လုပ္သက္ ရင့္ ဝန္ထမ္းမ်ာ အား ကားပါမစ္ေပး မည့္ ကိစၥ ဆက္လက္အေကာ င္အထည္ေဖာ္မည္

လုပ္သက္ရင့္ ဝန္ထမ္းမ်ာအား ကားပါမစ္ေပးမည့္ကိစၥ ဆက္လက္အေကာင္အထည္ေဖာ္ရန္ ရွိေၾကာင္း

ကုန္သြယ္ေရးဦးစီးဌာန ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းမင္းက ေျပာၾကားသည္။

ဇြန္ ၂၄ ရက္က ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ နိုင္ငံေတာ္အစိုးရ၏ စတုတၱတစ္ႏွစ္တာ ကာလအတြင္း ေဆာင္ရြက္ခဲ့မႈ

လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္သည့္ သတင္းစာ ရွင္းလင္းပြဲတြင္ မီဒီယာမ်ား၏ ေမးျမန္းမႈအား ဦးမင္းမင္းက ျပန္လည္ေျဖၾကားရာတြင္ ထည့္သြင္းေျပာၾကား ခဲ့ျခင္းျဖစ္သည္။

“ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အဖြဲ႕အစည္းႀကီးႀကီးတစ္ခုက ျပင္းျပင္းထန္ထန္ ကန႔္ကြက္ပါတယ္။ ဒီကန႔္ကြက္ခ်က္ကို နိုင္ငံေတာ္သမၼတ႐ုံးကို တင္ျပၿပီးေတာ့မွ

ေရွ႕ေနခ်ဳပ္႐ုံးရဲ့ Legal Opinion နဲ႔အေၾကာင္းျပန္ၾကားထားၿပီး ျဖစ္ပါတယ္။ ဒီပေရာဂ်က္ ၿပီးဆုံးသြားၿပီလို႔ ေျပာလို႔မရေသးပါဘူး။

ဒါကိုဆက္ၿပီးေတာ့ အေကာင္အထည္ေဖာ္ဖို႔ ရွိတယ္လို႔ ေျပာခ်င္ပါတယ္။ ေပးမယ့္ပေရာဂ်က္က မပ်က္ေသးပါဘူး” ဟု ဦးမင္းမင္းက ေျပာၾကားသည္။

ျပည္သူ႔ဝန္ထမ္းမ်ားႏွင့္ နိုင္ငံ့ဝန္ထမ္းမ်ားကို ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ျပဳမည္ျဖစ္ၿပီး ပထမအဆင့္ အေနျဖင့္ ညႊန္ခ်ဳပ္ႏွင့္အထက္၊ ဒုတိယအဆင့္ အေနျဖင့္ ဒုညႊန္ခ်ဳပ္ႏွင့္

လုပ္သက္ ၂၅ ႏွစ္ျပည့္ၿပီး နိုင္ငံ့ဝန္ထမ္းေကာင္း တံဆိပ္ ရရွိသူမ်ားအား ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက

ဇန္နဝါရီလဆန္းပိုင္းတြင္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။

ဝန္ထမ္းမ်ားကိုေပးမည့္ ကားပါမစ္ကိစၥအား ဆိုင္းငံ့ထားေသာ္လည္း မည္မၽွေပးရမည္ဆိုသည့္ စာရင္းကို ေကာက္ယူေနၿပီး နိုင္ငံေတာ္သမၼတ႐ုံးက ညႊန္ၾကားလာပါက

ခ်က္ခ်င္းေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီ ၁၄ ရက္က ျပဳလုပ္သည့္

ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးၿပီးေနာက္ မီဒီယာမ်ား၏ ေမးျမန္းမႈကို ျပန္လည္ေျဖၾကားရာတြင္ ေျပာၾကားထားသည္။

အျခားနိုင္ငံမ်ားတြင္ အလုပ္ရၿပီ ဆိုပါက အိမ္၊ ကား၊ တီဗြီႏွင့္ ေရခဲေသတၱာ စသည္မ်ားကို အရစ္က် ဝယ္ယူနိုင္ျခင္းေၾကာင့္ ယင္းစနစ္ကို ေဖာ္ေဆာင္ခ်င္သည့္အတြက္

ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း ဒုတိယဝန္ႀကီးက ေျပာၾကားထားသည္။

လုပ္သက္ ၂၅ ႏွစ္ျပည့္ၿပီးသည့္ ဝန္ထမ္းကို စေပးရန္ စဥ္းစားထားၿပီး ဝန္ထမ္းမ်ား အခြန္အခသက္သာေစရန္ အတြက္ အင္ဂ်င္ပါ၀ါ ၁၅၀၀ စီစီအထိသာ

ခြင့္ျပဳရန္ စဥ္းစားထားေၾကာင္း ဒုတိယဝန္ႀကီးက ေျပာၾကားထားသည္။

ကညန ဥပေဒတြင္လည္း မွတ္ပုံတင္ေၾကးကို ကင္းလြတ္ခြင့္ျပဳမည္ဆိုပါက ကင္းလြတ္ခြင့္ျပဳ၍ရသည့္ နိုင္ငံေတာ္သမၼတ၏

လုပ္ပိုင္ခြင့္ရွိေၾကာင္း၊ အေကာက္အခြန္ ကင္းလြတ္ခြင့္ျပဳသင့္သူမ်ားကို နိုင္ငံေတာ္သမၼတက ကင္းလြတ္ခြင့္ျပဳနိုင္သည္ဟု ျပဌာန္းထားေၾကာင္း၊

ကားပါမစ္ေပးမည့္ ရည္ရြယ္ခ်က္သည္ တိုင္းျပည္အတြက္ အလုပ္လုပ္ခဲ့သည့္ ဝန္ထမ္းမ်ားအတြက္ ကားေထာက္ပံ့ေပးမႈ ေလ်ာ့ပါးရန္ ရည္ရြယ္ခ်က္မ်ားျဖင့္ ေဆာင္ရြက္ျခင္းျဖစ္ၿပီး

အထူးအခြင့္အေရး ေပးသည့္သေဘာ မဟုတ္ေၾကာင္း ဒုတိယဝန္ႀကီးက ေျပာၾကားထားသည္။

အထက္ပါ ကားပါမစ္ျဖင့္ တင္သြင္းရန္ သတ္မွတ္ထားသည့္ Model Year သည္ Use ကားဝယ္မည္ဆိုပါက လက္ရွိအခ်ိန္အတိုင္းဆိုလၽွင္ ၂၀၁၇ ခုႏွစ္မွ ၂၀၂၀ ခုႏွစ္အတြင္း

ဝယ္ယူရမည္ျဖစ္ၿပီး Brand New ကားမ်ားလည္း ဝယ္ယူနိုင္ေၾကာင္း စီးပြားကူးသန္း ဒုတိယဝန္ႀကီးက ေျပာၾကားထားသည္။

ယင္းကဲ့သို႔ ကားတင္သြင္းခြင့္ႏွင့္ ပတ္သက္ၿပီး ျပည္သူမ်ားက ၀ိုင္းဝန္းေဝဖန္ခဲ့ရာ နိုင္ငံေတာ္သမၼတ႐ုံးက ဆိုင္းငံ့ထားေၾကာင္း ဦးေဇာ္ေဌးက

၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီ ၂၁ ရက္တြင္ ေျပာၾကားထားသည္။

Eleven News

လုပ်သက် ရင့် ဝန်ထမ်းမျာ အား ကားပါမစ်ပေး မည့် ကိစ္စ ဆက်လက်အကော င်အထည်ဖော်မည်

လုပ်သက်ရင့် ဝန်ထမ်းမျာအား ကားပါမစ်ပေးမည့်ကိစ္စ ဆက်လက်အကောင်အထည်ဖော်ရန် ရှိကြောင်း

ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။

ဇွန် ၂၄ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ စတုတ္တတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှု

လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအား ဦးမင်းမင်းက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းကြီးကြီးတစ်ခုက ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒီကန့်ကွက်ချက်ကို နိုင်ငံတော်သမ္မတရုံးကို တင်ပြပြီးတော့မှ

ရှေ့နေချုပ်ရုံးရဲ့ Legal Opinion နဲ့အကြောင်းပြန်ကြားထားပြီး ဖြစ်ပါတယ်။ ဒီပရောဂျက် ပြီးဆုံးသွားပြီလို့ ပြောလို့မရသေးပါဘူး။

ဒါကိုဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ ရှိတယ်လို့ ပြောချင်ပါတယ်။ ပေးမယ့်ပရောဂျက်က မပျက်သေးပါဘူး” ဟု ဦးမင်းမင်းက ပြောကြားသည်။

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ် တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ပထမအဆင့် အနေဖြင့် ညွှန်ချုပ်နှင့်အထက်၊ ဒုတိယအဆင့် အနေဖြင့် ဒုညွှန်ချုပ်နှင့်

လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ် ရရှိသူများအား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက

ဇန်နဝါရီလဆန်းပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဝန်ထမ်းများကိုပေးမည့် ကားပါမစ်ကိစ္စအား ဆိုင်းငံ့ထားသော်လည်း မည်မျှပေးရမည်ဆိုသည့် စာရင်းကို ကောက်ယူနေပြီး နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားလာပါက

ချက်ချင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်သည့်

ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားထားသည်။

အခြားနိုင်ငံများတွင် အလုပ်ရပြီ ဆိုပါက အိမ်၊ ကား၊ တီဗွီနှင့် ရေခဲသေတ္တာ စသည်များကို အရစ်ကျ ဝယ်ယူနိုင်ခြင်းကြောင့် ယင်းစနစ်ကို ဖော်ဆောင်ချင်သည့်အတွက်

ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားထားသည်။

လုပ်သက် ၂၅ နှစ်ပြည့်ပြီးသည့် ဝန်ထမ်းကို စပေးရန် စဉ်းစားထားပြီး ဝန်ထမ်းများ အခွန်အခသက်သာစေရန် အတွက် အင်ဂျင်ပါ၀ါ ၁၅၀၀ စီစီအထိသာ

ခွင့်ပြုရန် စဉ်းစားထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားထားသည်။

ကညန ဥပဒေတွင်လည်း မှတ်ပုံတင်ကြေးကို ကင်းလွတ်ခွင့်ပြုမည်ဆိုပါက ကင်းလွတ်ခွင့်ပြု၍ရသည့် နိုင်ငံတော်သမ္မတ၏

လုပ်ပိုင်ခွင့်ရှိကြောင်း၊ အကောက်အခွန် ကင်းလွတ်ခွင့်ပြုသင့်သူများကို နိုင်ငံတော်သမ္မတက ကင်းလွတ်ခွင့်ပြုနိုင်သည်ဟု ပြဌာန်းထားကြောင်း၊

ကားပါမစ်ပေးမည့် ရည်ရွယ်ချက်သည် တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့သည့် ဝန်ထမ်းများအတွက် ကားထောက်ပံ့ပေးမှု လျော့ပါးရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး

အထူးအခွင့်အရေး ပေးသည့်သဘော မဟုတ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားထားသည်။

အထက်ပါ ကားပါမစ်ဖြင့် တင်သွင်းရန် သတ်မှတ်ထားသည့် Model Year သည် Use ကားဝယ်မည်ဆိုပါက လက်ရှိအချိန်အတိုင်းဆိုလျှင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း

ဝယ်ယူရမည်ဖြစ်ပြီး Brand New ကားများလည်း ဝယ်ယူနိုင်ကြောင်း စီးပွားကူးသန်း ဒုတိယဝန်ကြီးက ပြောကြားထားသည်။

ယင်းကဲ့သို့ ကားတင်သွင်းခွင့်နှင့် ပတ်သက်ပြီး ပြည်သူများက ၀ိုင်းဝန်းဝေဖန်ခဲ့ရာ နိုင်ငံတော်သမ္မတရုံးက ဆိုင်းငံ့ထားကြောင်း ဦးဇော်ဌေးက

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားထားသည်။

Eleven News

Add a Comment

Your email address will not be published. Required fields are marked *