






သတိမေ့နေ တဲ့ ၁၅ ရက်အ တွင်း ဘယ်ေ နရာတွေ ရောက်နေ လဲဆို တာ ပြန်လည်ပြောပြခဲ့တဲ့ ဦးမန်းဝင်း

ပရိ တ်သတ်ကြီးရေ ဟာသ သရုပ်ဆောင် လူရွှင်တော်ကြီး ဦးမန်းဝင်းကတော့ ဦးနှောက်ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ၁၅ ရက် ကြာ သတိလစ်မေ့မျောနေခဲ့တာ ဖြစ်ပါတယ်။ မိသားစုဝင်တွေရော ချစ်ခင်ရတဲ့ ပရိတ်သတ်တွေပါ စိုးရိမ်ပူပန်ခဲ့ကြပြီး အခုချိန်မှာတော့ သတိပြန်လည်ကောင်းမွန်လာပြီ ဖြစ်သလို ကျန်းမာရေးလည်း စိုးရိမ်ရတဲ့ အခြေအနေကို ကျော်ဖြတ်နိုင်ခဲ့ပါပြီနော်။

သတိမေ့မျောနေတဲ့ ၁၅ ရက်မှာ ဘယ်နေရာတွေကို ရောက်နေလဲဆိုတာကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ “အဖေ ဦးမန်းဝင်း သတိမေ့နေတဲ့ ၁၅ ရက်မှာ ဘယ်တွေသွား ဘာတွေလုပ်လဲ သိချင်လို့ ဖြည်းဖြည်းချင်း မေးထားတာပါ။

သမီးဖြစ်သူနဲ့ အမေးအဖြေလုပ်ထားတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ” ဖေကြီး ဟိုရက်က ဘယ်တွေရောက်နေတာလဲ ” ” ပြောမယ် ” ” ဖေကြီး ဒီလောက်အကြာကြီး ဘယ်တွေသွားနေတာလဲ ” ” ရွာရောက်နေတာ “( အဖေ့ဇာတိ ကမာကယာကျေးရွာပါ )

” အဖေ့ကို ဘယ်သူခေါ်သွားတာလဲ ” ” ဘယ်သူမှမခေါ်ဘူး သူ့ဘာသာရောက်နေတာ ” ” ရွာမှာဘယ်သူနဲ့တွေ့ခဲ့သေးလဲ ” ” အမေနဲ့ ” ( အဖေ့ရဲ့အမေ အဖွားနဲ့ပါ ) ” အဖွားက ဘယ်မှာနေလဲအဖေ ” ” သူ့အိမ်လေးမှာနေတယ် ” ” အဖွားက စကားပြောလား ” ” မပြောဘူး “

” အဖေ့ကိုရော မြင်လား ” ” မြင်တယ် မပြောတာ ” ” အဖွားက ရွာမှာဘာလုပ်နေတာလဲ ” ” ဥပုသ်စောင့်နေတယ် ” ” တခြားသူငယ်ချင်းတွေရော တွေ့ခဲ့သေးလား ” ” မတွေ့ပါဘူး ” ” တောကုလားကြီးရော တွေ့လား “( အဖေ့အစ်ကိုကြီးပါ ) ” မတွေ့မိဘူး ” ” အဖေ့ကို ဘယ်သူလိုက်ပို့တာလဲ ” ” အဖေ့ဘာသာ ပြန်လာတာ “လေသံထွက်ပြီး အားလုံးနီးပါး မှတ်မိပါတယ် အဖေဦးမန်းဝင်းကို ချစ်ကြသူအားလုံး အယောက်စီတိုင်း ကျန်းမာကြပါစေ။”ဆိုပြီး ဦးမန်းဝင်းရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေ လောကကြီးမှာ ကိုယ်မသိမြင်နိုင်တဲ့ တခြားတစ်ဖက် ရှိနေတယ်ဆိုတာကို ယုံကြည်ကြလားဆိုတာ ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Add a Comment

Your email address will not be published. Required fields are marked *