အီရန္ က အေမရိကန္ သမၼတ ထရမ့္ အား လူ သတ္မႈျဖင့္ ဖမ္းဆီး ရန္ ဝရမ္းထုတ္ျပန္

အီရ န္နိုင္ငံ ဗိုလ္ခ်ဳပ္ႀကီး ျဖစ္သူ Qassem Soleimani ကိုလုပ္ၾကံသတ္ျဖတ္မႈ အတြက္ အေမရိကန္သမၼတ Donald Trump အားဖမ္းဆီးရန္ အမိန႔္ထုတ္ျပန္ ခဲ့သည္။ တီဟီရန္ရွိျပည္သူ႕ တရားစြဲဆိုမႈဌာန (OM) က တနလၤာေန႕တြ င္ေၾကျငာ ခဲ့ပါတယ္ ။

အီရန္နိုင္ငံ က အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ ကို လူသတ္မႈ ၊ အၾကမ္းဖက္မႈေတြ နဲ႕ ဖမ္းဆီးဖို႔ အတြက္ ဝရမ္းထုတ္ျပန္ ခဲ့ၿပီး နိုင္ငံတကာ ရဲတပ္ဖြဲ႕ (အင္တာပို) အေနနဲ႕ ကူညီဖမ္းဆီးေပးဖို႔ အကူအညီေတာင္းခံ လိုက္တယ္လို႔ သိရ ပါတယ္ ။

အီရန္က ထုတ္ျပန္တဲ့ ဖမ္းဆီးမိန႔္ မွာ အေမရိကန္ သမၼတထရမ့္ အျပင္ အျခား လူပုဂၢိဳလ္ ၃၀ ဦးပါဝင္ၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီလ အတြင္း က အီရန္ ထိပ္တန္း ဗိုလ္ခ်ဳပ္ကို လုပ္ႀကံသတ္ျဖတ္မႈ ကို က်ဴးလြန္ခဲ့တာေၾကာင့္ျဖစ္တယ္ လို႔ ဆို ပါတယ္။

ဒီအမႈကို စြဲခ်က္တင္ခဲ့တဲ့ အီရန္ အစိုးရေရွ႕ေန Ali Alqasimehr က ထရမ့္ အပါအဝင္ အဆိုပါ လူပုဂၢိဳလ္ ၃၅ဦးတို႕ တို႔ဟာ အီရန္ဗိုလ္ခ်ဳပ္ႀကီး Soleimani အပါအဝင္ အျခားသူေတြကို လုပ္ႀကံသတ္ျဖတ္ရာ မွာ အဓိက တရားခံျဖစ္ေၾကာင္းနဲ႕ အီရန္နိုင္ငံက စြဲခ်က္ တင္ထားတဲ့ ” လူသတ္မႈနဲ႕ အၾကမ္းဖက္မႈစြပ္စြဲခ်က္” ေတြကို တရား႐ုံးမွာ ရင္ဆိုင္ေျဖရွင္းဖို႔ လိုအပ္တယ္လို႔ ေျပာၾကားခဲ့ေၾကာင္း အီရန္ သတင္းဌာန ISNA က ေၾကညာသြားခဲ့ ပါတယ္။

Alqasimehr ဟာ သမၼတထရမ့္ကိုသာ အမည္တပ္ေျပာၾကားခဲ့ေပမယ့္ အျခား ၃၀ ဦးမွာ ဘယ္သူေတြ ပါဝင္တ ယ္လို႔ေတာ့ ေျပာၾကားခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ လက္ရွိမွာေတာ့ ထရမ့္ဟာ အေမရိကန္ သမၼတရာထူး ရယူထားသူျဖစ္တဲ့ အတြက္ ဖမ္းဆီးဖို႔ မျဖစ္နိုင္ေၾကာင္း နဲ႕ မၾကာခင္ ၎ သမၼတရာထူးၿပီး ဆုံးခ်ိန္ေရာက္ရင္ ဆက္လက္ ေဆာင္႐ြက္သြား မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

အီရန္အစိုးရဟာ ထရမ့္ အပါအဝင္ လူ ၃၀ ကို ဖမ္းဆီးဖို႔ နိုင္ငံတကာရဲတပ္ဖြဲ႕ (အင္တာပို) ကို အကူအညီေတာင္းခံခဲ့တယ္လို႔ ဆိုတာ‌ေၾကာင့္ ျပင္သစ္နိုင္ငံ လီယြန္မွာ အေျခစိုက္တဲ့ အင္တာပိုဌာန ကို ေမးျမန္းခဲ့ေပမယ့္ မွတ္ခ်က္ေပး ဖို႔ ျငင္းဆန္ခဲ့ေၾကာင္း Aljazeera သတင္းဌာနက ေရးသားထား ပါတယ္။

Alqasimehr ကေတာ့ အီရန္အစိုးရအေန နဲ႕ ထရမ့္နဲ႕အဖြဲ႕ကို ဖမ္းဆီးဖို႔ အင္တာပိုကို “red notice” ေပးပို႔ ခဲ့ေၾကာင္းဆို ပါတယ္။

“red notice” ဆိုတာကေတာ့ အင္တာပို က သုံးတဲ့ သတိေပးခ်က္ျဖစ္ၿပီး အျမင့္ဆုံးသတ္မွတ္ခ်က္နဲ႕ ထုတ္ျပန္တဲ့ ဖမ္းဆီးမိန႔္ျဖစ္ကာ တရားခံရဲ႕ ေနထိုင္တဲ့တည္ေနရာနဲ႕ တစ္ဦးခ်င္း ရဲ႕ တစ္သီးပုဂၢလဆိုင္ရာ အမည္စာရင္‌ေတြ သီးျခား ပါဝင္တယ္လို႔ ဆို ပါတယ္။

ဒီအမိန႔္ေအာက္မွာ ဆိုရင္ ကမာၻက အင္တာပိုအဖြဲ႕ဝင္ မည္သည့္နိုင္ငံက မဆို ေဒသတြင္း အာဏာပိုင္ေတြဟာ ၎ အမိန႔္ထုတ္ျပန္ခံရသူ ကို ဖမ္းဆီး ခြင့္ရွိေၾကာင္း သိရ ပါတယ္။ ဒီ အမိန႔္ဟာ တိုင္းျပည္ေတြကိုေတာ့ မဖမ္းမေနရ အျဖစ္ ဖိအားေပးနိုင္ျခင္းမရွိေပမယ့္ အစိုးရေတြအေန နဲ႕ သံသယရွိသူ ကို ခရီးသြားလာခြင့္ ပိတ္ပင္တာနဲ႕ အျခားပိတ္ဆို႔မႈေတြကို ေဆာင္႐ြက္ရမွာ ျဖစ္တယ္ လို႔ ဆိုပါတယ္။

ဒီလို “red notice” ထုတ္ခံရသူေတြ ဆိုရင္ အင္တာပိုအေန နဲ႕ ေကာ္မတီထိုင္ၿပီး ေဆြးေႏြးရမွာျဖစ္ကာ ဒီသတင္း အခ်က္အလက္ေတြ ကို အဖြဲ႕ဝင္နိုင္ငံေတြကို ပို႔ေဆာင္မယ္၊ မပို႔ေဆာင္ဘူးဆိုတာ ဆုံးျဖတ္ရမွာျဖစ္ေၾကာင္း ဆိုပါတယ္။ အင္တာပိုအေန နဲ႕ ဒီလို အမိန႔္ထုတ္ခံရသူေတြကို အမ်ားျပည္သူ သိရွိေအာင္ ေၾကညာခ်က္ထုတ္ဖို႔ တာဝန္မရွိေပမယ့္ ၎ ရဲ႕ ဝက္ဘ္ဆိုက္ကေတာ့ ေၾကညာခ်က္ ထုတ္ေလ့ရွိတယ္လို႔ ဆိုပါတယ္။

