ကိုယ့္ သမီးအရင္း ကို ကိုယ္ ဝန္ (၄) လေက်ာ္ တဲ့ အထိ အႀကိမ္ႀကိမ္ ျပဳက်င့္ တဲ့ ဖခင္ ကို ဖမ္းဆီး

ဖခ င္ျဖစ္သူမွ အသက္ (၁၇) ႏွစ္ အ႐ြယ္ သမီးအရင္းအား အႀကိမ္ႀကိမ္ ျပဳက်င့္ ခဲ့ရာ ကိုယ္ဝန္ (၄)လေက်ာ္ မွ သိရ၍ ပန္းတေနာ္ၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ ဖမ္းဆီး ထားေၾကာင္း ဧရာဝတီတိုင္း ရဲတပ္ဖြဲ႕မႉး႐ုံးေျပာေရးဆိုခြင့္ရွိသူ ဒုရဲမႉးႀကီး ထြန္းေ႐ႊက ေျပာပါတယ္။

ပန္း တေနာ္ၿမိဳ႕နယ္ေန ယင္းမိန္းကေလး သည္ ဗိုက္ပူ လာသျဖင့္ မိခင္ မွ ေက်းလက္က်န္းမာ ေရးေဆးခန္းသို႔ သြားေရာက္ ျပသခဲ့ရာမွ ကိုယ္ဝန္ ရွိေၾကာင္း သိခဲ့ရတာ ျဖစ္ပါတယ္။ ထို႔ေနာက္ ေဆးခန္းမွ အျပန္ လမ္းတြင္ မိခင္က ေခ်ာ့၍ေမးျမန္းခဲ့ရာ က်ဴးလြန္ သူမွာ ဖခင္ျဖစ္သူ ဟုေျဖၾကား ခဲ့ေၾကာင္း သိရပါတယ္။

ထို႔ေနာက္ ဆက္လက္ေမး ျမန္းရာ တြင္ ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ ပိုင္းမွ စ၍ ေနအိမ္၌ မိခင္ မရွိတဲ့ အခ်ိန္မ်ားတြင္ ဖခင္မွ အလိုမတူဘဲ အႀကိမ္ႀကိမ္ ျပဳက်င့္ခဲ့တယ္လို႔ ဆိုပါတယ္။

လက္ရွိတြင္ မိခင္ျဖစ္သူ ၏ တိုင္ၾကားမႈေၾကာင့္ အသက္ (၃၈)အ႐ြယ္ ဖခင္ျဖစ္သူ အမ်ိဳးသားအား ပန္းတေနာ္ ၿမိဳ႕မရဲစခန္းမွ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆ ျဖင့္ ဖမ္းဆီး အေရးယူထားတယ္လို႔ သိရပါတယ္။

ကိုယ့် သမီးအရင်း ကို ကိုယ် ဝန် (၄) လကျော် တဲ့ အထိ အကြိမ်ကြိမ် ပြုကျင့် တဲ့ ဖခင် ကို ဖမ်းဆီး

ဖခ င်ဖြစ်သူမှ အသက် (၁၇) နှစ် အရွယ် သမီးအရင်းအား အကြိမ်ကြိမ် ပြုကျင့် ခဲ့ရာ ကိုယ်ဝန် (၄)လကျော် မှ သိရ၍ ပန်းတနော်မြို့ မြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီး ထားကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

ပန်း တနော်မြို့နယ်နေ ယင်းမိန်းကလေး သည် ဗိုက်ပူ လာသဖြင့် မိခင် မှ ကျေးလက်ကျန်းမာ ရေးဆေးခန်းသို့ သွားရောက် ပြသခဲ့ရာမှ ကိုယ်ဝန် ရှိကြောင်း သိခဲ့ရတာ ဖြစ်ပါတယ်။ ထို့နောက် ဆေးခန်းမှ အပြန် လမ်းတွင် မိခင်က ချော့၍မေးမြန်းခဲ့ရာ ကျူးလွန် သူမှာ ဖခင်ဖြစ်သူ ဟုဖြေကြား ခဲ့ကြောင်း သိရပါတယ်။

ထို့နောက် ဆက်လက်မေး မြန်းရာ တွင် ၂၀၁၉ ခုနှစ် နှစ်ကုန် ပိုင်းမှ စ၍ နေအိမ်၌ မိခင် မရှိတဲ့ အချိန်များတွင် ဖခင်မှ အလိုမတူဘဲ အကြိမ်ကြိမ် ပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိတွင် မိခင်ဖြစ်သူ ၏ တိုင်ကြားမှုကြောင့် အသက် (၃၈)အရွယ် ဖခင်ဖြစ်သူ အမျိုးသားအား ပန်းတနော် မြို့မရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *