ရခိုင္မွ မူလတန္းျပ ဆရာမ ကို အဓမၼျပဳက် င့္ကာ ပစၥည္းလုကာ သတ္ ခဲ႕တဲ႕ တရားခံကို ေသဒဏ္ခ်မွတ္လိုက္

ရခိုင္ ျပည္နယ္ ၊ ရမ္းၿဗဲၿမိဳ႕နယ္ မွာ မူလတန္းျပ ဆရာမ တစ္ဦး ကို အဓမၼျပဳက်င့္ကာ ပစၥည္းလုယူၿပီး သတ္ပစ္ခဲ့တဲ့ တရားခံ ေ႐ႊထူး ( ခ ) ေအးခ်မ္း ဆိုသူကို ေက်ာက္ျဖဴခ႐ိုင္ တရား႐ုံးက ဇြန္ ၂၅ ရက္ မွာ ေသဒဏ္ အမိန႔္ ခ်မွတ္ခဲ့တယ္ လို႔ ေက်ာက္ျဖဴခ႐ိုင္ ရဲတပ္ဖြဲ႕မႉး႐ုံးက သိရ ပါတ ယ္ ။

မူလတန္းျပ ဆရာမတစ္ဦး ဟာ ၂၀၁၈ ဒီဇင္ဘာ ၁၀ ရက္မနက္က ေနအိမ္မွ ၁ မိုင္ေက်ာ္ေလာက္ေဝးတဲ့ အတြင္းျပင္အုပ္စု ေတာင္႐ြာေက်း႐ြာ (အ.မ.က)ေက်ာင္းကို ေက်ာင္းတက္ဖို႔ လမ္းေလွ်ာက္ၿပီးသြားရာ မွာ ေက်ာင္း ကို ၁၂ နာရီ အခ်ိန္ထိ ေရာက္မလာလို႔ ေက်ာင္းအုပ္ ဆရာမႀကီး က မိဘေတြထံ ဖုန္းဆက္အေၾကာင္းၾကား ခဲ့ ပါ တယ္။

ဆရာမ ရဲ႕ ဖခင္ျဖစ္သူက သမီးေပ်ာက္ဆုံးေနတာ ကို သိရွိခဲ့ၿပီးေနာက္ လိုက္လံ ရွာေဖြရာမွာ သေျပကြၽန္းေက်း႐ြာ အနီး ကားလမ္းမေဘး ရွိေခ်ာင္းေဘးကမ္း မွာ လည္ပင္းညိဳမဲ ဒဏ္ရာ ၊ မအဂၤါစပ္ေသြးထြက္ ဒဏ္ရာ တို႔ရရွိကာ ေသဆုံးေနတာ ကိုေတြ႕ရွိခဲ့တာပါ ။

အဓမၼျပဳက်င့္ကာ ဖုန္းနဲ႔ နားကပ္ေတြ ကိုလုယူၿပီး ေသဆုံးေအာင္ ႐ိုက္ႏွက္ခဲ့သူအား စုံစမ္းေဖာ္ထုတ္အေရးယူေပးဖို႔ ဆရာမရဲ႕ဖခင္ျဖစ္သူက ရမ္းၿဗဲၿမိဳ႕နယ္ ေလးေတာင္ရဲစခန္းမွာ တရားလိုျပဳလုပ္ကာ တိုင္ၾကား ခဲ့တဲ့ အမႈျဖစ္ ပါတယ္ ။

အဆိုပါ အမႈ က်ဴးလြန္သူ ေ႐ႊထူး(ခ) ေအးခ်မ္းကို က်ဴးလြန္ၿပီး ၂၄ နာရီအတြင္း ေက်ာက္ျဖဴခ႐ိုင္ရဲတပ္ဖြဲ႕မႉး ဦးစီးတဲ့အဖြဲ႕က ယူသြားတဲ့ပစၥည္းေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့ၿပီးေနာက္ လူသတ္မႈ၊ မုဒိန္းမႈ၊ လုယက္မႈတို ႔နဲ႔ အမႈဖြင့္လွစ္ကာ ေက်ာက္ျဖဴခ႐ိုင္ တရား႐ုံး မွာ ၂၀၁၉ ဇန္နဝါရီ ၁ရက္က စတင္ စစ္ေဆး ခဲ့ပါတယ္။

