန်လည် တပ်ဆင်နေတာကြောင့် တောင်ကိုရီးယားဘက်ကလည်း အသံချဲ့စက်တွေကို ပြန်တပ်ဆင်ဖို ့ စဉ်းစားနေပါတယ်။ သို ့ပေမယ့် မြောက်ကိုရီးယားဟာ အသံချဲ့စက်တွေကနေ ဘာမျှ ထုတ်လွှင့်ခြင်း မရှိသေးကြောင်း၊ ထုတ်လွှင့်လာပြီဆိုတာ နဲ့ တုံ့ပြန်ဆောင်ရွက်နိုင်ဖို ့ အသင့်စီစဉ်ထားရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

DVB

Add a Comment

Your email address will not be published. Required fields are marked *