အေမရိကန္ အစိုးရဟာ အီရန္ဗိုလ္ခ်ဳပ္ Soleimani ကို အေရွ႕အလယ္ပိုင္းေဒသက အၾကမ္းဖက္မႈေတြ ကို ႀကိဳးကိုင္ေနသူ အျဖစ္ အီရတ္နိုင္ငံ ၿမိဳ႕ေတာ္ ဘတ္ဂဒက္ ေလဆိပ္အနီး မွာ ဒ႐ုံးနဲ႕ ပစ္ခတ္သတ္ျဖတ္ခဲ့ တာျဖစ္ ပါတယ္ ။

အီရန် က အမေရိကန် သမ္မတ ထရမ့် အား လူ သတ်မှုဖြင့် ဖမ်းဆီး ရန် ဝရမ်းထုတ်ပြန်

အီရ န်နိုင်ငံ ဗိုလ်ချုပ်ကြီး ဖြစ်သူ Qassem Soleimani ကိုလုပ်ကြံသတ်ဖြတ်မှု အတွက် အမေရိကန်သမ္မတ Donald Trump အားဖမ်းဆီးရန် အမိန့်ထုတ်ပြန် ခဲ့သည်။ တီဟီရန်ရှိပြည်သူ့ တရားစွဲဆိုမှုဌာန (OM) က တနင်္လာနေ့တွ င်ကြေငြာ ခဲ့ပါတယ် ။

အီရန်နိုင်ငံ က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကို လူသတ်မှု ၊ အကြမ်းဖက်မှုတွေ နဲ့ ဖမ်းဆီးဖို့ အတွက် ဝရမ်းထုတ်ပြန် ခဲ့ပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) အနေနဲ့ ကူညီဖမ်းဆီးပေးဖို့ အကူအညီတောင်းခံ လိုက်တယ်လို့ သိရ ပါတယ် ။

အီရန်က ထုတ်ပြန်တဲ့ ဖမ်းဆီးမိန့် မှာ အမေရိကန် သမ္မတထရမ့် အပြင် အခြား လူပုဂ္ဂိုလ် ၃၀ ဦးပါဝင်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း က အီရန် ထိပ်တန်း ဗိုလ်ချုပ်ကို လုပ်ကြံသတ်ဖြတ်မှု ကို ကျူးလွန်ခဲ့တာကြောင့်ဖြစ်တယ် လို့ ဆို ပါတယ်။

ဒီအမှုကို စွဲချက်တင်ခဲ့တဲ့ အီရန် အစိုးရရှေ့နေ Ali Alqasimehr က ထရမ့် အပါအဝင် အဆိုပါ လူပုဂ္ဂိုလ် ၃၅ဦးတို့ တို့ဟာ အီရန်ဗိုလ်ချုပ်ကြီး Soleimani အပါအဝင် အခြားသူတွေကို လုပ်ကြံသတ်ဖြတ်ရာ မှာ အဓိက တရားခံဖြစ်ကြောင်းနဲ့ အီရန်နိုင်ငံက စွဲချက် တင်ထားတဲ့ ” လူသတ်မှုနဲ့ အကြမ်းဖက်မှုစွပ်စွဲချက်” တွေကို တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ကြောင်း အီရန် သတင်းဌာန ISNA က ကြေညာသွားခဲ့ ပါတယ်။

Alqasimehr ဟာ သမ္မတထရမ့်ကိုသာ အမည်တပ်ပြောကြားခဲ့ပေမယ့် အခြား ၃၀ ဦးမှာ ဘယ်သူတွေ ပါဝင်တ ယ်လို့တော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် လက်ရှိမှာတော့ ထရမ့်ဟာ အမေရိကန် သမ္မတရာထူး ရယူထားသူဖြစ်တဲ့ အတွက် ဖမ်းဆီးဖို့ မဖြစ်နိုင်ကြောင်း နဲ့ မကြာခင် ၎င်း သမ္မတရာထူးပြီး ဆုံးချိန်ရောက်ရင် ဆက်လက် ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်အစိုးရဟာ ထရမ့် အပါအဝင် လူ ၃၀ ကို ဖမ်းဆီးဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) ကို အကူအညီတောင်းခံခဲ့တယ်လို့ ဆိုတာ‌ကြောင့် ပြင်သစ်နိုင်ငံ လီယွန်မှာ အခြေစိုက်တဲ့ အင်တာပိုဌာန ကို မေးမြန်းခဲ့ပေမယ့် မှတ်ချက်ပေး ဖို့ ငြင်းဆန်ခဲ့ကြောင်း Aljazeera သတင်းဌာနက ရေးသားထား ပါတယ်။

Alqasimehr ကတော့ အီရန်အစိုးရအနေ နဲ့ ထရမ့်နဲ့အဖွဲ့ကို ဖမ်းဆီးဖို့ အင်တာပိုကို “red notice” ပေးပို့ ခဲ့ကြောင်းဆို ပါတယ်။

“red notice” ဆိုတာကတော့ အင်တာပို က သုံးတဲ့ သတိပေးချက်ဖြစ်ပြီး အမြင့်ဆုံးသတ်မှတ်ချက်နဲ့ ထုတ်ပြန်တဲ့ ဖမ်းဆီးမိန့်ဖြစ်ကာ တရားခံရဲ့ နေထိုင်တဲ့တည်နေရာနဲ့ တစ်ဦးချင်း ရဲ့ တစ်သီးပုဂ္ဂလဆိုင်ရာ အမည်စာရင်‌တွေ သီးခြား ပါဝင်တယ်လို့ ဆို ပါတယ်။

ဒီအမိန့်အောက်မှာ ဆိုရင် ကမ္ဘာက အင်တာပိုအဖွဲ့ဝင် မည်သည့်နိုင်ငံက မဆို ဒေသတွင်း အာဏာပိုင်တွေဟာ ၎င်း အမိန့်ထုတ်ပြန်ခံရသူ ကို ဖမ်းဆီး ခွင့်ရှိကြောင်း သိရ ပါတယ်။ ဒီ အမိန့်ဟာ တိုင်းပြည်တွေကိုတော့ မဖမ်းမနေရ အဖြစ် ဖိအားပေးနိုင်ခြင်းမရှိပေမယ့် အစိုးရတွေအနေ နဲ့ သံသယရှိသူ ကို ခရီးသွားလာခွင့် ပိတ်ပင်တာနဲ့ အခြားပိတ်ဆို့မှုတွေကို ဆောင်ရွက်ရမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒီလို “red notice” ထုတ်ခံရသူတွေ ဆိုရင် အင်တာပိုအနေ နဲ့ ကော်မတီထိုင်ပြီး ဆွေးနွေးရမှာဖြစ်ကာ ဒီသတင်း အချက်အလက်တွေ ကို အဖွဲ့ဝင်နိုင်ငံတွေကို ပို့ဆောင်မယ်၊ မပို့ဆောင်ဘူးဆိုတာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း ဆိုပါတယ်။ အင်တာပိုအနေ နဲ့ ဒီလို အမိန့်ထုတ်ခံရသူတွေကို အများပြည်သူ သိရှိအောင် ကြေညာချက်ထုတ်ဖို့ တာဝန်မရှိပေမယ့် ၎င်း ရဲ့ ဝက်ဘ်ဆိုက်ကတော့ ကြေညာချက် ထုတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန် အစိုးရဟာ အီရန်ဗိုလ်ချုပ် Soleimani ကို အရှေ့အလယ်ပိုင်းဒေသက အကြမ်းဖက်မှုတွေ ကို ကြိုးကိုင်နေသူ အဖြစ် အီရတ်နိုင်ငံ မြို့တော် ဘတ်ဂဒက် လေဆိပ်အနီး မှာ ဒရုံးနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ တာဖြစ် ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *