ေတာင္ ကိုရီးယား တြင္ လူမ သိ သူမ သိ ဗိုင္းရပ္စ္ မ်ား လွ်ိဳ႕ဝွက္စြာ ျပန႔္ေနမႈ မွ ေတြ႕ရွိ ရတဲ့ တုန္လႈပ္ဖြယ္ လူနာအေရအတြက္

ေတာင္ ကိုရီးယားႏိုင္ငံ ဟာ ကမာၻ႔ အလယ္ မွာ ခ်ီးက်ဳးစရာ ေကာင္းေလာက္ေအာင္ ကိုဗစ္ ေရာဂါ ကို ထိန္းခ်ဳပ္ ႏိုင္ ခဲ့တယ္ ။ ေတာင္ကိုရီးယား ကို ဗိုင္းရပ္စ္ စဝင္ၿပီး ဒီေန႔အထိ (၅) လ အတြင္း ဗိုင္းရပ္စ္ရွိတယ္ လို႔ တရားဝင္ အတည္ျပဳထား တဲ့ လူနာ စုစုေပါင္း ( ၁၂,၇၅၇ ) ေယာက္ ရွိတယ္ ။ ဒါေပမဲ့ မေန႔က ဇြန္ ( ၂၉ ) ရက္ ည ( ၈ ) နာရီ သတင္း ကေတာ့ တုန္လႈပ္ဖြယ္ျဖစ္ ပါ တယ္ ။ လူမသိ သူမသိ ကို႐ိုနာ ကူးစက္ခံရၿပီးတဲ့ လူမသိသူမသိ ျပန္ေကာင္းသြား တဲ့ သူေတြက ၄ ဆရွိေနတယ္ ဆိုတာပဲ ။ ဆိုေတာ့ အားလုံး (၅) ေသာင္းေက်ာ္ေပါ့..။

က်န္း မာေရးဌာန က ျပည္သူ ၁၅၀၀ ကို စစ္တမ္း ေကာက္ယူၿပီး antibody-based test နဲ႔ စမ္းၾကည့္လို႔ရတဲ့ အေျဖျဖစ္တယ္။ လူ ၁၅၀၀ မွာ ၀.၁% က ဗိုင္းရပ္စ္ရၿပီးသားသူေတြျဖစ္ေနတာ အံ့ဩစြာ သိလိုက္ရ..။ ေတာင္ကိုရီးယားက လူဦးေရသန္း ၅၀ နဲ႔ တြက္ရင္ လူ ၅ ေသာင္းေက်ာ္ ဗိုင္းရပ္စ္ရခဲ့ၿပီ။ (မိမိ ခႏၶာကိုယ္ထဲကို ကို႐ိုနာဗိုင္းရပ္စ္ ဝင္ခဲ့ဖူးေလသလားသိခ်င္ရင္ antibody-based test လုပ္ရ ပါတယ္)

ေတာင္ကိုရီးယားရဲ႕ အမွန္တကယ္လူနာ အေရအတြက္ေတြဟာ စာရင္းအင္းထက္ ၄ ဆနီးပါး ပိုျမင့္ေနတယ္ ဆိုေတာ့..၊ လူမသိသူမသိ ဗိုင္းရပ္စ္ရသူ ၄၀,၀၀၀ ေက်ာ္ဆီက ဗိုင္းရပ္စ္ေတြ လွ်ိဳ႕ဝွက္စြာျပန႔္ေနတာခဲ့ေပါ့။ ကမာၻ႔အလယ္မွာ ခ်ီးက်ဳးစရာေကာင္းပါတယ္ဆိုတဲ့ ေတာင္ကိုရီးယားမွာ ေရာဂါမသိလိုက္ရတဲ့လူနာေတြ ၄ ဆရွိေနတယ္ဆိုရင္…။ ဒီေန႔ အထိ ကမာၻတစ္ဝန္း မွာ (၁၀) သန္းေက်ာ္တဲ့..။ အတည္မျပဳႏိုင္တဲ့၊ စာရင္းအင္းမရွိတဲ့လူနာေတြ အနည္းဆုံး သန္း ၄၀ ေက်ာ္ရွိေနၿပီလားဆိုတာ စဥ္းစားစရာပါ..။

ဒါေတာင္ ေတာင္ကိုရီးယားက အျခားႏိုင္ငံေတြ နဲ႔ႏႈိင္းယွဥ္ရင္ အမ်ားႀကီးေတာ္ေသးတယ္။ အေမရိကန္ မွာ ၁၄% (၁၀၀ မွာ ၁၄ ေယာက္)၊ ဆြီဒင္ ၆.၁% (၁၀၀ မွာ ၆ ေယာက္)၊ ျပင္သစ္ ၄.၄% (၁၀၀ မွာ ၄ ေယာက္) ေဆးပညာ ဂ်ာနယ္လစ္ Cho Dong-chan ကေျပာတယ္ ။ “ ဗိုင္းရပ္စ္ဝင္ၿပီး သားသူေတြက ပဋိပစၥည္းေတြရွိေနတာမို႔ အဲဒီလူေတြ ေရာဂါထပ္ မရေတာ့ဘူးလို႔ ေတြးလို႔မရပါဘူး။ ဗိုင္းရပ္စ္ထပ္ရတဲ့ လူနာေတြ အမ်ားႀကီး”

အေမရိကန္မွာ တစ္ေန႔ တစ္ေန႔ ၄ ေသာင္းေက်ာ္ေနတာ ၃ ရက္ဆက္တိုက္ရွိၿပီ။ အိႏၵိယလည္း မလြယ္လွပါ ။ ဒီေန႔အထိ ဗိုင္းရပ္စ္ ကူးစက္ခံရသူ စုစုေပါင္း ၅၆၂ ၄၅၇ ေယာက္ ။ ေတာင္ကိုရီးယားကေတာ့ တစ္ေန႔ ၅၀ ဝန္းက်င္ ။ သတိထားရမယ့္ အေျခအေနျဖစ္ ပါတယ္ ။ ဘာေတြထပ္ ျဖစ္လာဦးမလဲ ဘယ္သူမွ မသိႏိုင္ပါ။

ေမ႐ႊမိုး (ကိုရီးယား)

June 30th, 2020.

တောင် ကိုရီးယား တွင် လူမ သိ သူမ သိ ဗိုင်းရပ်စ် များ လျှို့ဝှက်စွာ ပြန့်နေမှု မှ တွေ့ရှိ ရတဲ့ တုန်လှုပ်ဖွယ် လူနာအရေအတွက်

တောင် ကိုရီးယားနိုင်ငံ ဟာ ကမ္ဘာ့ အလယ် မှာ ချီးကျုးစရာ ကောင်းလောက်အောင် ကိုဗစ် ရောဂါ ကို ထိန်းချုပ် နိုင် ခဲ့တယ် ။ တောင်ကိုရီးယား ကို ဗိုင်းရပ်စ် စဝင်ပြီး ဒီနေ့အထိ (၅) လ အတွင်း ဗိုင်းရပ်စ်ရှိတယ် လို့ တရားဝင် အတည်ပြုထား တဲ့ လူနာ စုစုပေါင်း ( ၁၂,၇၅၇ ) ယောက် ရှိတယ် ။ ဒါပေမဲ့ မနေ့က ဇွန် ( ၂၉ ) ရက် ည ( ၈ ) နာရီ သတင်း ကတော့ တုန်လှုပ်ဖွယ်ဖြစ် ပါ တယ် ။ လူမသိ သူမသိ ကိုရိုနာ ကူးစက်ခံရပြီးတဲ့ လူမသိသူမသိ ပြန်ကောင်းသွား တဲ့ သူတွေက ၄ ဆရှိနေတယ် ဆိုတာပဲ ။ ဆိုတော့ အားလုံး (၅) သောင်းကျော်ပေါ့..။

ကျန်း မာရေးဌာန က ပြည်သူ ၁၅၀၀ ကို စစ်တမ်း ကောက်ယူပြီး antibody-based test နဲ့ စမ်းကြည့်လို့ရတဲ့ အဖြေဖြစ်တယ်။ လူ ၁၅၀၀ မှာ ၀.၁% က ဗိုင်းရပ်စ်ရပြီးသားသူတွေဖြစ်နေတာ အံ့ဩစွာ သိလိုက်ရ..။ တောင်ကိုရီးယားက လူဦးရေသန်း ၅၀ နဲ့ တွက်ရင် လူ ၅ သောင်းကျော် ဗိုင်းရပ်စ်ရခဲ့ပြီ။ (မိမိ ခန္ဓာကိုယ်ထဲကို ကိုရိုနာဗိုင်းရပ်စ် ဝင်ခဲ့ဖူးလေသလားသိချင်ရင် antibody-based test လုပ်ရ ပါတယ်)

တောင်ကိုရီးယားရဲ့ အမှန်တကယ်လူနာ အရေအတွက်တွေဟာ စာရင်းအင်းထက် ၄ ဆနီးပါး ပိုမြင့်နေတယ် ဆိုတော့..၊ လူမသိသူမသိ ဗိုင်းရပ်စ်ရသူ ၄၀,၀၀၀ ကျော်ဆီက ဗိုင်းရပ်စ်တွေ လျှို့ဝှက်စွာပြန့်နေတာခဲ့ပေါ့။ ကမ္ဘာ့အလယ်မှာ ချီးကျုးစရာကောင်းပါတယ်ဆိုတဲ့ တောင်ကိုရီးယားမှာ ရောဂါမသိလိုက်ရတဲ့လူနာတွေ ၄ ဆရှိနေတယ်ဆိုရင်…။ ဒီနေ့ အထိ ကမ္ဘာတစ်ဝန်း မှာ (၁၀) သန်းကျော်တဲ့..။ အတည်မပြုနိုင်တဲ့၊ စာရင်းအင်းမရှိတဲ့လူနာတွေ အနည်းဆုံး သန်း ၄၀ ကျော်ရှိနေပြီလားဆိုတာ စဉ်းစားစရာပါ..။

ဒါတောင် တောင်ကိုရီးယားက အခြားနိုင်ငံတွေ နဲ့နှိုင်းယှဉ်ရင် အများကြီးတော်သေးတယ်။ အမေရိကန် မှာ ၁၄% (၁၀၀ မှာ ၁၄ ယောက်)၊ ဆွီဒင် ၆.၁% (၁၀၀ မှာ ၆ ယောက်)၊ ပြင်သစ် ၄.၄% (၁၀၀ မှာ ၄ ယောက်) ဆေးပညာ ဂျာနယ်လစ် Cho Dong-chan ကပြောတယ် ။ “ ဗိုင်းရပ်စ်ဝင်ပြီး သားသူတွေက ပဋိပစ္စည်းတွေရှိနေတာမို့ အဲဒီလူတွေ ရောဂါထပ် မရတော့ဘူးလို့ တွေးလို့မရပါဘူး။ ဗိုင်းရပ်စ်ထပ်ရတဲ့ လူနာတွေ အများကြီး”

အမေရိကန်မှာ တစ်နေ့ တစ်နေ့ ၄ သောင်းကျော်နေတာ ၃ ရက်ဆက်တိုက်ရှိပြီ။ အိန္ဒိယလည်း မလွယ်လှပါ ။ ဒီနေ့အထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၅၆၂ ၄၅၇ ယောက် ။ တောင်ကိုရီးယားကတော့ တစ်နေ့ ၅၀ ဝန်းကျင် ။ သတိထားရမယ့် အခြေအနေဖြစ် ပါတယ် ။ ဘာတွေထပ် ဖြစ်လာဦးမလဲ ဘယ်သူမှ မသိနိုင်ပါ။

မေရွှမိုး (ကိုရီးယား)

June 30th, 2020.

Add a Comment

Your email address will not be published. Required fields are marked *