အေမရိကန္လူမ်ိဳး (၉၀)% ကို ေခ် မႈန္း ႏိုင္တဲ့ အ ဆင့္ျမင့္ စြမ္းအား လြန္ လက္နက္ စနစ္ တ႐ုတ္ ပိုင္ဆိုင္သြားၿပီဟုဆို

တ႐ုတ္ႏိုင္ငံ ဟာ အာကာသအေျခစိုက္စခန္းကေန အလြယ္တကူတိုက္ခိုက္လို႔ရတဲ့ အဆင့္ျမင့္ လက္နက္ကို ပိုင္ဆိုင္သြားၿပီ ျဖစ္ပါတယ္။ တ႐ုတ္ဟာ အေမရိကန္ကို Nuclear Electromagnetic Pulse (EMP) လို႔ေခၚတဲ့ တိုက္ခိုက္မႈမ်ိဳးနဲ႔ ပထမဆုံး စတင္တိုက္ခိုက္မယ္ဆိုရင္ အေမရိကန္ ပင္မကုန္းေျမေပၚမွ လူမ်ိဳး (၉၀)%အထိ ေသဆုံး ေစႏိုင္လိမ့္မယ္လို႔ ဆိုပါတယ္။

တကယ္က အဲဒီလက္နက္ရဲ႕ နည္းစနစ္ပိုင္း ကို တ႐ုတ္ေတြက အေမရိကန္ဆီကေန ခိုးယူႏိုင္ခဲ့တာပါ။ အဆိုပါလက္နက္ဆန္းဟာ အေမရိကန္ရဲ႕ ေလယာဥ္တင္သေဘၤာအုပ္စုေတြကို အလြယ္တကူ ဖ်က္ဆီးႏိုင္ပါတယ္။ လွ်ပ္စစ္နဲ႔ပတ္သက္တဲ့ စနစ္ေတြကို တိုက္ခိုက္တဲ့ စနစ္လို႔ အလြယ္တကူ ေျပာလို႔ရ ပါတယ္။ အထူးသျဖင့္ အေမရိကန္နဲ႔ တင္းမာမႈ အျမင့္ဆုံးျဖစ္ေနတဲ့အခ်ိန္မွာ ဒီသတင္းက ကန္ႀကီးအတြက္ေတာ့ ေကာင္းတဲ့သတင္း မဟုတ္ပါဘူး။

ဒီထုတ္ျပန္မႈကို လွ်ိဳ႕ဝွက္ေထာက္လွမ္း ေရးအဖြဲ႕က ထုတ္ျပန္ခဲ့တာပါ။ တ႐ုတ္ေတြပိုင္ဆိုင္ထားတဲ့ ဒုံးက်ည္ေတြ၊ သံလိုက္စက္ကြင္းပစ္မွတ္ တိုက္ခိုက္ေရးနဲု႔ EPM စနစ္နဲ႔တိုက္ခိုက္မႈဟာ အလြန္ေၾကာက္စရာေကာင္းတဲ့ အစြမ္းရွိၿပီး၊ ပုလဲဆိပ္ကမ္းတိုက္ခိုက္မႈမ်ိဳးသာ တ႐ုတ္ဘက္က မေျပာမအဆို လုပ္လာ ခဲ့ရင္ ကန္တို႔အတြက္ ပ်က္စီးထိခိုက္မႈက ေၾကာက္စရာ အေနအထား ျဖစ္ပါတယ္။

ဒီထုတ္ျပန္မႈကို EMP Task Force on Homeland and National Security ကေန ထုတ္ျပန္ခဲ့တာပါ။ တ႐ုတ္ႏိုင္ငံဟာ အေမရိကန္ရဲ႕ လက္နက္နည္းပညာစနစ္ကို ေအာင္ျမင္စြာ ခိုးယူႏိုင္ခဲ့ၿပီးေနာက္၊ အေမရိကန္ထက္ အဆင့္ပိုျမင့္တဲ့ EPM စနစ္ကို တီထြင္ထုတ္လုပ္ႏိုင္ခဲ့တာလို႔လည္း EMP Task Force on Homeland and National Security က ဆိုပါတယ္။

EPM စနစ္ဟာ Low-yield Nuclear ကို အသုံး ျပဳထားတာ ျဖစ္ၿပီး၊ ေလထုအတြင္းမွာ အခ်ိန္ကိုက္ပစ္လႊတ္ကာ၊ ထိုမွတစ္ဆင့္ ဖ်က္အားျပင္းစြမ္းအင္လႈိင္းေတြကို ဖန္တီးတာ ျဖစ္ပါတယ္။ ယင္းေနာက္ လွ်ပ္စစ္ဆိုင္ရာ Equipment ေတြကို ဖ်က္ဆီးၿပီးေနာက္ မဟာဓာတ္အားစနစ္ေတြကိုပါ ၿဖိဳခြဲပစ္မွာပါ။ ယင္းကဲ့သို႔ အေျခအေနမွာပဲ ဆိုက္ဘာတိုက္ခိုက္မႈကို ဆက္ၿပီးျပဳလုပ္သြားဖို႔ ရွိၿပီး-

ယင္းကဲ့သို႔ လွ်ပ္စစ္ကင္းမဲ့သြားတဲ့ႏိုင္ငံမ်ိဳးမွာ အဓိက႐ုဏ္းနဲ႔ အငတ္ေဘးေတြကို တ႐ုတ္ဘက္က အကြက္က်က် ဖန္တီးသြားလို႔ရတဲ့ အေနအထားပါတဲ့။ ဒီလို တိုက္ခိုက္မႈမ်ိဳးဟာ ႐ုပ္ရွင္ဗြီဒီယိုေတြထဲေလာက္မွာသာ ျဖစ္ႏိုင္ဖြယ္ရာရွိတယ္လို႔ ထင္ျမင္ရေပမယ့္၊ တကယ္လက္ေတြ႕အပိုင္းမွာလည္း ရွိလာခဲ့ၿပီလို႔ ဆိုပါတယ္။ EPM စနစ္ဟာ အႏုနည္းနဲ႔ တိုက္ခိုက္ဖို႔ ရည္႐ြယ္တဲ့စနစ္ပါ။

စီးပြားေရး လူမ်ိဳးေရးကို နိမ့္ပါးသြားေအာင္ ျပဳလုပ္တဲ့စနစ္ျဖစ္ၿပီး၊ ကန္အေနနဲ႔ တ႐ုတ္က ဒီစနစ္ကို အသုံးျပဳမယ္ဆိုပါက လူဦးေရ (၇၀)ရာခိုင္ႏႈန္းကေန (၉၀)ရာခိုင္ႏႈန္းအထိ ပ်က္စီးေစပါလိမ့္မယ္။ ေျပာရရင္ ကန္လူမ်ိဳး (၂၉၅)သန္းဟာ အဓိက႐ုဏ္းနဲ႔အငတ္ေဘးေတြေၾကာင့္ အခ်ိန္တိုအတြင္းမွာ ၿပိဳလဲ သြားႏိုင္ေၾကာင္း EMP Task Force on Homeland and National Security က သတိေပးခဲ့ပါတယ္။

ခရစ္ဒက္ လင္းသုတ

အမေရိကန်လူမျိုး (၉၀)% ကို ချေ မှုန်း နိုင်တဲ့ အ ဆင့်မြင့် စွမ်းအား လွန် လက်နက် စနစ် တရုတ် ပိုင်ဆိုင်သွားပြီဟုဆို

တရုတ်နိုင်ငံ ဟာ အာကာသအခြေစိုက်စခန်းကနေ အလွယ်တကူတိုက်ခိုက်လို့ရတဲ့ အဆင့်မြင့် လက်နက်ကို ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။ တရုတ်ဟာ အမေရိကန်ကို Nuclear Electromagnetic Pulse (EMP) လို့ခေါ်တဲ့ တိုက်ခိုက်မှုမျိုးနဲ့ ပထမဆုံး စတင်တိုက်ခိုက်မယ်ဆိုရင် အမေရိကန် ပင်မကုန်းမြေပေါ်မှ လူမျိုး (၉၀)%အထိ သေဆုံး စေနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

တကယ်က အဲဒီလက်နက်ရဲ့ နည်းစနစ်ပိုင်း ကို တရုတ်တွေက အမေရိကန်ဆီကနေ ခိုးယူနိုင်ခဲ့တာပါ။ အဆိုပါလက်နက်ဆန်းဟာ အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘောအုပ်စုတွေကို အလွယ်တကူ ဖျက်ဆီးနိုင်ပါတယ်။ လျှပ်စစ်နဲ့ပတ်သက်တဲ့ စနစ်တွေကို တိုက်ခိုက်တဲ့ စနစ်လို့ အလွယ်တကူ ပြောလို့ရ ပါတယ်။ အထူးသဖြင့် အမေရိကန်နဲ့ တင်းမာမှု အမြင့်ဆုံးဖြစ်နေတဲ့အချိန်မှာ ဒီသတင်းက ကန်ကြီးအတွက်တော့ ကောင်းတဲ့သတင်း မဟုတ်ပါဘူး။

ဒီထုတ်ပြန်မှုကို လျှို့ဝှက်ထောက်လှမ်း ရေးအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။ တရုတ်တွေပိုင်ဆိုင်ထားတဲ့ ဒုံးကျည်တွေ၊ သံလိုက်စက်ကွင်းပစ်မှတ် တိုက်ခိုက်ရေးနဲု့ EPM စနစ်နဲ့တိုက်ခိုက်မှုဟာ အလွန်ကြောက်စရာကောင်းတဲ့ အစွမ်းရှိပြီး၊ ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုမျိုးသာ တရုတ်ဘက်က မပြောမအဆို လုပ်လာ ခဲ့ရင် ကန်တို့အတွက် ပျက်စီးထိခိုက်မှုက ကြောက်စရာ အနေအထား ဖြစ်ပါတယ်။

ဒီထုတ်ပြန်မှုကို EMP Task Force on Homeland and National Security ကနေ ထုတ်ပြန်ခဲ့တာပါ။ တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ လက်နက်နည်းပညာစနစ်ကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပြီးနောက်၊ အမေရိကန်ထက် အဆင့်ပိုမြင့်တဲ့ EPM စနစ်ကို တီထွင်ထုတ်လုပ်နိုင်ခဲ့တာလို့လည်း EMP Task Force on Homeland and National Security က ဆိုပါတယ်။

EPM စနစ်ဟာ Low-yield Nuclear ကို အသုံး ပြုထားတာ ဖြစ်ပြီး၊ လေထုအတွင်းမှာ အချိန်ကိုက်ပစ်လွှတ်ကာ၊ ထိုမှတစ်ဆင့် ဖျက်အားပြင်းစွမ်းအင်လှိုင်းတွေကို ဖန်တီးတာ ဖြစ်ပါတယ်။ ယင်းနောက် လျှပ်စစ်ဆိုင်ရာ Equipment တွေကို ဖျက်ဆီးပြီးနောက် မဟာဓာတ်အားစနစ်တွေကိုပါ ဖြိုခွဲပစ်မှာပါ။ ယင်းကဲ့သို့ အခြေအနေမှာပဲ ဆိုက်ဘာတိုက်ခိုက်မှုကို ဆက်ပြီးပြုလုပ်သွားဖို့ ရှိပြီး-

ယင်းကဲ့သို့ လျှပ်စစ်ကင်းမဲ့သွားတဲ့နိုင်ငံမျိုးမှာ အဓိကရုဏ်းနဲ့ အငတ်ဘေးတွေကို တရုတ်ဘက်က အကွက်ကျကျ ဖန်တီးသွားလို့ရတဲ့ အနေအထားပါတဲ့။ ဒီလို တိုက်ခိုက်မှုမျိုးဟာ ရုပ်ရှင်ဗွီဒီယိုတွေထဲလောက်မှာသာ ဖြစ်နိုင်ဖွယ်ရာရှိတယ်လို့ ထင်မြင်ရပေမယ့်၊ တကယ်လက်တွေ့အပိုင်းမှာလည်း ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ EPM စနစ်ဟာ အနုနည်းနဲ့ တိုက်ခိုက်ဖို့ ရည်ရွယ်တဲ့စနစ်ပါ။

စီးပွားရေး လူမျိုးရေးကို နိမ့်ပါးသွားအောင် ပြုလုပ်တဲ့စနစ်ဖြစ်ပြီး၊ ကန်အနေနဲ့ တရုတ်က ဒီစနစ်ကို အသုံးပြုမယ်ဆိုပါက လူဦးရေ (၇၀)ရာခိုင်နှုန်းကနေ (၉၀)ရာခိုင်နှုန်းအထိ ပျက်စီးစေပါလိမ့်မယ်။ ပြောရရင် ကန်လူမျိုး (၂၉၅)သန်းဟာ အဓိကရုဏ်းနဲ့အငတ်ဘေးတွေကြောင့် အချိန်တိုအတွင်းမှာ ပြိုလဲ သွားနိုင်ကြောင်း EMP Task Force on Homeland and National Security က သတိပေးခဲ့ပါတယ်။

ခရစ်ဒက် လင်းသုတ

Add a Comment

Your email address will not be published. Required fields are marked *