ရဲတပ္ ဖြဲ႕ဝင္ အမ်ိဳးသမီး မ်ားအား လိင္အျမတ္ထုတ္ မႈ ကိစၥ လူအခြင့္အေ ရး ေကာ္မရွင္ ေစာင့္ၾကည္ေန

ထိပ္ တန္း ရဲအရာရွိႀကီးတစ္ဦးက တပ္ဖြဲ႕ဝင္အမ်ိဳးသမီးတခ်ိဳ႕ကို ရာထူးတိုးတာ နဲ႔ ပတ္သက္ၿပီး လိင္ပိုင္း ဆိုင္ရာအလြဲသုံးမႈကိစၥကို ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္က ေစာင့္ၾကည့္ေနၿပီး လိုအပ္လာရင္ဝင္ေရာက္ကိုင္တြယ္သြားမွာျဖစ္တယ္လို႔ ေကာ္မရွင္ ဥကၠ႒ ဦးလွျမင့္က ေျပာဆို ေၾကာင္း သိရပါတယ္။ အခုကိစၥမွာ လိုအပ္ရင္ လိုအပ္သလို ေကာ္မရွင္က အသိေပးတာေတြနဲ႔ သတင္းထုတ္ျပန္တာေတြ ျပဳလုပ္သြားမွာျဖစ္သလို၊ တရားဥပေဒအရ မွန္မွန္ကန္ကန္ျဖစ္သင့္ေၾကာင္းနဲ႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္က စုံစမ္းစစ္ေဆးတာ ေတြရွိေနတယ္လို႔လည္း ဦးလွျမင့္ကေျပာပါတယ္။

ညီမွ်ျခင္းျမန္မာအဖြဲ႕ရဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္း ကေတာ့ အမ်ိဳးသမီးေတြ အေပၚ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္တာဟာ အၾကမ္းဖက္မႈျဖစ္ၿပီး၊ တပ္ဖြဲ႕ဝင္ အမ်ိဳးသမီးေတြကို လိင္ပိုင္းဆိုင္ရာ အလြဲသုံးမႈကိစၥ ေပၚေပါက္လာရင္ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒနဲ႔ အေရးယူတာအျပင္ အရပ္ဖက္ဥပေဒနဲ႔ပါ အေရးယူ ေပးဖို႔ တာဝန္ရွိသူေတြကို တိုက္တြန္းေျပာဆိုလိုက္ပါတယ္။အခုလို လိင္ပိုင္းဆိုင္ရာ အလြဲသုံးမႈေတြနဲ႔ စပ္လ်ဥ္းၿပီး လူမႈကြန္ရက္ေတြမွာ အမ်ိဳးသမီးေတြ ဂုဏ္သိကၡာ ထိပါးေစတဲ့ ေရးသားေျပာဆိုတာေတြ သ႐ုပ္ေဖာ္ေရးဆြဲတာေတြနဲ႔ မွ်ေဝတာေတြ မျပဳလုပ္ဖို႔လည္း ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က တိုက္တြန္း ထားပါတယ္။

လက္ရွိမွာ တပ္ဖြဲ႕ဝင္အမ်ိဳးသမီးေတြကို လိင္ပိုင္း ဆိုင္ရာ အျမတ္ထုတ္တယ္ ဆိုၿပီး တိုင္ၾကား ခံထားရတဲ့ ရဲရာထူးခန႔္ခ်ဳပ္ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းကို စစ္ေဆးေနပါတယ္။

ရဲတပ် ဖွဲ့ဝင် အမျိုးသမီး များအား လိင်အမြတ်ထုတ် မှု ကိစ္စ လူအခွင့်အေ ရး ကော်မရှင် စောင့်ကြည်နေ

ထိပ် တန်း ရဲအရာရှိကြီးတစ်ဦးက တပ်ဖွဲ့ဝင်အမျိုးသမီးတချို့ကို ရာထူးတိုးတာ နဲ့ ပတ်သက်ပြီး လိင်ပိုင်း ဆိုင်ရာအလွဲသုံးမှုကိစ္စကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က စောင့်ကြည့်နေပြီး လိုအပ်လာရင်ဝင်ရောက်ကိုင်တွယ်သွားမှာဖြစ်တယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က ပြောဆို ကြောင်း သိရပါတယ်။ အခုကိစ္စမှာ လိုအပ်ရင် လိုအပ်သလို ကော်မရှင်က အသိပေးတာတွေနဲ့ သတင်းထုတ်ပြန်တာတွေ ပြုလုပ်သွားမှာဖြစ်သလို၊ တရားဥပဒေအရ မှန်မှန်ကန်ကန်ဖြစ်သင့်ကြောင်းနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးတာ တွေရှိနေတယ်လို့လည်း ဦးလှမြင့်ကပြောပါတယ်။

ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကတော့ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာဟာ အကြမ်းဖက်မှုဖြစ်ပြီး၊ တပ်ဖွဲ့ဝင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှုကိစ္စ ပေါ်ပေါက်လာရင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူတာအပြင် အရပ်ဖက်ဥပဒေနဲ့ပါ အရေးယူ ပေးဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။အခုလို လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှုတွေနဲ့ စပ်လျဉ်းပြီး လူမှုကွန်ရက်တွေမှာ အမျိုးသမီးတွေ ဂုဏ်သိက္ခာ ထိပါးစေတဲ့ ရေးသားပြောဆိုတာတွေ သရုပ်ဖော်ရေးဆွဲတာတွေနဲ့ မျှဝေတာတွေ မပြုလုပ်ဖို့လည်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်း ထားပါတယ်။

လက်ရှိမှာ တပ်ဖွဲ့ဝင်အမျိုးသမီးတွေကို လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်တယ် ဆိုပြီး တိုင်ကြား ခံထားရတဲ့ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းကို စစ်ဆေးနေပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *