အံ့ဩၿပီး ေၾကာက္စရာ သိပ္ေကာင္း တဲ့ ေတြ႕ရွိမႈအသစ္ အရ ကို႐ို နာ ဗိုင္းရပ္စ္ သည္ HIV ပိုးျဖစ္တည္ မႈ ႏွင့္ ဆင္တူလာဟုဆို

ကို ႐ိုနာ ဗိုင္းရပ္စ္ နဲ႔ H.I.V. ဗိုင္းရပ္စ္ ”

” ဒီက ပ္ေရာဂါ ဟာ ႏိုင္ငံအေတာ္ မ်ားမ်ား မွာ အထြတ္အထိပ္ ကိုေရာက္ေနၿပီ” WHO အေရးေပၚအေျခအေနဆိုင္ရာ အႀကီးအကဲ ေဒါက္တာမိုက္ကယ္႐ိုင္ယန္ကေျပာတယ္။

ဒီေန႔ ( ဇြန္လ ၂၈ ရက္ေန႔ ) အထိ ဗိုင္းရပ္စ္ ကူးစက္ ခံရသူ စုစုေပါင္း အေမရိကန္မွာ ၂.၅ သန္း၊ ဘရာဇီးမွာ ၁.၂ သန္း၊ ႐ုရွားမွာ ၆ သိန္းေက်ာ္နဲ႔ အိႏၵိယမွာ ၅ သိန္းေက်ာ္..။ ေတာင္ကိုရီးယားႏိုင္ငံ လည္း အေျခအေနမေကာင္းလွ..။ေသာၾကာေန႔က လူနာအသစ္ ၅၁ ေယာက္။ မေန႔က ( ဇြန္လ ၂၇ ) တစ္ေန႔တည္း ၆၂ ေယာက္။

ေနာက္ဆုံး အစုလိုက္အၿပဳံလိုက္ ကူးစက္ခံရ သူေတြက စုဒိုဂြန္ ဘုရားရွိခိုးေက်ာင္း (수도권 교회 ) နဲ႔ ဝန္ေဆာင္း ဘုရားရွိခိုးေက်ာင္း (왕성교회) ကျဖစ္ပါတယ္။ေတာင္ကိုရီးယား မွာေတာ့ အခုေလာေလာဆယ္ ေက်ာင္းေတြပဲ ျပန္ပိတ္ရေတာ့မလိုလိုနဲ႔ တစ္ေယာက္မက်န္ မ်က္ႏွာဖုံးတပ္ၿပီး ဂ႐ုစိုက္ေနၾကရတယ္။

ေတာင္ကိုရီးယားထက္ အဆေပါင္း မ်ားစြာ ဆိုးတာက အေမရိကန္..။ အေမရိကန္မွာ ဗိုင္းရပ္စ္ကူးစက္ႏႈန္းက ေၾကာက္စရာေကာင္း ေလာက္ေအာင္ ျမန္ၿပီး မ်ားေနတယ္။ မေန႔က တစ္ေန႔တည္း ၅ ေသာင္းနီးပါး ..။ အေမရိကန္မွာ ဒီတစ္လ အတြင္း ဆႏၵျပသူေတြ ၊ ႏိုင္ငံေရးသမားေတြ၊ အဖ်က္သမားေတြေၾကာင့္ ဗိုင္းရပ္စ္ကူးစက္မႈ သတင္းေတြ က သိပ္မေကာင္း လွပါ ။

အဓိက႐ုဏ္းေတြျဖစ္ ၊ရပ္ကြက္ တစ္ခုလုံး ကို ဖ်က္ဆီး၊ အၾကမ္းဖက္ ၊႐ိုက္ႏွက္၊ လမ္းေပၚ က လမ္းသြား လမ္းလာေတြ ကိုေတာင္ သတ္ျဖတ္ဖို႔အထိ စိတ္တိုေဒါသျဖစ္ေနတဲ့ သူေတြေတာင္ရွိေနၾက..။သူတို႔ကို အမွီျပဳၿပီး ဗိုင္းရပ္စ္ေတြ ေပ်ာ္ေပ်ာ္ပါးပါး စိတ္တိုင္းက် ဟိုဟိုဒီဒီ ခုန္ကူးေနၾကၿပီ..။

အဓိက လူငယ္ေတြက တားလို႔မရ၊ အသက္ အ႐ြယ္ႀကီး သူေတြ သူတို႔ေၾကာင့္ ဗိုင္းရပ္စ္ေတြကို အသက္ေပးရင္ဆိုင္ေနရ။မင္းသားက quarantine ကာလကို ခ်ိဳးေဖာက္ၿပီး အိမ္ထဲမွာမေနတဲ့ ဘယ္လ္ဂ်ီယံမင္းသား Joachim ေတာင္ စပိန္ႏိုင္ငံ ယူ႐ို ၁၀,၄၀၀ (ေဒၚလာ ၁၁၈၀၀) ဒဏ္႐ိုက္ ခံခဲ့ရေသး။

မင္းသားက ၂၀၂၀ ျပည့္ႏွစ္၊ ေမလမွာ COVID-19 ေရာဂါ ရခဲ့တယ္။ဒီလို ေရာဂါရတာေတာင္ ဇြန္လမွာ ကာဒိုဘိုၿမိဳ႕က စပိန္ ရည္းစား ရဲ႕ ေမြးေန႔ပါတီပြဲကို သြားခဲ့တာတဲ့ ။လူငယ္ေတြ စိတ္ကို ဦးစားေပး၊ ဆႏၵျပ၊ ဒါမွ မဟုတ္ အေပ်ာ္အပါးေၾကာင့္ ဗိုင္းရပ္စ္ရတာမ်ားတယ္။ကမာၻတဝွမ္းမွာ ႐ုတ္တရက္ Covid-19 ကူးစက္ခံရသူေတြ မ်ားလာတာ အသက္ ၄၀ ေအာက္ လူလတ္ပိုင္း နဲ႔ လူငယ္ေတြ..။

အခု ရက္ပိုင္းအတြင္း တစ္ကမာၻလုံးမွာ ေရာဂါ ကူးစက္ခံရသူ ၁၀ သန္းေက်ာ္သြားခဲ့။ဟိုး အစပထမတုန္း က ပညာရွင္ေတြနားလည္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကေတာ့ အသက္ရႉလမ္းေၾကာင္းကိုပဲ ထိခိုက္ႏိုင္တယ္တဲ့။ေနာက္ပိုင္း သိပၸံပညာရွင္ေတြက ဗိုင္းရပ္စ္ပိုးဟာ အဆုတ္တင္မကဘဲ ေက်ာက္ကပ္၊ ႏွလုံးနဲ႔ ေသြးလည္ပတ္မႈစနစ္ကိုပါ ဒုကၡေပးႏိုင္တယ္လို႔ သိခဲ့ၾကရ..။ဒါေၾကာင့္ အနံ႔၊ အရသာေတြပါ ေပ်ာက္ကုန္တဲ့ အထိ။

သုေတသီေတြ ေနာက္ထပ္ တစ္ခု ထပ္ေတြ႕ျပန္ၿပီ ။ အဲဒါဟာ အံ့ဩၿပီး ေၾကာက္စရာ သိပ္ေကာင္းတယ္ ။ COVID-19 နဲ႔ ေဆး႐ုံတက္ေနရ တဲ့ လူနာေတြဆီမွာ ခႏၶာကိုယ္အတြက္မရွိမျဖစ္လိုအပ္တဲ့ ဆဲလ္ေတြ ေပ်ာက္ဆုံးသြားတယ္ ဆိုတာ ကိုပဲ ။ကိုယ္ခံ စြမ္းအား စနစ္ ကို က်ဆင္းေစတဲ့ H.I.V. ဗိုင္းရပ္စ္ နဲ႔ ဆင္တူေနတယ္ တဲ့။

HIV ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ ေရာဂါ ျဖစ္စဥ္ အတိုင္းပါပဲ ။ ကေလးငယ္ေတြ ကို ကို႐ိုနာဗိုင္းရပ္စ္က သိပ္ၿပီးဒုကၡမေပးႏိုင္ဘူး။ဘာေၾကာင့္လဲဆိုေတာ့ ကေလးငယ္ေတြမွာ သိုင္းဂလင္း ( thymus )ေတြက အရမ္းေကာင္းေတာ့ T ဆဲလ္ အသစ္ေတြ ကို အျမန္ထုတ္ေပးႏိုင္လို႔။ အဲဒီ T ဆဲလ္အသစ္ေတြက ဗိုင္းရပ္စ္ပိုးကိုျမန္ျမန္ ဖ်က္ဆီးႏိုင္တယ္။ သက္ႀကီး႐ြယ္အိုေတြက်ေတာ့ သိုင္းဂလင္း ( thymus ) ေတြက ေကာင္းေကာင္း အလုပ္မလုပ္ေတာ့ ။ ဒါေၾကာင့္ အေသအေပ်ာက္မ်ားတာျဖစ္ တယ္တဲ့။

( ref: Dr. John Wherry -immunologist at the University of Pennsylvania )

ကာကြယ္ေဆးထိုးဖို႔ ႏိုင္ငံေတြ အၾကားၿပိဳင္ဆိုင္မႈ ကလည္း ျပင္းထန္လွ..။ Corona19 ကာကြယ္ေဆးေတြလည္း ေနာက္ဆုံး အဆင့္ေတြေရာက္ေနၾကတာ ၁၀ ႏိုင္ငံရွိၿပီ။

အဲဒီအထဲက ၿဗိတိသွ်ေဆးဝါးကုမၸဏီ AstraZeneca ကထုတ္လုပ္တဲ့ ကာကြယ္ေဆးက အဆင့္ျမင့္တယ္ လို႔ WHO ကခန႔္မွန္းတယ္။ Imperial ေကာလိပ္ (U.K) က သုေတသနအဖြဲ႕ရဲ႕ Corona19 ကာကြယ္ေဆးအသစ္ ေပါ့..။ အဲဒီအဖြဲ႕က အမ်ားနဲ႔မတူတဲ့နည္းလမ္း အသစ္ ကိုေတြ႕တာ မို႔..။ Ribonucleic acid ဆိုတဲ့ RNA ကိုအသုံးျပဳတဲ့ နည္းလမ္း တစ္ခုျဖစ္ တယ္ ။

အကယ္၍ အဲဒီနည္းလမ္းေအာင္ျမင္ရင္ ျဒပ္စင္ အနည္းငယ္ နဲ႔ ကာကြယ္ေဆး အေျမာက္အျမား ကို ထုတ္လုပ္ႏိုင္မွာ တဲ့။

[ ref: Soumiya Suminatan / WHO မွအႀကီးတန္း သိပၸံပညာရွင္]

ဒီလို သိပၸံပညာရွင္ေတြက ကာကြယ္ေဆးေတြကို အမ်ားျပည္သူ အက်ိဳး အတြက္ အင္တိုက္ အားတိုက္ လုပ္ေနၾက သလို ကမာၻသူ ကမာၻသားေတြ ကလည္း ဗိုင္းရပ္စ္ ျပန႔္ပြားတာကို ကာကြယ္ျခင္း အားျဖင့္ တစ္ဖက္ တစ္လမ္း က ကူညီရမွာျဖစ္ေပမဲ့…. ႏိုင္ငံအသီးသီးက လူမ်ိဳးေပါင္းမ်ားစြာက ခံယူခ်က္၊ အေတြးအေခၚ ၊ ႏိုင္ငံေရး၊ ဘာသာေရး၊ ဓေလ့ထုံးစံ မတူညီ ၾကတာမို႔ မလြယ္လွပါ..။

တူညီတဲ့ အခ်က္က ကမာၻေပၚ မွာ အသက္ရွင္ ခ်င္တဲ့သူ ပိုမ်ား ပါတယ္ ။ လူနည္းစုတစ္စုေၾကာင့္ က်န္သူေတြ ရဲ႕ ေမွ်ာ္လင့္ခ်က္၊ အသက္၊ စည္းစိမ္၊ အိုးအိမ္တို႔ မေပ်ာက္ေစခ်င္ပါ။

ေမ႐ႊမိုး (ကိုရီးယား )

June 28th,2020.

References

အံ့ဩပြီး ကြောက်စရာ သိပ်ကောင်း တဲ့ တွေ့ရှိမှုအသစ် အရ ကိုရို နာ ဗိုင်းရပ်စ် သည် HIV ပိုးဖြစ်တည် မှု နှင့် ဆင်တူလာဟုဆို

ကို ရိုနာ ဗိုင်းရပ်စ် နဲ့ H.I.V. ဗိုင်းရပ်စ် ”

” ဒီက ပ်ရောဂါ ဟာ နိုင်ငံအတော် များများ မှာ အထွတ်အထိပ် ကိုရောက်နေပြီ” WHO အရေးပေါ်အခြေအနေဆိုင်ရာ အကြီးအကဲ ဒေါက်တာမိုက်ကယ်ရိုင်ယန်ကပြောတယ်။

ဒီနေ့ ( ဇွန်လ ၂၈ ရက်နေ့ ) အထိ ဗိုင်းရပ်စ် ကူးစက် ခံရသူ စုစုပေါင်း အမေရိကန်မှာ ၂.၅ သန်း၊ ဘရာဇီးမှာ ၁.၂ သန်း၊ ရုရှားမှာ ၆ သိန်းကျော်နဲ့ အိန္ဒိယမှာ ၅ သိန်းကျော်..။ တောင်ကိုရီးယားနိုင်ငံ လည်း အခြေအနေမကောင်းလှ..။သောကြာနေ့က လူနာအသစ် ၅၁ ယောက်။ မနေ့က ( ဇွန်လ ၂၇ ) တစ်နေ့တည်း ၆၂ ယောက်။

နောက်ဆုံး အစုလိုက်အပြုံလိုက် ကူးစက်ခံရ သူတွေက စုဒိုဂွန် ဘုရားရှိခိုးကျောင်း (수도권 교회 ) နဲ့ ဝန်ဆောင်း ဘုရားရှိခိုးကျောင်း (왕성교회) ကဖြစ်ပါတယ်။တောင်ကိုရီးယား မှာတော့ အခုလောလောဆယ် ကျောင်းတွေပဲ ပြန်ပိတ်ရတော့မလိုလိုနဲ့ တစ်ယောက်မကျန် မျက်နှာဖုံးတပ်ပြီး ဂရုစိုက်နေကြရတယ်။

တောင်ကိုရီးယားထက် အဆပေါင်း များစွာ ဆိုးတာက အမေရိကန်..။ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်နှုန်းက ကြောက်စရာကောင်း လောက်အောင် မြန်ပြီး များနေတယ်။ မနေ့က တစ်နေ့တည်း ၅ သောင်းနီးပါး ..။ အမေရိကန်မှာ ဒီတစ်လ အတွင်း ဆန္ဒပြသူတွေ ၊ နိုင်ငံရေးသမားတွေ၊ အဖျက်သမားတွေကြောင့် ဗိုင်းရပ်စ်ကူးစက်မှု သတင်းတွေ က သိပ်မကောင်း လှပါ ။

အဓိကရုဏ်းတွေဖြစ် ၊ရပ်ကွက် တစ်ခုလုံး ကို ဖျက်ဆီး၊ အကြမ်းဖက် ၊ရိုက်နှက်၊ လမ်းပေါ် က လမ်းသွား လမ်းလာတွေ ကိုတောင် သတ်ဖြတ်ဖို့အထိ စိတ်တိုဒေါသဖြစ်နေတဲ့ သူတွေတောင်ရှိနေကြ..။သူတို့ကို အမှီပြုပြီး ဗိုင်းရပ်စ်တွေ ပျော်ပျော်ပါးပါး စိတ်တိုင်းကျ ဟိုဟိုဒီဒီ ခုန်ကူးနေကြပြီ..။

အဓိက လူငယ်တွေက တားလို့မရ၊ အသက် အရွယ်ကြီး သူတွေ သူတို့ကြောင့် ဗိုင်းရပ်စ်တွေကို အသက်ပေးရင်ဆိုင်နေရ။မင်းသားက quarantine ကာလကို ချိုးဖောက်ပြီး အိမ်ထဲမှာမနေတဲ့ ဘယ်လ်ဂျီယံမင်းသား Joachim တောင် စပိန်နိုင်ငံ ယူရို ၁၀,၄၀၀ (ဒေါ်လာ ၁၁၈၀၀) ဒဏ်ရိုက် ခံခဲ့ရသေး။

မင်းသားက ၂၀၂၀ ပြည့်နှစ်၊ မေလမှာ COVID-19 ရောဂါ ရခဲ့တယ်။ဒီလို ရောဂါရတာတောင် ဇွန်လမှာ ကာဒိုဘိုမြို့က စပိန် ရည်းစား ရဲ့ မွေးနေ့ပါတီပွဲကို သွားခဲ့တာတဲ့ ။လူငယ်တွေ စိတ်ကို ဦးစားပေး၊ ဆန္ဒပြ၊ ဒါမှ မဟုတ် အပျော်အပါးကြောင့် ဗိုင်းရပ်စ်ရတာများတယ်။ကမ္ဘာတဝှမ်းမှာ ရုတ်တရက် Covid-19 ကူးစက်ခံရသူတွေ များလာတာ အသက် ၄၀ အောက် လူလတ်ပိုင်း နဲ့ လူငယ်တွေ..။

အခု ရက်ပိုင်းအတွင်း တစ်ကမ္ဘာလုံးမှာ ရောဂါ ကူးစက်ခံရသူ ၁၀ သန်းကျော်သွားခဲ့။ဟိုး အစပထမတုန်း က ပညာရှင်တွေနားလည်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကတော့ အသက်ရှူလမ်းကြောင်းကိုပဲ ထိခိုက်နိုင်တယ်တဲ့။နောက်ပိုင်း သိပ္ပံပညာရှင်တွေက ဗိုင်းရပ်စ်ပိုးဟာ အဆုတ်တင်မကဘဲ ကျောက်ကပ်၊ နှလုံးနဲ့ သွေးလည်ပတ်မှုစနစ်ကိုပါ ဒုက္ခပေးနိုင်တယ်လို့ သိခဲ့ကြရ..။ဒါကြောင့် အနံ့၊ အရသာတွေပါ ပျောက်ကုန်တဲ့ အထိ။

သုတေသီတွေ နောက်ထပ် တစ်ခု ထပ်တွေ့ပြန်ပြီ ။ အဲဒါဟာ အံ့ဩပြီး ကြောက်စရာ သိပ်ကောင်းတယ် ။ COVID-19 နဲ့ ဆေးရုံတက်နေရ တဲ့ လူနာတွေဆီမှာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဆဲလ်တွေ ပျောက်ဆုံးသွားတယ် ဆိုတာ ကိုပဲ ။ကိုယ်ခံ စွမ်းအား စနစ် ကို ကျဆင်းစေတဲ့ H.I.V. ဗိုင်းရပ်စ် နဲ့ ဆင်တူနေတယ် တဲ့။

HIV ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါ ဖြစ်စဉ် အတိုင်းပါပဲ ။ ကလေးငယ်တွေ ကို ကိုရိုနာဗိုင်းရပ်စ်က သိပ်ပြီးဒုက္ခမပေးနိုင်ဘူး။ဘာကြောင့်လဲဆိုတော့ ကလေးငယ်တွေမှာ သိုင်းဂလင်း ( thymus )တွေက အရမ်းကောင်းတော့ T ဆဲလ် အသစ်တွေ ကို အမြန်ထုတ်ပေးနိုင်လို့။ အဲဒီ T ဆဲလ်အသစ်တွေက ဗိုင်းရပ်စ်ပိုးကိုမြန်မြန် ဖျက်ဆီးနိုင်တယ်။ သက်ကြီးရွယ်အိုတွေကျတော့ သိုင်းဂလင်း ( thymus ) တွေက ကောင်းကောင်း အလုပ်မလုပ်တော့ ။ ဒါကြောင့် အသေအပျောက်များတာဖြစ် တယ်တဲ့။

( ref: Dr. John Wherry -immunologist at the University of Pennsylvania )

ကာကွယ်ဆေးထိုးဖို့ နိုင်ငံတွေ အကြားပြိုင်ဆိုင်မှု ကလည်း ပြင်းထန်လှ..။ Corona19 ကာကွယ်ဆေးတွေလည်း နောက်ဆုံး အဆင့်တွေရောက်နေကြတာ ၁၀ နိုင်ငံရှိပြီ။

အဲဒီအထဲက ဗြိတိသျှဆေးဝါးကုမ္ပဏီ AstraZeneca ကထုတ်လုပ်တဲ့ ကာကွယ်ဆေးက အဆင့်မြင့်တယ် လို့ WHO ကခန့်မှန်းတယ်။ Imperial ကောလိပ် (U.K) က သုတေသနအဖွဲ့ရဲ့ Corona19 ကာကွယ်ဆေးအသစ် ပေါ့..။ အဲဒီအဖွဲ့က အများနဲ့မတူတဲ့နည်းလမ်း အသစ် ကိုတွေ့တာ မို့..။ Ribonucleic acid ဆိုတဲ့ RNA ကိုအသုံးပြုတဲ့ နည်းလမ်း တစ်ခုဖြစ် တယ် ။

အကယ်၍ အဲဒီနည်းလမ်းအောင်မြင်ရင် ဒြပ်စင် အနည်းငယ် နဲ့ ကာကွယ်ဆေး အမြောက်အမြား ကို ထုတ်လုပ်နိုင်မှာ တဲ့။

[ ref: Soumiya Suminatan / WHO မှအကြီးတန်း သိပ္ပံပညာရှင်]

ဒီလို သိပ္ပံပညာရှင်တွေက ကာကွယ်ဆေးတွေကို အများပြည်သူ အကျိုး အတွက် အင်တိုက် အားတိုက် လုပ်နေကြ သလို ကမ္ဘာသူ ကမ္ဘာသားတွေ ကလည်း ဗိုင်းရပ်စ် ပြန့်ပွားတာကို ကာကွယ်ခြင်း အားဖြင့် တစ်ဖက် တစ်လမ်း က ကူညီရမှာဖြစ်ပေမဲ့…. နိုင်ငံအသီးသီးက လူမျိုးပေါင်းများစွာက ခံယူချက်၊ အတွေးအခေါ် ၊ နိုင်ငံရေး၊ ဘာသာရေး၊ ဓလေ့ထုံးစံ မတူညီ ကြတာမို့ မလွယ်လှပါ..။

တူညီတဲ့ အချက်က ကမ္ဘာပေါ် မှာ အသက်ရှင် ချင်တဲ့သူ ပိုများ ပါတယ် ။ လူနည်းစုတစ်စုကြောင့် ကျန်သူတွေ ရဲ့ မျှော်လင့်ချက်၊ အသက်၊ စည်းစိမ်၊ အိုးအိမ်တို့ မပျောက်စေချင်ပါ။

မေရွှမိုး (ကိုရီးယား )

June 28th,2020.

References

Add a Comment

Your email address will not be published. Required fields are marked *