အမႈမွတရားလိုျပ သက္ေသ ၃၀ ဦးကိုစစ္ေဆးခဲ့ၿပီးေနာက္ ဇြန္လ ၂၅ ရက္မွာ ျပစ္မႈက်ဴးလြန္သူ ေ႐ႊထူး(ခ)ေအးခ်မ္းကို ေက်ာက္ျဖဴခ႐ိုင္တရား႐ုံးက ရာဇသတ္ႀကီး ပုဒ္မ-၃၀၂(၁)(ဂ)အရ ျပစ္မႈထင္ရွားတဲ့ အတြက္ အျမင့္ဆုံးျပစ္ဒဏ္ျဖစ္ တဲ့ ေသဒဏ္ အမိ န႔္ကို ခ်မွတ္ခဲ့တာ လို႔ ေက်ာက္ျဖဴခ႐ိုင္ ရဲတပ္ဖြဲ႕မႉး႐ုံး မွ ဒုရဲမႉးေက်ာ္ေက်ာ္ဝင္းက ေျပာ ပါတယ္ ။

ရခိုင်မှ မူလတန်းပြ ဆရာမ ကို အဓမ္မပြုကျ င့်ကာ ပစ္စည်းလုကာ သတ် ခဲ့တဲ့ တရားခံကို သေဒဏ်ချမှတ်လိုက်

ရခိုင် ပြည်နယ် ၊ ရမ်းဗြဲမြို့နယ် မှာ မူလတန်းပြ ဆရာမ တစ်ဦး ကို အဓမ္မပြုကျင့်ကာ ပစ္စည်းလုယူပြီး သတ်ပစ်ခဲ့တဲ့ တရားခံ ရွှေထူး ( ခ ) အေးချမ်း ဆိုသူကို ကျောက်ဖြူခရိုင် တရားရုံးက ဇွန် ၂၅ ရက် မှာ သေဒဏ် အမိန့် ချမှတ်ခဲ့တယ် လို့ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရ ပါတ ယ် ။

မူလတန်းပြ ဆရာမတစ်ဦး ဟာ ၂၀၁၈ ဒီဇင်ဘာ ၁၀ ရက်မနက်က နေအိမ်မှ ၁ မိုင်ကျော်လောက်ဝေးတဲ့ အတွင်းပြင်အုပ်စု တောင်ရွာကျေးရွာ (အ.မ.က)ကျောင်းကို ကျောင်းတက်ဖို့ လမ်းလျှောက်ပြီးသွားရာ မှာ ကျောင်း ကို ၁၂ နာရီ အချိန်ထိ ရောက်မလာလို့ ကျောင်းအုပ် ဆရာမကြီး က မိဘတွေထံ ဖုန်းဆက်အကြောင်းကြား ခဲ့ ပါ တယ်။

ဆရာမ ရဲ့ ဖခင်ဖြစ်သူက သမီးပျောက်ဆုံးနေတာ ကို သိရှိခဲ့ပြီးနောက် လိုက်လံ ရှာဖွေရာမှာ သပြေကျွန်းကျေးရွာ အနီး ကားလမ်းမဘေး ရှိချောင်းဘေးကမ်း မှာ လည်ပင်းညိုမဲ ဒဏ်ရာ ၊ မအင်္ဂါစပ်သွေးထွက် ဒဏ်ရာ တို့ရရှိကာ သေဆုံးနေတာ ကိုတွေ့ရှိခဲ့တာပါ ။

အဓမ္မပြုကျင့်ကာ ဖုန်းနဲ့ နားကပ်တွေ ကိုလုယူပြီး သေဆုံးအောင် ရိုက်နှက်ခဲ့သူအား စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ဆရာမရဲ့ဖခင်ဖြစ်သူက ရမ်းဗြဲမြို့နယ် လေးတောင်ရဲစခန်းမှာ တရားလိုပြုလုပ်ကာ တိုင်ကြား ခဲ့တဲ့ အမှုဖြစ် ပါတယ် ။

အဆိုပါ အမှု ကျူးလွန်သူ ရွှေထူး(ခ) အေးချမ်းကို ကျူးလွန်ပြီး ၂၄ နာရီအတွင်း ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးတဲ့အဖွဲ့က ယူသွားတဲ့ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် လူသတ်မှု၊ မုဒိန်းမှု၊ လုယက်မှုတို ့နဲ့ အမှုဖွင့်လှစ်ကာ ကျောက်ဖြူခရိုင် တရားရုံး မှာ ၂၀၁၉ ဇန်နဝါရီ ၁ရက်က စတင် စစ်ဆေး ခဲ့ပါတယ်။

အမှုမှတရားလိုပြ သက်သေ ၃၀ ဦးကိုစစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၂၅ ရက်မှာ ပြစ်မှုကျူးလွန်သူ ရွှေထူး(ခ)အေးချမ်းကို ကျောက်ဖြူခရိုင်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ-၃၀၂(၁)(ဂ)အရ ပြစ်မှုထင်ရှားတဲ့ အတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ် တဲ့ သေဒဏ် အမိ န့်ကို ချမှတ်ခဲ့တာ လို့ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှ ဒုရဲမှူးကျော်ကျော်ဝင်းက ပြော ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *