အိႏၵိယ ကေတာ့ၾကမ္းၿပီ မႏုႆ မုဆိုး ကြန္မန္ဒို တပ္ ဖြဲ႕ဝင္ေတြ ကို တ႐ုတ္နယ္စပ္ သို႔ ေစလႊတ္ၿပီ…

တ ႐ုတ္-အိႏၵိယ စစ္သည္ ေတြ ႏွစ္ဖက္ လက္သီးစစ္ပြဲ ျဖစ္ခဲ့တဲ့ နယ္စပ္ကို တ႐ုတ္ႏိုင္ငံကေန သိုင္းဆရာေတြေစလႊတ္ခဲ့တယ္။ အဲ့ဒီေနာက္မွာေတာ့ အိႏၵိယကလည္း ဂါတက္ခ္ (Ghatak) လို႔ေခၚတဲ့ အိႏၵိယ ကြန္မန္ဒို အထူးတပ္ဖြဲ႕ေတြကို နယ္စပ္ကိုျပန္လည္ေစလႊတ္ ခဲ့တယ္လို႔ သိရပါတယ္။

ကြန္မန္ဒို အထူးတပ္ဖြဲ႕ကို နယ္စပ္ကို ေစလႊတ္ရတဲ့ အဓိကရည္႐ြယ္ခ်က္က နယ္စပ္မွာရွိေနတဲ့ စစ္သည္ေတြရဲ႕ တိုက္ခိုက္ေရးစြမ္းရည္ကို ျမႇင့္တင္ဖို႔အတြက္ျဖစ္ပါတယ္။ ဂါတက္ခ္ ကြန္မန္ဒိုေတြဟာ ဂ်မူး၊ ကက္ရွ္မီးယား နဲ႔ ျမန္မာ-အိႏၵိယ နယ္စပ္က ကသည္းသူပုန္ေတြကို ႏွိမ္နင္းတဲ့အေရးအခင္းေတြမွာ ပါဝင္ပတ္သက္ခဲ့ ဖူးၿပီး အိႏၵိယတပ္မေတာ္မွာ ဂါတက္ခ္ ကြန္မန္ဒိုတပ္ဖြဲ႕ ဆိုၿပီး သက္သက္ဖြဲ႕စည္းထားတာရွိပါတယ္။

ဂါတက္ခ္ ကြန္မန္ဒိုေတြဟာ ကိုယ္ခံပညာနဲ႔ လက္နက္မဲ့ တိုက္ခိုက္နည္း မ်ိဳးစုံကို ကြၽမ္းက်င္စြာ တတ္ေျမာက္ၿပီး လက္နက္အမ်ိဳးအစား မ်ားစြာကိုလည္း ကိုင္တြယ္ပစ္ခတ္ႏိုင္တဲ့ အထူး တပ္ဖြဲ႕ဝင္မ်ား ျဖစ္ပါတယ္။ ဂါတက္ခ္ စကားလုံးက ဟင္ဒီဘာသာစကားျဖစ္ၿပီး လူသတ္သမား (သို႔) ေသေစႏိုင္တဲ့အရာမ်ားလို႔ အဓိပၸာယ္ ရပါတယ္။

ဂါတက္ခ္ တစ္ဦးျဖစ္လာဖို႔ အတြက္ ၄၃ ရက္ၾကာျမင့္တဲ့ သင္တန္း တစ္ခုတက္ရၿပီး ကိုယ္ခံပညာ၊ နပန္း စတဲ့ပညာရပ္ေတြအျပင္ ခက္ခဲတဲ့ေလ့က်င့္မႈေတြကိုပါျပဳလုပ္ရပါတယ္။ ၄၀ ကီလိုမီတာ ခရီးကို ၃၅ ကီလိုဂရမ္အေလးခ်ိန္ထမ္းၿပီးေျပးရတာ၊ ေရခဲလိုေအးစက္ေနတဲ့ ေရထဲမွာ နာရီဝက္-တစ္နာရီၾကာေအာင္စိမ္ရတာ စတဲ့ျပင္းထန္တဲ့ ေလ့က်င့္ခန္းေတြကိုတက္ေရာက္ရပါတယ္။

အိႏၵိယတပ္မေတာ္မွာ ဂါတက္ခ္ ေတြ ကို လူ(၂၀)ဦးပါ တပ္ခြဲေတြအျဖစ္ဖြဲ႕ထားၿပီး ၄၀ မမဗုံးသီးကိုင္စစ္သည္၊ အေပါ့စားစက္ေသနတ္(စက္ကေလး)ကိုင္စစ္သည္၊ ႐ိုင္ဖယ္ကိုင္စစ္သည္ေတြ ၊ ဆက္သြယ္ေရး စစ္သည္ေတြနဲ႔ဖြဲ႕စည္းထားပါတယ္။

ထို႔ျပင္ ဂါတက္ခ္ ေတြဟာ သမား႐ိုးက် တပ္ဖြဲ႕ဝင္ေတြလို စစ္ဆင္ေရး မလုပ္ဘဲ ရန္သူကို ကင္းေထာက္ျခင္း၊ ရန္သူ႔ ေခါင္းေဆာင္ တဦး ထဲကို သုတ္သင္ ရွင္းလင္းျခင္း၊ ရန္သူ႔ တည္ေနရာကို ရွာေဖြ ဖ်က္ဆီးျခင္း၊ ေဖာက္ခြဲ ဖ်က္ဆီးျခင္းႏွင့္ ၾကားျဖတ္တိုက္ခိုက္ေရးစတဲ့ စစ္ဆင္ေရးေတြကို ထမ္းေဆာင္ႏိုင္ ပါတယ္။ ရန္သူ ရဲ႕ ေနာက္တန္းကို ထိုးေဖာက္ ဝင္ေရာက္ၿပီး အဓိက ပစ္မွတ္ကို ရွင္းလင္း သုတ္သင္ရဲတဲ့ စစ္ဆင္ေရး ေတြကို အမ်ားဆုံး တာဝန္ ထမ္းေဆာင္ ခဲ့ၾကပါတယ္။

ဂါတက္ခ္ (Ghatak Platoons) ေတြကို ဦးေဆာင္သူ ကေတာ့ ကပၸတိန္ ခ်န္ဒါေခ်ာင္ဒရီ ျဖစ္ၿပီး ဂ်မူး နဲ႔ ကက္ရွ္မီးယား ခြဲထြက္ေရးသူပုန္ေတြကို ရွာေဖြႏွိမ္ႏွင္းတဲ့ စစ္ဆင္ေရးေတြမွာ ဦးေဆာင္ခဲ့သူျဖစ္ပါတယ္။

အိန္ဒိယ ကတော့ကြမ်းပြီ မနုဿ မုဆိုး ကွန်မန်ဒို တပ် ဖွဲ့ဝင်တွေ ကို တရုတ်နယ်စပ် သို့ စေလွှတ်ပြီ…

တ ရုတ်-အိန္ဒိယ စစ်သည် တွေ နှစ်ဖက် လက်သီးစစ်ပွဲ ဖြစ်ခဲ့တဲ့ နယ်စပ်ကို တရုတ်နိုင်ငံကနေ သိုင်းဆရာတွေစေလွှတ်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ အိန္ဒိယကလည်း ဂါတက်ခ် (Ghatak) လို့ခေါ်တဲ့ အိန္ဒိယ ကွန်မန်ဒို အထူးတပ်ဖွဲ့တွေကို နယ်စပ်ကိုပြန်လည်စေလွှတ် ခဲ့တယ်လို့ သိရပါတယ်။

ကွန်မန်ဒို အထူးတပ်ဖွဲ့ကို နယ်စပ်ကို စေလွှတ်ရတဲ့ အဓိကရည်ရွယ်ချက်က နယ်စပ်မှာရှိနေတဲ့ စစ်သည်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ဖို့အတွက်ဖြစ်ပါတယ်။ ဂါတက်ခ် ကွန်မန်ဒိုတွေဟာ ဂျမူး၊ ကက်ရှ်မီးယား နဲ့ မြန်မာ-အိန္ဒိယ နယ်စပ်က ကသည်းသူပုန်တွေကို နှိမ်နင်းတဲ့အရေးအခင်းတွေမှာ ပါဝင်ပတ်သက်ခဲ့ ဖူးပြီး အိန္ဒိယတပ်မတော်မှာ ဂါတက်ခ် ကွန်မန်ဒိုတပ်ဖွဲ့ ဆိုပြီး သက်သက်ဖွဲ့စည်းထားတာရှိပါတယ်။

ဂါတက်ခ် ကွန်မန်ဒိုတွေဟာ ကိုယ်ခံပညာနဲ့ လက်နက်မဲ့ တိုက်ခိုက်နည်း မျိုးစုံကို ကျွမ်းကျင်စွာ တတ်မြောက်ပြီး လက်နက်အမျိုးအစား များစွာကိုလည်း ကိုင်တွယ်ပစ်ခတ်နိုင်တဲ့ အထူး တပ်ဖွဲ့ဝင်များ ဖြစ်ပါတယ်။ ဂါတက်ခ် စကားလုံးက ဟင်ဒီဘာသာစကားဖြစ်ပြီး လူသတ်သမား (သို့) သေစေနိုင်တဲ့အရာများလို့ အဓိပ္ပာယ် ရပါတယ်။

ဂါတက်ခ် တစ်ဦးဖြစ်လာဖို့ အတွက် ၄၃ ရက်ကြာမြင့်တဲ့ သင်တန်း တစ်ခုတက်ရပြီး ကိုယ်ခံပညာ၊ နပန်း စတဲ့ပညာရပ်တွေအပြင် ခက်ခဲတဲ့လေ့ကျင့်မှုတွေကိုပါပြုလုပ်ရပါတယ်။ ၄၀ ကီလိုမီတာ ခရီးကို ၃၅ ကီလိုဂရမ်အလေးချိန်ထမ်းပြီးပြေးရတာ၊ ရေခဲလိုအေးစက်နေတဲ့ ရေထဲမှာ နာရီဝက်-တစ်နာရီကြာအောင်စိမ်ရတာ စတဲ့ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကိုတက်ရောက်ရပါတယ်။

အိန္ဒိယတပ်မတော်မှာ ဂါတက်ခ် တွေ ကို လူ(၂၀)ဦးပါ တပ်ခွဲတွေအဖြစ်ဖွဲ့ထားပြီး ၄၀ မမဗုံးသီးကိုင်စစ်သည်၊ အပေါ့စားစက်သေနတ်(စက်ကလေး)ကိုင်စစ်သည်၊ ရိုင်ဖယ်ကိုင်စစ်သည်တွေ ၊ ဆက်သွယ်ရေး စစ်သည်တွေနဲ့ဖွဲ့စည်းထားပါတယ်။

ထို့ပြင် ဂါတက်ခ် တွေဟာ သမားရိုးကျ တပ်ဖွဲ့ဝင်တွေလို စစ်ဆင်ရေး မလုပ်ဘဲ ရန်သူကို ကင်းထောက်ခြင်း၊ ရန်သူ့ ခေါင်းဆောင် တဦး ထဲကို သုတ်သင် ရှင်းလင်းခြင်း၊ ရန်သူ့ တည်နေရာကို ရှာဖွေ ဖျက်ဆီးခြင်း၊ ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် ကြားဖြတ်တိုက်ခိုက်ရေးစတဲ့ စစ်ဆင်ရေးတွေကို ထမ်းဆောင်နိုင် ပါတယ်။ ရန်သူ ရဲ့ နောက်တန်းကို ထိုးဖောက် ဝင်ရောက်ပြီး အဓိက ပစ်မှတ်ကို ရှင်းလင်း သုတ်သင်ရဲတဲ့ စစ်ဆင်ရေး တွေကို အများဆုံး တာဝန် ထမ်းဆောင် ခဲ့ကြပါတယ်။

ဂါတက်ခ် (Ghatak Platoons) တွေကို ဦးဆောင်သူ ကတော့ ကပ္ပတိန် ချန်ဒါချောင်ဒရီ ဖြစ်ပြီး ဂျမူး နဲ့ ကက်ရှ်မီးယား ခွဲထွက်ရေးသူပုန်တွေကို ရှာဖွေနှိမ်နှင်းတဲ့ စစ်ဆင်ရေးတွေမှာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *