






ZN.H 🇦

ရဲရာထူး ခန့်ချုပ် ဘာကြောင့်ရူး ရလဲ ရှင်းပြီ ..” ကျနော့် ကို လိင်အမြတ် ထုတ် အခွင့်အေ ရး ယူသွားတာဖြစ်လို့..အဲ့ဒီ့ ရဲမေ ၁၈ ယောက်ကို ပြန်တရားစွဲဖို့ စီစဉ်နေဟုဆို “

ရဲ ရာထူး ခန့်ချုပ် ဇော်မိုးသန်း အနေဖြင့် ၎င်းအား တိုင်ကြားထား သည့် ရဲမေ ၁၈ ဦးအပေါ် ကာမလာဘ်ထိုးမှု အပါအဝင် စိတ်ရောဂါဖြစ်ပေါ် ခံစားရမှု တို ့အတွက် တရားစွဲ ဆိုဖွယ် ရှိကြောင်း ရဲရာထူးခန့်ချုပ်ဇော်မိုးသန်းနှင့် နီးစပ်သူများ ထံ မှ သိရသည် ။ ထိုကိစ ္စနဲ့ပတ်သက် ၍ ဦးဇော်မိုးသန်းအားမေးမြန်းရာ ၎င်းမှ ယခုလိုဖြေကြားခဲ့ ပါသည်-

“ညည်းတို့ ရာထူးတိုး လိုချင်ရင်တော့ ငါနဲ့ လာအိပ်ရမယ် လို့ နောက်ပြောင် ကျီစယ်တဲ့သဘော နဲ့ ကိုဌေးဦး လိုပဲ လွှတ်ခနဲပြောမိ လိုက်ရုံပါ..”. ဒါကို သူတို့က အတည်ပြောတယ်ထင်ပြီး ရောက်လာတော့ လည်း ကိုယ့်ကုသိုလ် နဲ့ကိုယ်ပဲလေ လို့မှတ် ယူလိုက်လျော ခဲ့တဲ့သဘောပါပဲ….

တနည်းအားဖြင့်ပြောရရင် သူတို့ကသာ ကျနော့ကို လိင်အမြတ်ထုတ် အခွင့်အရေး ယူသွားတာဖြစ်လို့..

ကျနော့ဘက် က တရားစွဲ သင့်တယ်လို့ ယူဆမိ ပါတယ်… ဒါ့အပြင် ကျနော့အနေနဲ့ တပ်မတော်ကိုစတင် ဝင်ရောက်စဉ်ကနေ အသွင်ပြောင်းပြီးရဲရာထူးခန့်ချုပ်ဖြစ်လို့ အခင်းမဖြစ်ပွားခင်အချိန်ထိ ကိုယ်ရောစိတ်ပါ ပကတိကျန်းမာ ခဲ့ပေမဲ့ အခုလိုတိုင်တန်းမှုတွေဖြစ်မှ ရုတ်ချည်းစိတ်ဝေဒနာသည်ဘဝရောက်ရတာဟာ အဲ့ဒီ၁၈ယောက်နဲ့အိပ်ပြီးမှ ဖြစ်လာရတာကြောင့် ကျနော့ရဲ့စိတ်ကျန်းမာရေးချို့ယွင်းမှုဖြစ်ရ တဲ့ တရားခံဟာ အဲ့ဒီ ၁၈ ယောက်ကြောင့်ဆိုတာ ထင်ရှားသိသာ တဲ့ အတွက် သူတို့ကိုတရားစွဲဖို့ စီစဉ်တာဖြစ်တယ်’ လို့.…

ရဲရာထူးခန့်ချုပ်ဇော်မိုးသန်း မှ ပြန်လည်ပြော ဆိုထားကြောင်း သိရသည် ။

စိုင်းမဟာထွန်း(အသေးတန်း သတင်းထောက်)

ZN.H 🇦

Add a Comment

Your email address will not be published. Required fields are marked *